Sunday, April 21, 2013

Portable Windows 8 အတွက် တစ်ဆင့်ခြင်းပြုလုပ်နည်း

ပေးဖို့က Upload Speed နဲ့ကအဆင်မပြေပါ.. မြန်မာလိုတစ်ဆင့်ချင်းရေးသွားပါမယ်..

USB က windows တင်မယ်ဆိုတော့ Capacity များလေကောင်းလေပေါ့နော်.. External Hardisk ဆိုရင်တော့ပိုအဆင်ပြေတာပေါ့..

Windows 8 Enterprise ခွေတစ်ခွေလိုအပ်ပါတယ်.. နောက်ပြီးတော့ လုပ်မယ့် ကွန်ပျူတာကလည်း Windows 8 Enterprise တင်ထားရပါမယ်..

ဘာလို့လည်းဆိုတော့ Windows to Go က Enterprise Edition မှာကျမှ ပါလာတာကိုး.. စလိုက်ကြရအောင်နော်..

Windows 8 Enterprise ခွေကို ထည့်လိုက်ပါ.. မိမိအသုံးပြုမယ့် USB ကို တပ်လိုက်ပါ..

ပြီးရင် Search Box မှာ Windows to Go လို့ရိုက်လိုက်ပါ.. အောက်ကပုံလေးအတိုင်းမြင်ရပါလိမ့်မယ်.



ပြီးရင် Windows to Go ကို ရွေးလိုက်ပါ...



ပြီးရင်အောက်ကပုံလေးပေါ်လာပါလိမ့်မယ်..အမဲရောင်ခြယ်ထားတဲ့နေရာမှာပေါ်လာမယ့် အသုံးပြုမည့် USB ( သို့ ) External Hardisk ကိုရွေးပေးလိုက်ပါ..

ပြီးရင် next ပေါ့.



ဒါဆိုရင် ထည့်ထားတဲ့ Windows ခွေထဲက install.wim ဖိုင်ကိုရွေးချယ်ပေးပါလိမ့်မယ်.. ပြီးရင် next..



အခု အသုံးပြုထားတဲ့ USB Stick ကို Bitlocker နဲ့ Encrypt လုပ်မှာလားလို့မေးပါလိမ့်မယ်.. လုပ်ချင်ရင်လည်းလုပ်.. ကျော်ချင်ရင်တော့ skip ပေးလိုက်ပါ.



အခုဆိုရင် စပြီး USB ထဲကို install လုပ်ပါတော့မယ်. USB ကို Format ချမယ်.. Backup လုပ်ထားဖို့ ပြောပါလိမ့်မယ်.. ပြီးပြီဆိုရင် Create...



အခု အောက်ကပုံလေးပေါ်လာပြီးတော့ USB ထဲကို Windows စတင်နေပြီဖြစ်ပါတယ်.. Please Wait ပါတဲ့ခင်ဗျာ.. 



ပြီးသွားရင်တော့ အောက်က Box ကလေးပေါ်လာပါလိမ့်မယ်.. Yes ဆိုရင် Restart ကျပြီး USB ကနေ Boot တက်လာပါလိမ့်မယ်. မလုပ်ချင်သေးဘူးဆိုရင်

တော့ No ပေါ့.. ပြီးရင် Save & Restart ဒါမှမဟုတ် Save & Close ကြိုက်ရာရွေးပါ..



အခုဆိုရင် USB ထဲမှာ Windows တစ်ခုကို Install လုပ်ပြီးသွားပြီဖြစ်ပါတယ်.. အဆင်ပြေကြပါစေ..  :51 :51 :51


Ref: http://mmict.net/index.php?topic=9113.0

0 comments:

Post a Comment