BEST Computer Centre

BEST Computer Centre မှ ကြိုဆိုပါသည်။

အမှတ် (၁၇၉)၊ မင်္ဂလာလမ်း၊ ကြောင်ငယ်ရပ်၊ မြိတ်မြို့။ ဖုန်း - ၀၅၉ ၄၂ ၉၇၀၊ ၀၅၉ ၄၂ ၅၀၆

BEST Computer Centre

BEST Computer Centre မှ ကြိုဆိုပါသည်။

အမှတ် (၁၇၉)၊ မင်္ဂလာလမ်း၊ ကြောင်ငယ်ရပ်၊ မြိတ်မြို့။ ဖုန်း - ၀၅၉ ၄၂ ၉၇၀၊ ၀၅၉ ၄၂ ၅၀၆

BEST Computer Centre

BEST Computer Centre မှ ကြိုဆိုပါသည်။

အမှတ် (၁၇၉)၊ မင်္ဂလာလမ်း၊ ကြောင်ငယ်ရပ်၊ မြိတ်မြို့။ ဖုန်း - ၀၅၉ ၄၂ ၉၇၀၊ ၀၅၉ ၄၂ ၅၀၆

BEST Computer Centre

BEST Computer Centre မှ ကြိုဆိုပါသည်။

အမှတ် (၁၇၉)၊ မင်္ဂလာလမ်း၊ ကြောင်ငယ်ရပ်၊ မြိတ်မြို့။ ဖုန်း - ၀၅၉ ၄၂ ၉၇၀၊ ၀၅၉ ၄၂ ၅၀၆

Thursday, September 20, 2012

ကွန်ပျူတာသင်တန်းများ လက်ခံနေပါပြီ...

အခြေခံသင်တန်း - iOffice 2010 Course

          ကွန်ပျူတာကို အခြေခံမှစ၍ လေ့လာလိုသူများအတွက် ရုံးလုပ်ငန်းနှင့် အခြားသောလုပ်ငန်းများတွင် အချိန်တိုအတွင်း လက်တွေ့ကျကျ အသုံးပြုနိုင်ရန် သင်ကြားပေးသည့် သင်တန်းဖြစ်ပါသည်။
          Email, Internet အသုံးပြုခြင်းများကိုပါ သင်ကြားပေးပါသည်။
Syllabus:
          Windows OS (Windows 7)
          Microsoft Office 2010 (Word, Excel, PowerPoint)
          Adobe PageMaker

စာစီ/စာရိုက်လုပ်ငန်းသုံး သင်တန်း - Desktop Publishing (DTP) Course

          မဂ္ဂဇင်းများ၊ ဂျာနယ်များနှင့် အခြားသော စာစီ/စာရိုက်လုပ်ငန်းများတွင် စာသားနှင့် ပုံအပြင်အဆင်၊ နေရာအထားအသိုများကို စည်းစနစ်တကျ လုပ်ကိုင်တတ်စေရန် သင်ကြားပို့ချပေးသည့် သင်တန်းဖြစ်ပါသည်။ ဓါတ်ပုံပြုပြင်သည့် နည်းပညာများကိုပါ သင်ကြားပေးပါသည်။
Syllabus:
          Adobe PageMaker
          Adobe Photoshop
CorelDraw 12

ဓါတ်ပုံ/သီချင်း/ဗီဒီယို တည်းဖြတ်ခြင်းသင်တန်း - Multimedia Course

Graphic Design
          ကြော်ငြာဒီဇိုင်းများကို ဖန်တီးနိုင်စေရန်၊ ဓါတ်ပုံများကို ပြုပြင်နိုင်စေရန် စသည့် နည်းပညာများကို Designer ကောင်းတစ်ယောက် ဖြစ်စေသည်အထိ သင်ကြားပို့ချပေးပါသည်။
Syllabus:
          Adobe Photoshop
          CorelDraw 12
          Adobe Illustrator

Digital Media Special Effect
          အသံသွင်းခြင်း၊ ကူးယူခြင်းနှင့် ပြုပြင်တည်းဖြတ်ခြင်းများအပြင် သီချင်းစာသားများ ထည့်သွင်းခြင်း၊ ကားကူးကားဆက်ခြင်းများကို သေသပ်လှပသော Special Effect များ ထည့်သွင်းခြင်း၊ ပုံရိပ်များကို သက်ဝင်လှုပ်ရှားအောင် ပြုလုပ်၍ Video File များနှင့် ပေါင်းစပ်အသုံးပြုခြင်း စသည့် နည်းပညာများကို ကိုယ်တိုင်ပြုလုပ်တတ်စေရန် လက်တွေ့ကို ဦးစားပေး သင်ကြားပေးပါသည်။
Syllabus:
          Adobe Premiere
          Gold Wave

Multimedia Creation
          Sound File, Image File, Video File များကို လိုအပ်သလို တည်းဖြတ်ခြင်း၊ သက်ဝင်လှုပ်ရှားမှုများ ထည့်သွင်းခြင်း စသည့် မီဒီယာအသွင်မျိုးစုံ ပြောင်းလဲထုတ်လုပ်မှုနည်းပညာများကို လက်တွေ့ Project များဖြင့် သင်ကြားပေးပါသည်။
Syllabus:
          Macromedia Flash
          Adobe Photoshop
          Adobe Premiere
          Adobe After Effect
          Canopus ProCoder Express
          CyberLink Power Director
          Gold Wave
          VCD/DVD Burning (Nero)

ကွန်ပျူတာပြုပြင်ထိန်းသိမ်းခြင်းသင်တန်း - A+ Hardware Course

          ကွန်ပျူတာ တပ်ဆင်၊ ပြုပြင်၊ ထိန်းသိမ်းခြင်း စသည့် နည်းပညာများကို Hardware Technician အဖြစ် လုပ်ကိုင်နိုင်သည်အထိ ဦးစားပေး သင်ကြားပေးပါသည်။
Syllabus:
          Micro Computer Fundamentals
          Creating Network Connection (LAN, WAN)
          Hardware & Software Installation
          Preventive Maintenance and Safety

Internet ပေါ်၌ Web Page များဖန်တီးခြင်းသင်တန်း - Web Design Course

          E-mail တည်ဆောက်အသုံးပြုခြင်း၊ အင်တာနက်ပေါ်ရှိ ပြည်တွင်းပြည်ပ သတင်း အချက်အလက်များ၊ ဖျော်ဖြေမှုအစီအစဉ်များကို အချိန်နှင့်တပြေးညီ ရှာဖွေကြည့်ရှုတတ်စေရန် သာမက Web Page များကို ကိုယ်တိုင် ဖန်တီးရေးသားတတ်စေရန် သင်ကြားပေးသွားမည့် သင်တန်းဖြစ်ပါသည်။
Syllabus:
          Using Email & Internet
          Adobe Photoshop
          Macromedia Dreamweaver (or) Namo WebEditor

Programming သင်တန်း - Programming Language Course

Basic Software Engineering
          Computer Programming ကို စတင်လေ့လာလိုသူများ၊ Programming ၏ အခြေခံ သဘောတရားများကို အချိန်တိုအတွင်း သိရှိနားလည်လိုသူများ၊ လက်တွေ့တွင် အသုံးဝင်သာ Program များကို မိမိကိုယ်တိုင် ဖန်တီးရေးသားလိုသူများအတွက် သင်ကြားပေးပါသည်။
Syllabus:
          Introduction to Software Engineering
          Database with Microsoft Access
          Visual Basic

Advanced Software Engineering
          Application Software တစ်ခုကို Analysis ပြုလုပ်ပုံ၊ Design ဆွဲပုံ၊ Manage လုပ်ပုံနှင့် စနစ်ကျသော Program များကို ကျွမ်းကျင်စွာ ရေးသားနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်သော သင်တန်းဖြစ်ပါသည်။
Syllabus:
          System Analysis & Design
          Project Management
          SQL Server
          Advanced Visual Basic
Programming Language ကို သီးခြားလေ့လာလိုသူများအတွက် Visual Basic .Net ကို အခြေခံ၍ အခြားသော Language များကိုလည်း သင်ကြားပေးပါသည်။

စာရင်းကိုင်သင်တန်း (LCCI, ACCA) - Business/Application Course

          မိမိတို့လုပ်ငန်းများရှိ နေ့စဉ်စာရင်းသွင်းချက်များမှစ၍ အရှုံး အမြတ်စာရင်းများ၊ လက်ကျန်ရှင်းတမ်းများအထိ စည်းစနစ်တကျ ရှိစေလိုသူများနှင့် Accountant တစ်ယောက်အနေဖြင့် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်လိုသူများအတွက် အခြေခံကောင်းများ ရရှိစေရန် ရည်ရွယ်ပါသည်။

အကျိုးကျေးဇူးများ (လုပ်ငန်းရှင်များအတွက်)
  •  အခွန်ထမ်းဆောင်မည်ဆိုပါကလည်း မိမိလုပ်ငန်း၏ ၀င်ငွေ၊ ထွက်ငွေစာရင်းများကို တင်ပြရန် လိုအပ်ပေလိမ့်မည်။ ထိုလိုအပ်ချက်များအတွက် စာရင်း၏ အခြေခံသဘောတရားများကို နားလည်သဘောပေါက်လာစေနိုင်ခြင်း၊
  •  ကြီးထွားလာသော မိမိလုပ်ငန်း၏ စာရင်းများကိုပင် လွယ်ကူရှင်းလင်းစွာ သိမြင်လာသည့်အတွက် ဆုံးဖြတ်ချက်များကို မှန်ကန်မြန်ဆန်စွာ ချမှတ်နိုင်လာခြင်း၊
  •  လုပ်ငန်း၏ ရေတို၊ ရေရှည် စီမံတွက်ချက်မှုများကို နိုင်ငံတကာနည်းတူစွာ ပြုလုပ်နိုင်လာခြင်း။
အကျိုးကျေးဇူးများ (လူငယ်များအတွက်)
  • ACCA နှင့် LCCI သည် ဗြိတိန်နိုင်ငံတွင် အခြေစိုက်ပြီး နိုင်ငံပေါင်း ၁၈၀ ကျော်မှ လက်ခံထားသော အဖွဲ့အစည်းဖြစ်သည့်နှင့်အညီ ထိုအဖွဲ့အစည်းများမှ ပေးအပ်သော အောင်လက်မှတ်ဖြင့် ကမ္ဘာတ၀န်းရှိ ကုမ္ပဏီများသို့ ၀င်ရောက်လုပ်ကိုင်နိုင်သည့် အခွင့်အလမ်း ပိုမိုကောင်းမွန်လာနိုင်ခြင်း၊
  •  မိမိ၏ တန်ဖိုးရှိသော လူငယ်အချိန်များကို စာရင်းနှင့် စီးပွါးရေးပညာရပ်များ လေ့လာထားခြင်းဖြင့် နောင်တချိန်တွင် အောင်မြင်သော လုပ်ငန်းရှင်တစ်ယောက် ဖြစ်ရန်အတွက် အခြေခံကောင်းများ ပိုင်ဆိုင်လာစေနိုင်ခြင်း။
နောက်ဆက်တွဲဝန်ဆောင်မှုများ (လုပ်ငန်းရှင်များအတွက်)
  •  မိမိလုပ်ငန်းနှင့်သင့်တော်မည့် စာရင်းထားသိုဖွဲ့စည်းပုံများနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးဆောင်ရွက်ပေးခြင်းအပြင် မိမိလုပ်ငန်းတွင် လိုအပ်ပါက သင့်တော်သော ကွန်ပျူတာအသုံးချ စာရင်းကိုင်ဆိုင်ရာ နည်းပညာများ (Accounting Software) ကူညီရွေးချယ် ဖွဲ့စည်းပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးပါသည်။
နောက်ဆက်တွဲဝန်ဆောင်မှုများ (လူငယ်များအတွက်)
  • သင်တန်းပြီးဆုံးအောင်မြင်ပါက အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်း၊
  • ACCA နှင့် LCCI မှ ကျင်းပသော စာမေးပွဲများကို ရန်ကုန်တွင် ဖြေဆိုနိုင်ရန်အတွက် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးခြင်း၊
  • (သင်တန်းပြီးဆုံးအောင်မြင်၍ လိုအပ်ပါက လုပ်ငန်းအတွေ့အကြုံရရှိစေရန်အတွက် မြိတ်မြို့၌ရှိသော ကုမ္ပဏီများတွင် On-Job-Training ပြုလုပ်နိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်နေပါသည်။)
လုပ်ငန်းရှင်များအတွက်
မိမိလုပ်ငန်း၏ ကုန်ဝင်/ထွက်၊ ရောင်း/၀ယ်၊ လက်ကျန် စာရင်း၊ အရှုံး/အမြတ် အစရှိသည့် စာရင်းဇယားများ၏ အသေးစိတ် လုပ်ဆောင်မှုများကို ကွန်ပျူတာဖြင့် ထိန်းချုပ်လိုပါက လုပ်ငန်းနှင့် သင့်တော်မည့် (Accounting Software) များကို ရေးဆွဲပေးပါသည်။

သီးခြားလိုအပ်သည့် Software (Program) များကိုလည်း ရေးဆွဲပေးပါသည်။