BEST Computer Centre

BEST Computer Centre မှ ကြိုဆိုပါသည်။

အမှတ် (၁၇၉)၊ မင်္ဂလာလမ်း၊ ကြောင်ငယ်ရပ်၊ မြိတ်မြို့။ ဖုန်း - ၀၅၉ ၄၂ ၉၇၀၊ ၀၅၉ ၄၂ ၅၀၆

BEST Computer Centre

BEST Computer Centre မှ ကြိုဆိုပါသည်။

အမှတ် (၁၇၉)၊ မင်္ဂလာလမ်း၊ ကြောင်ငယ်ရပ်၊ မြိတ်မြို့။ ဖုန်း - ၀၅၉ ၄၂ ၉၇၀၊ ၀၅၉ ၄၂ ၅၀၆

BEST Computer Centre

BEST Computer Centre မှ ကြိုဆိုပါသည်။

အမှတ် (၁၇၉)၊ မင်္ဂလာလမ်း၊ ကြောင်ငယ်ရပ်၊ မြိတ်မြို့။ ဖုန်း - ၀၅၉ ၄၂ ၉၇၀၊ ၀၅၉ ၄၂ ၅၀၆

BEST Computer Centre

BEST Computer Centre မှ ကြိုဆိုပါသည်။

အမှတ် (၁၇၉)၊ မင်္ဂလာလမ်း၊ ကြောင်ငယ်ရပ်၊ မြိတ်မြို့။ ဖုန်း - ၀၅၉ ၄၂ ၉၇၀၊ ၀၅၉ ၄၂ ၅၀၆

Tuesday, April 30, 2013

Gtalk မှ နိုင်ငံပေါင်း ၃၀ ကို အခမဲ့ ဖုန်းခေါ်ဆိုနိုင်





နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ...
အသုံးပြုနည်းကတော့ ....

1. Google Talk ကိုဖွင့်ပါ။

2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။

3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။

(phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com

4.Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။ တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။ အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။ Call back system သုံးဘူးတဲ့သူဆို သိပါတယ်။


ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။
ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။
လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။

5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။ Make calls from your Google Talk

1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ

2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။

3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။

4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 secondsအချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။

5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)

6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။

7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။

8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။

no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်း။စိတ်မကောင်းစွာဖြင့် ဒီlist ထဲမှာ စင်ကာပူနှင့် မြန်မာနိုင်ငံပါမလာပါဘူး ...

ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ဖော်ပြပေးလိုက်ပါတယ်။

Country name Country code Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။ login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါတယ်။ ZEALOT မှကူးယူပါတယ်။



Source by :http://blog.irrawaddy.org/

Friday, April 26, 2013

နည်းပညာဝါသနာပါသူများ လေ့လာထားသင့်တဲ့ Cracker Guide ဒုတိယပိုင်း



Crack ဆိုတာ  အင်တာနက်ပေါ်ကနေ ဒေါင်းလုပ်ယူပြီး  ဆော့ဝဲတွေ သုံးတဲ့သူတိုင်း

နားလည်ထားသင့်ပါတယ် ။ နားလည်မှသာ ဆော့ဝဲတွေကို အပြည့်သုံးလို့ ရပါမယ်

ဆော့ဝဲတစ်ခုကို ဒေါင်းလုပ်ဆွဲတိုင်း အထဲမှာ Crack ဖိုင် ၊ Path ဖိုင် ၊ Key Gen တွေ

နဲ့  Serial Key ၊ Register number၊Product Key ပါမပါ စစ် ။ ဆော့ဝဲတင်တဲ့သူက

Free Version သို့ မဟုတ် Shareware လို့ မရေးထားရင် အပေါ်က ပြောတဲ့ဟာတွေ

အသုံးပြုမှ အပြည့်အ၀ သုံးလို့ ရတဲ့ဆော့ဝဲကောင်းဖြစ်မှာပါ ။ ဟိုနေ့ ကတင်တဲ့

Wonders Slideshow Maker ဆော့ဝဲမှာ Crack ဖိုင်ပါတယ် ။ အဲ့တာကိုမသုံးရင်

evolution copy ဆိုတဲ့စာတန်းကြီးက အလှဖျက်နေပါလိမ့်မယ် ။ အဲ့တာကိုမပေါ်ဖို့ 

ဆော့ဝဲကို Crack လုပ်ပီး  မူလပညာရှင်ပရိုဂမ်သမားရဲ့  ကုဒ်တွေကို ၀င်ပြင်မယ်

ဝင်ဖျက်မယ်ဆိုရင် အဲ့စာတမ်းက ပျောက်သွာပီ ။ Register လုပ်စရာမလိုတော့

Product Key , Serial Key မထည့်ရပဲ အပြည့်သုံးလို့ ရသွားပါပြီ။ အဲ့တာမျိုးကို

Crack လုပ်တယ်လို့ ခေါ်ပါတယ် ။ ဒါပေမယ့် ဒီပညာတွေဟာ ရာဇ၀တ်မှုမကင်း

တရားစွဲခံရတဲ့ပညာပါ ။ ဘာလို့ လည်းဆိုတော့ သူများက ပိုက်ဆံနဲ့ ရောင်းစားဖို့ 

ထုတ်တဲ့ဆော့ဝဲတစ်ခုကို ဖောက်ဖျက်ပြီးပြုပြင်လို့ ပါ ။ Open Source လို Free ယူ

ကြိုက်တဲ့ ပညာရှင်ယူပြင် ယူသုံး  မပေးထားတဲ့ လိုင်စင်ဆော့ဝဲတွေကို ဖျက်ရင်

ပိုင်ရှင်ကနေ တရား စွဲပါလိမ့်မယ် ။ ဒါပေမယ့်  ဘယ်သူလုပ်တယ်ဆိုတာ  သူတို့ 

မသိနိုင်ဘူး ရှာရခက်တယ် Cracker ဆိုတာလည်း ပေါ်ပေါ်ထင်ထင် နေလို့ မရပါ

Hacker တွေလိုပဲ နာမည်ဝှက်တွေနဲ့ နေမှ အဖမ်းမခံရမယ် ။ ဒါပေမယ့် လိုင်းပေါ်

အမြဲလှုပ်ရှားနေရတဲ့ Hacker လောက် Program တွေ Code ဖျက်တဲ့ Cracker က

အန္တရယ်မများဘူး ထင်ရပါတယ် ။  အနည်းဆုံးတော့ Cracker ဆိုတာဘာလဲ

ဆော့ဝဲတွေမှာ Crack ဖိုင်ပါရင် ဘာလုပ်သင့်လဲဆိုတာသိလာပါလိမ့်မယ်


 Download from Mediafire - Cracker လမ်းညွှန် နည်းပညာများ ဒုတိယပိုင်း


အရင်တင်ထားတဲ့ ပထမပိုင်း - Cracker လမ်းညွှန် နည်းပညာများ ပထမပိုင်း

Ref: http://www.zwmnna.com/2013/04/cracker-guide.html

Android Phone Root လုပ်ချင်သူများအတွက် Root လုပ်နည်း အမျိုးမျိုး



Android ဖုန်းနဲ့ ပတ်သက်ပီး အခြေခံကျကျ ရေးပြထားတဲ့ စာအုပ်ကောင်းလေးပါ




ဒီလင့်မှာ Download ယူပါ -www.mediafire.com/Root လုပ်နည်းစာအုပ်



ဒီလင့်မှာ Download ယူပါ -www.mediafire.com/Root လုပ်နည်းစာအုပ်




Ref: http://www.zwmnna.com/2013/03/android-phone-root-root.html

Phone နဲ့ ကွန်ပျုတာ အင်တာနက် ချိတ်ဆက်နည်း အသုံးပြုလမ်းညွှန် ( Android-Java-ios)



Android -Java- ios ဖုန်းအမျိုးအစုံမှာ အင်တာနက်လိုင်း ဖွင့်နည်းနှင့် အသုံးပြုနည်းများ


Download - ကွန်ပျုတာ အင်တာနက် ချိတ်ဆက်နည်း

ရွှေပန်းတိမ် ဒီဇိုင်း စာအုပ် - ကိုဘိုဘို



စာအုပ်အမည်                -      ရွှေပန်းတိမ် ဒီဇိုင်း
စာရေးသူအမည်             -      ကိုဘိုဘို(ပြုစုသည်)


Learning Guide for 3D Sudio Max စတင်လေ့လာသူတွေအတွက် (ပတွဲ) - နေဇော်ဝင်းမောင်



စာအုပ်အမည်           -       Learning Guide for 3D Sudio Max စတင်လေ့လာလိုသူများအတွက် (ပတွဲ)
စာရေးသူအမည်        -       နေဇော်ဝင်းမောင်



Microsoft Access 2010 ဖြင့် Database Program ရေးဆွဲခြင်း - ကိုမြန်မာ



စာအုပ်အမည်              -      Microsoft Access 2010 ဖြင့် Database Program ရေးဆွဲခြင်း
စာရေးသူအမည်           -      ကိုမြန်မာ

Android Application ရေးသားခြင်းဆိုင်ရာ အခြေခံသဘောတရာများ - ၀င်းဟိန်း



စာအုပ်အမည်            -  Android Application ရေးသားခြင်းဆိုင်ရာအခြေခံသဘောတရာများ
စာရေးသူအမည်         -  ၀င်းဟိန်း
စာအမျိုးအစား           -  နည်းပညာ၊Android

အခြေခံဒီဇိုင်းနှင့် ဂရပ်ဖစ် အနုပညာ - ဆန်နီညိမ်း






စာအုပ်အမည်             -          အခြေခံဒီဇိုင်းနှင့် ဂ၇ပ်ဖစ် အနုပညာ
စာရေးသူအမည်          -          ဆန်နီညိမ်း
စာအမျိုးအစား            -          ဒီဇိုင်း၊ နည်းပညာ၊


 
 
 
 
http://myanmarebooksfree.blogspot.com/2013/03/blog-post_7023.html

GSM WCDMA CDMA Mobile ကွန်ယက်နည်းပညာ - သန်းထိုက် (ရွှေရိပ်)



စာအုပ်အမည်             -           GSM WCDMA CDMA Mobile ကွန်ယက်နည်းပညာ
စာရေးသူအမည်          -           သန်းထိုက်(ရွှေရိပ်)
စာအမျိုးအစား            -           Mobile ၊ နည်းပညာ၊ ဗဟုသုတ


 
 
 
 
Ref: http://myanmarebooksfree.blogspot.com/2013/03/gsm-wcdma-cdma-mobile.html

Learning Auto CAD 2010 Part (II) -- အောင်ဇော်လတ်


စာအုပ်အမည်                    -      Learning Auto CAD 2010 Part(II)
စာရေးသူအမည်                  -      အောင်ဇော်လတ်
စာအမျိုးအစား                    -      နည်းပညာ၊ အင်ဂျင်နီယာ(ဒီဇိုင်း)၊


 
 
 
Ref: http://myanmarebooksfree.blogspot.com/2013/03/learning-auto-cad-2010-partii.html

Learning Auto CAD 2010 Part (I) (မြန်မာဘာသာဖြင့်) - အောင်ဇော်လတ်


စာအုပ်အမည်                    -      Learning Auto CAD 2010 Part(I)
စာရေးသူအမည်                  -     အောင်ဇော်လတ်
စာအမျိုးအစား                    -     နည်းပညာ၊ အင်ဂျင်နီယာ(ဒီဇိုင်း)၊

 
Ref: http://myanmarebooksfree.blogspot.com/2013/03/learning-auto-cad-2010-parti.html 

Thursday, April 25, 2013

မိုဘိုင်းမျိုးစုံ Root လုပ်နည်းနှင့် အခြေခံလိုအပ်ချက်များ - အာကာဖြိုး (နည်းပညာ)


စာအုပ်အမည်                  -           မိုဘိုင်းမျိုးစုံ Root လုပ်နည်းနှင့် အခြေခံလိုအပ်ချက်များ 
စာရေးသူအမည်               -           အာကာဖြိုး(နည်းပညာ)
စာအမျိုးအစား                 -           Mobile Phone ၊ နည်းပညာ ၊ ဗဟုသုတ




အဆင့်မြင့်ဒစ်ဂျစ်တယ် ဓာတ်ပုံပညာ - တက္ကသိုလ် စိုးဝင်း


စာအုပ်အမည်              -         အဆင့်မြင့် ဒစ်ဂျစ်တယ် ဓာတ်ပုံပညာ
စာရေးသူအမည်           -         တက္ကသိုလ်စိုးဝင်း
စာအမျိုးအစား             -         နည်းပညာ၊ ဗဟုသုတ


 
Ref: http://myanmarebooksfree.blogspot.com/2013/03/blog-post_30.html

i devices များအတွက် လက်တွေ့သုံး နည်းပညာ - သန်းထိုက် (ရွှေရိပ်)


စာအုပ်အမည်                  -         Idevices များအတွက် လက်တွေ့သုံးနည်းပညာ
စာရေးသူအမည်               -         သန်းထိုက်(ရွှေရိပ်)
စာအမျိုးအစား                 -         Mobile Tech,IDevice, နည်းပညာ


 
Ref: http://myanmarebooksfree.blogspot.com/2013/04/i-devices.html

ကလေးသူငယ် ပြုစုပျိုးထောင်နည်း - ဒေါက်တာတင်မောင်ထွေး (ဒေါက်ထွေးဆေးမန်း)



စာအုပ်အမည်            -      ကလေးသူငယ်ပြုစုပျိုးထောင်နည်း
စာရေးသူအမည်         -      ဒေါက်တာ တင်မောင်ထွေး (ဒေါက်ထွေး ဆေးမန်း)
စာအမျိုးအစား           -      ဘာသာပြန်၊ကျန်းမာရေး၊ကလေးကျန်းမာရေး၊ဗဟုသုတ


ဖုန်းထဲကနေ မလေးရှာထီ စင်္ကပူထီ မြန်မာအောင်ဘာလေထီ တိုက်ဖို့ ဆော့ဝဲ



တစ်ခုက မြန်မာထီတိုက်ဖို့ ပါ ။ ထီပေါက်စဉ်ရှာစရာမလိုတော့ဘူး ဖုန်းထဲကနေပြီး

ကိုယ်ထိုးတဲ့ ဂဏန်းထည့်ပီး စစ်ဆေးနိုင်ပါပြီ အဲ့တာက မြန်မာက လူတွေ အတွက်

နောက်တစ်ခုကတော့ မလေးရှားနဲ့  စင်္ကပူက လူတွေအတွက် တိုတို တိုက်ချင်ရင်

အလွယ်တိုက်လို့ ရပါတယ် ။ ဖုန်းမှာ အလွယ်တိုက်ဖို့ ဒီဆော့ဝဲ ထည့်ထားလိုက်ပါ



ဒီလင့်မှာ Download ယူပါ - မြန်မာအောင်ဘာလေ ထီပေါက်စဉ်

ဒီလင့်မှာ Download ယူပါ - မြန်မာအောင်ဘာလေ ထီပေါက်စဉ်

ဒီလင့်မှာ Download ယူပါ - Malaysia and Singapore 4D and TOTO 

Ref: http://www.zwmnna.com/2012/12/blog-post_3.html

ကလေးငယ်များနှင့် အတူကစားပါ - ဒေါက်တာမြင့်လွင်(စိတ်ပညာ)


စာအုပ်အမည်              -         ကလေးငယ်များနှင့် အတူကစားပါ
စာရေးသူအမည်           -         ဒေါက်တာမြင့်လွင်(စိတ်ပညာ)
စာအမျိုးအစား             -         ကျန်းမာရေး၊ဆောင်းပါး၊စိတ်ပညာ(ကလေး)


ဘဝအတွက် အကျိုးရှိအောင် စာဖတ်နည်း ၁၂ ချက်

အဆွေ စာဖတ်တတ်တယ်ဆိုတာကို ကျွန်တော်သိပါတယ်။ ဘာလို့ဆို ရှေ့က စာကြောင်းကိုဖတ်ခဲ့ပြီး အခုဒီစာ ကြောင်းကိုပါ အဆုံးအထိ လိုက်ဖတ်နေ လို့လေ။ ဒါက ကျွန်တော်အဓိက သိချင်တာ မဟုတ်ပါဘူး။ အဓိကအနေနဲ့ အရေးတကြီး သိချင်တာက အဆွေဟာ ဘဝအတွက် အကျိုးရှိအောင် စာဖတ်တတ်တဲ့သူ ဟုတ်သလားဆိုတာပါ။ ဒါနဲ့ တစ်ဆက်တည်း မေးစရာလေးတွေ ဆက်တိုက်ရှိပါ သေးတယ်။ အဆွေက ဖတ်ပြီးတဲ့စာကို ဘဝမှာအသုံးဝင်အောင် သေသေချာချာ အသုံးချတတ်တဲ့ သူလား။ သေသေချာချာ မှတ်မှတ်သားသား မဖတ်ဘဲ "ခုဖတ်၊ တော်ကြာမေ့" ဖြစ်တတ်တဲ့ သူမျိုးလား။ အဆွေဖြင့် ဒါကို ဖတ်ပြီးပါပြီဆိုပြီး တခြား သူတွေကို အရသာခံ ဂုဏ်ယူပြောဆိုဖို့ အတွက် ဖတ်တဲ့သူမျိုးလား။ အပေါ်ယံလေး တွေ လျှပ်ဖတ်မှတ်သားပြီး လေလုံးထွား သုံးသပ်ပြတတ်တဲ့ စာဖတ်သူမျိုးလား။ အဆွေ့ဦးနှောက်ရဲ့ ပျော်ရွှင်မှု ဧရိယာလေး အတွက် စကားလုံးတွေနဲ့ အယူအဆတွေကို ပျော်ရွှင်စရာ အသုံးအဆောင်ပစ္စည်းတွေ အဖြစ် အသုံးပြုရုံ စာဖတ်တဲ့သူမျိုးလား။

အခုမေးလိုက်တဲ့ မေးခွန်းတွေထဲက ဘယ်မေးခွန်းမဆို "ဟုတ်ကဲ့ ကျွန်တော်/ ကျွန်မက အဲဒီလိုသူမျိုးပါ" လို့ ပြန်ဖြေဖြစ် ခဲ့မယ်ဆိုရင်တောင် အရေးမကြီးလှပါဘူး။ လူအများစုကိုက ပျော်ရွှင်မှုရဖို့အတွက် စာဖတ်နေကြတာလေ။ ဒါမဆန်းပါဘူး။ စာအုပ်တွေအများကြီးရှိတဲ့အထဲကနေ
လူအများစုက ဆွဲထုတ် ယူဖတ်နေကြတာ တွေဟာ ဝတ္ထုတွေ ဖြစ်နေတာကို အဆွေ ကိုယ်တိုင် တွေ့ကြုံဖူးပါလိမ့်မယ်။ ဒါဆန်း သလားဆိုတော့ ဒါလည်း မဆန်းပါဘူး။ ဆန်းတာက နှစ်ရှည်လများ စာတွေဖတ်ခဲ့ပြီး ဖတ်ခဲ့တဲ့စာတွေကို ဘဝအတွက် အကျိုးရှိ အောင် အသုံးမချတတ်ခဲ့ရင် ဒါမှမဟုတ် ဘဝအတွက် အကျိုးရှိအောင် စာအုပ်စာပေ တွေကို ရွေးချယ်မဖတ်တတ်ခဲ့ရင်ပေါ့လေ။

တစ်ခါတလေတော့လည်း အရေး ကြီးတဲ့ စာအုပ်တွေကို မထင်မှတ်ဘဲ ဖတ်ခဲ့ မိတာမျိုးတွေ ဘဝမှာ ရှိကောင်းရှိနိုင်ပါ တယ်။ ဘဝနေထိုင်နည်းလက်စွဲစာအုပ်၊ စီးပွားရေးလက်စွဲစာအုပ်၊ တစ်ကိုယ်ရေ တစ်ကာယ တိုးတက်မှုလမ်းညွှန်စာအုပ်၊ သိပ္ပံရေးရာစာအုပ်၊ လက်ရှိနိုင်ငံတကာ အရေးအရာတွေကို ဝေဖန်သုံးသပ်ပြထား တဲ့ သုတေသနကျမ်း စတာတွေပေါ့လေ။ စာအုပ်ကောင်းတွေရဲ့ အဓိက အဆုံးသတ် အကြောင်းအရာ သညာတွေကတော့ တခြား သူတွေ ဘာလုပ်ခဲ့တယ်ဆိုတာနဲ့ ကျွန်တော် တို့ ဘာဆက်လုပ်သင့်ကြတယ် ဆိုတာကို ပြညွှန်းထားတာပါ။ နယ်ပယ် ကျယ်ကျယ် ဝယ်ဝယ်အထိ ထင်ရှားအောင်မြင်နေသူ တွေဟာလည်း ဒီလိုစာအုပ်မျိုးတွေကိုသာ ရွေးချယ်ဖတ်ရှုလေ့ရှိကြတာပါ။

ဒီနေရာမှာ အလျဉ်းသင့်လို့ စီးပွားရေး လမ်းညွှန်စာအုပ်တွေကို အစဉ်တစိုက် ရေးသား နေတဲ့ စာရေးဆရာ ဆသ်ဂေါ်ဒင်ရဲ့ "စီးပွားရေး စာအုပ်တွေကို ဘယ်လိုဖတ်မလဲ" စာအုပ်ထဲက အချက်သုံးချက်ကို အကျဉ်းချုံး ဆွဲထုတ် ပြသပါရစေ။ စီးပွားရေး လမ်းညွှန်စာအုပ် တွေကို ဖတ်ပြီးရင် -

(၁) အဆွေ့ ဘဝမှာ အနည်းဆုံး အတွေ့အကြုံ အပြောင်းအလဲ သုံးခုရှိကိုရှိရမယ်။
(၂) စာအုပ်ကိုဖတ်ပြီး မှတ်စုတွေထုတ်မယ့်အစား "ဆက်လက် လုပ်ဆောင်ရန် စာရင်းတွေ" ကို ချရေးထား ရမယ်။
(၃) အဆွေ ဖတ်ပြီးသွားပြီဆိုရင် တခြားတစ်ယောက်ကို လက်ဆင့်ကမ်းနိုင် တဲ့ စာအုပ်မျိုးဖြစ်ရမယ်။

ဒီသုံးချက်နဲ့ ညီမှသာ အဆွေဖတ်တဲ့ စီးပွားရေးလမ်းညွှန် စာအုပ်ဟာ စာအုပ်ကောင်းတစ်အုပ်ဖြစ် မယ်လို့ ဂေါ်ဒင်ကဆိုပါတယ်။ ဂေါ်ဒင်ရဲ့ အချက် သုံးချက်ကို ထုတ်နုတ်ပြရတဲ့ ရည်ရွယ်ချက်က ဘယ်လိုနယ်ပယ် အမျိုး အစားကို ရည်ရွယ်ရေးသားထားတဲ့ စာအုပ် မျိုးမှာမဆို အခကြေးငွေ ရလိုမှု အတွက် ဖြစ်ကတတ်ဆန်း စာရေးသားသူတွေ ဒုနဲ့ ဒေးရှိနေတတ်တာမို့ အနည်းဆုံး ဒီသုံးချက် လောက်နဲ့ တိုက်ဆိုင်မှသာ ဖတ်သူကို အကျိုးရှိစေတဲ့ စာအုပ်မျိုး ဖြစ်နိုင်ခြေ ရှိတယ်ဆိုတာကို ပြောပြချင်လို့ပါ။

စာအုပ်စာပေကို နည်းမှန်လမ်းမှန်နဲ့ အကျိုးရှိရှိ ဖတ်မှတ်တတ်အောင် ဒတ်စတင် ဝက်စ်က နည်းလမ်း ၁၂ ချက်တိတိ ရေးသား ခဲ့ဖူးတာလေးရှိပါတယ်။ သူက ဝါရင့်စာဖတ် သမားတစ်ဦးသာမက အမေရိကန်စာရေး ဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ယဉ်ကျေးမှုဆိုင်ရာ မနုဿဗေဒပညာရှင်၊ UNLV Barrick ပြတိုက်ရဲ့ ပစ္စည်း စုဆောင်းရေးမန်နေဂျာနဲ့ လက်ထောက် ပြတိုက်ရေးမှူးလည်း ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်ကနေ ယခုလက်ရှိအထိ နီဗားဒါး တက္ကသိုလ်မှာ အချိန်ပိုင်း နည်းပြဆရာ တာဝန်ကို ထမ်းဆောင်နေသူလည်း ဖြစ်ပါ တယ်။ သူရေးသားထားတဲ့ ၁၂ ချက်ကို အဆွေ့အတွက် အကျိုးရှိမယ်ထင်လို့ ဖော်ပြ ပေးလိုက်ပါတယ်။

(၁) စာညှပ်ကြိုး၊ စာညှပ်ကတ်ပြားလိုမျိုး စာညွှန်းကတ်တွေကို အသုံးပြုပါ။

အဆွေစာဖတ်နေစဉ်မှာ တစ်ခုခု ရေးမှတ်ချင်လာရင် ဒီနည်းလမ်းက အသုံး ဝင်အကျိုးရှိပါတယ်။ ကူးစရာရှိတဲ့ စာမျက်နှာ ဒါမှမဟုတ် မှန်၊ မမှန်ကို ပြန်လည်ဆန်းစစ် လိုတဲ့ အချက်အလက်တွေပါတဲ့ စာမျက်နှာ မျိုးတွေကို အတိုကောက်လေးစာတို့ရေးပြီး စာညွှန်းကတ်လေးနဲ့ မှတ်ထားလိုက်ရင် စာဖတ်ရှိန်မပျက်ဘဲ ဆက်ဖတ်လို့ ရတယ်လေ။ စာတစ်အုပ်လုံးဆုံးအောင် ဖတ်ပြီး သွားရင်တော့ အဆွေမှတ်သားထားခဲ့တဲ့ စာညွှန်းကတ်လေးတွေအတိုင်း အဆွေ လုပ်ချင်တာကို စိတ်အေးလက်အေး လုပ်လို့ ရပြီပေါ့။

(၂) အဆွေ့စိတ်ထဲက တစ်ခုခုကို မျှော်လင့်ထားမိတဲ့ စာအုပ်မျိုးကို ရွေးချယ်ပါ။

ရောင်းကောင်းတယ်ဆိုတဲ့ စာအုပ်မျိုးတိုင်းကို ပြောတာမဟုတ်ပါဘူး။ အထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ပြောတာပါ။ စာအုပ်တစ်အုပ်ကို မဖတ်ခင်မှာ အဆွေ့ကိုယ်အဆွေ ပြန်မေးကြည့်ပါ။ “ဒီစာအုပ်ထဲကနေ ဘယ်လိုအကြောင်း အရာမျိုး၊ ဘယ်လို အတွေးအခေါ်မျိုး ငါရရှိ နိုင်မှာလဲ”။ ကောင်းမွန်အကျိုးရှိမယ့် တစ်ခုခု ကို မျှော်လင့်မိတယ်ဆိုရင်တော့ အဲဒီလို စာအုပ်မျိုးကို ကောက်သာဖတ်လိုက်ပါတော့။

(၃) မှတ်စုထုတ်ခြင်း၊ တို့ထားခြင်း၊ တေးထားခြင်းများ ကျင့်သုံးပေးပါ။

စာအုပ်တစ်အုပ်ကို အဆွေဖတ်ပြီး တာနဲ့ အဲဒီစာအုပ်ရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကို ချရေးတတ်တဲ့ အကျင့်ကို မွေးမြူပါ။ ဒါမှမဟုတ် ကိုးကားဖို့အတွက် မျဉ်းသားထား တာမျိုး၊ ရောင်စုံမင်တံနဲ့ ခြယ်သထားတာမျိုး လုပ်ကြည့်ပါ။ ဒါမှမဟုတ်သေးရင်လည်း အခန်းစဉ်အလိုက် မှတ်စုထုတ်တာမျိုး လုပ်ကြည့်ပါ။ အဆွေ့ရဲ့ ကိုယ်ပိုင်မှတ်စု စာအုပ်မှာချရေး ဒါမှမဟုတ် ဘလော့ဂ် တစ်ခုခုမှာ တင်လိုက်ပေါ့။ သူငယ်ချင်း မိတ်ဆွေတွေရဲ့ မှတ်ချက်တွေက အဆွေ့ရဲ့ လိုအပ်ချက်တွေကို ဖြည့်စွက်ပေးပါလိမ့်မယ်။

(၄) ဖတ်ထားတဲ့ စာအုပ်အကြောင်းကို ဆွေးနွေးပြောဆိုပါ။

အဆွေဖတ်မှတ် ထားမိတဲ့ လုပ်ငန်း လုပ်ကိုင်မှု မဟာဗျူဟာပုံစံသစ် အကြောင်း ကို အထက်အရာရှိနဲ့ ဆွေးနွေးပြောဆိုကြည့် ပါ။ အပေါင်းအသင်းတွေနဲ့ ဆုံတဲ့အခါ စိတ်ဝင်စားဖို့ သိပ်ကောင်းတဲ့ အတိတ်သမိုင်း စာအုပ်တစ်အုပ် အကြောင်းကို ပြောဆို ဆွေးနွေးကြည့်ပါ။ စာဖတ်သူမျိုးစုံဟာ သူတို့ရဲ့ ကြိုက်နှစ်သက်မှုတွေအပေါ် မူတည်ပြီး ဖတ်တဲ့စာအုပ်တွေ ကွဲပြားကြပါတယ်။ ဖတ်တဲ့စာအုပ်တွေအပေါ် မူတည်ပြီး ရရှိတဲ့ အတွေးအခေါ်တွေနဲ့ အယူအဆပိုင်းတွေပါ ကွဲပြားတတ်ကြ ပါတယ်။ ဒါကြောင့် ဆွေးနွေး ပြောဆိုခြင်းဟာ မတူညီတဲ့ အတွေးအခေါ် တွေရဲ့ ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ဖြစ်ပါတယ်။ အဲဒီကနေ ဖြစ်ပေါ်လာနိုင်တဲ့ ရလဒ်ကြီး နှစ်ခုကတော့ လှပတဲ့ အတွေးအခေါ် အချိတ် အဆက်နဲ့ ကြီးမားကွဲပြားတဲ့ အတွေးအခေါ် အကွာအဟတို့ပဲ ဖြစ်ပါတယ်။ အဓိက သိထားရမှာကတော့ အယူမှား၊ အစွဲမှား တွေကို စာဖတ်ပြီး ဆွေးနွေးခြင်းနဲ့သာ ချေ ဖျက်နိုင်တယ် ဆိုတာကိုပါ။ ဒါပေမဲ့ စာဖတ် ခြင်းကနေပဲ အယူမှား၊ အစွဲမှားတွေကို ရရှိ နိုင်တာကိုလည်း မေ့မထားပါနဲ့ဦးနော် - အဆွေ။

(၅) အကြောင်းအရာကောင်းတွေကို သင်ပြလမ်းညွှန်ပေးပါ။

အဆွေဖတ်မှတ်ထားတဲ့ စာအုပ်ထဲက ကောင်းမွန်တဲ့ အကြောင်းအရာတွေကို အဆွေ့လို စာမဖတ်နိုင်တဲ့ သူတွေဆီ ရောက်အောင် သင်ပြလမ်းညွှန်ပေးသင့် ပါတယ်။ ဒီအတွက် အဆွေက စာသင်ကြားပေးဖူးတဲ့ ဆရာတစ်ယောက်ယောက် ဖြစ်ဖို့ မလိုပါ ဘူး။ အဲဒီလို သင်ပြလမ်းညွှန် လုပ်ပေးနိုင်တဲ့ အခွင့်အရေးတစ်ခုခု ရရှိလာရင်သာ လက် မလွှတ်ပစ်ဘဲ အဆွေကိုယ်တိုင် ကောက် သင်းကောက်လိုက်စုခဲ့ရတဲ့ သညာအသိ တွေကို ဖြန့်ဝေပေးပါ။ အဲဒီလို အခွင့်အရေး ကို အဆွေကိုယ်တိုင် ဖန်တီးယူလို့လည်း ရပါတယ်။ အလုပ်ခွင်မှာ အဆွေက ဦးဆောင်ပြီး စာပေဆွေးနွေးပွဲလေး လုပ်ပါ။ ရပ်ကွက်စာကြည့်တိုက်မှာ စာပေဆွေးနွေးပွဲ လေးလုပ်ပါ။ ဒီကိစ္စက စာဖတ်သမားတိုင်းနဲ့ တော့ မလိုက်ဖက်နိုင်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အကြောင်းအရာတစ်ခု ကို ရွေးပြီး တခြားသူတွေကို သင်ပြပေးဖို့ အတွက် စာပေဆွေးနွေးပွဲတစ်ခု လုပ်တာဟာ အဆွေက အဲဒီအကြောင်းကို ဘယ်လောက် ကျေကျေညက်ညက် သိထားတယ် ဆိုတာကို ပြသရာရောက်တယ်ဆိုတာ မမေ့လိုက်ပါနဲ့။

(၆) ဝါကျဖွဲ့စည်းပုံတွေကို ဂရုတစိုက်ဖတ်ပါ။

စာရေးဆရာက သူပေးချင်တဲ့ အကြောင်းအရာ အချက်အလက်တွေကို သူကျွမ်းကျင်တဲ့ ဝါကျတည်ဆောက်ပုံ သဏ္ဌာန်အတိုင်း ရေးသားထားမှာပါ။ ဒါကြောင့် စာရေးဆရာတွေဆီကနေ အချက်အလက် ချိတ်ဆက်ပုံတွေကို ရယူနိုင် ပါတယ်။ အဆွေ့ရဲ့ မှတ်ဉာဏ်အတွက် အထောက်အကူဖြစ်မှာပါ။

(၇) Google မှာ ရှာဖွေလေ့လာဖို့ မမေ့ပါနဲ့။

ဒီနေ့ခေတ်မှာ စာရေးဆရာတွေ အကြောင်းကို Website တွေမှာ ရှာဖွေ လေ့လာဖို့ဆိုတာ လွယ်မှလွယ်ပါပဲ။ ပုံနှိပ် ထုတ်ဝေပြီးသမျှ စာအုပ်တွေကိုလည်း e-book အဖြစ် ရှာဖို့လွယ်ပါတယ်။ စာရေးဆရာရဲ့ ကိုယ်ပိုင် Website မှာလည်း သူနဲ့ စကားပြောဆိုနိုင်ခွင့်ကို အဆွေရရှိနိုင်ပါ သေးတယ်။ ဝါသနာတူ မိတ်ဆွေတွေနဲ့လည်း အဲဒီ Website တွေမှာ ဆုံစည်းဆွေးနွေး နိုင်တယ်နော်။ Google ကို အသုံးချဖို့ မမေ့ပါနဲ့။

(၈) စာဖတ်ဖို့အတွက် အချိန်ယူပါ။

စာမြန်မြန် ဖတ်ချင်တဲ့သူဟာ စာမြန်မြန်ဖတ်လို့ ရကိုရတယ်။ ဒါကြောင့်လည်း ဒီနေ့ခေတ်မှာ "စာဖတ်ရှိန်မြှင့်တင်ရေး သင်တန်းတွေ" ကို လူကြိုက်များလာကြ တာပေါ့။ ဒါပေမဲ့ စာဖတ်တာ မြန်လွန်းလို့ အသိသညာတွေကို သူများထက်ပိုပြီး မြန်မြန်ရရှိနေတဲ့ သူတွေကိုတော့ အဆွေ တွေ့ဖူးဖို့ မလွယ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ စာဖတ်တာတို့၊ စာပေလေ့လာတာ တို့ဟာ ထိုက်သင့်တဲ့အချိန် ယူကိုယူရပါ တယ်။ စာဖတ်တာ၊ စာပေလေ့လာတာနဲ့ တစ်ဆက်တည်း တွဲနေလေ့ရှိတာက “ပြန် လှန်တွေးခေါ် စဉ်းစားခြင်း” ပါ။ မိနစ် ၂၀ စာဖတ်မယ့်အစား ၁၅ မိနစ်သာ စာဖတ်ပြီး ငါးမိနစ်ကို “ပြန်လှန်တွေးခေါ် စဉ်းစားခြင်း” ပြုပါ။ ဒါမှမဟုတ်ရင်လည်း အခန်းတစ်ခန်း ပြီးတိုင်း ပြန်လှန်တွေးခေါ် စဉ်းစားကျင့်ကို ပြုပါ။ စာဖတ်တာဟာ အချိန်ယူရတယ် ဆိုတာကိုတော့ ဂရုပြုပါ။

(၉) ဖတ်ထားတဲ့ စာအုပ်တွေကို စစ်ကြောမှု ပြုပါ။

ရှေးတုန်းကတကယ်ဖြစ်ခဲ့လို့ စာရေး ဆရာက တကယ်ရေးသားခဲ့တာပေါ့ ဆိုတဲ့ ဆင်ခြေတွေကို နားမယောင်မိပါစေနဲ့။ စာအုပ်တွေထဲမှာ ရေးသားထားတိုင်း အမှန် တရားတွေလို့ ဆိုလို့မရပါဘူး။ “စာရေးဆရာ က ဒီအကြောင်းကို ဘယ်လိုလုပ်သိသလဲ” ၊ “သူအမှန်အတိုင်း ပြောနေတာရော ဟုတ်ရဲ့လား” စသဖြင့် စစ်ကြောသင့်ပါတယ်။ ဒီကိစ္စအတွက် စာရေးဆရာတွေရဲ့ အတ္ထုပ္ပတ္တိ တွေက အထောက်အကူပြု ပေးနိုင်ပါတယ်။

(၁ဝ) ဖတ်ရမယ့် စာအုပ်စာရင်း၊ ဖတ်လို့ မပြီးသေးတဲ့ စာအုပ်စာရင်းတွေကို ချရေး ထားပါ။

အဆွေက တစ်ဝက်တစ်ပျက်ပဲ ဖတ်ရသေးတဲ့ စာအုပ်စာရင်းနဲ့ ဖတ်ကိုဖတ် မယ်လို့ ဆုံးဖြတ်ထားတဲ့ စာအုပ်စာရင်းတွေ ကို ချရေးပြီး ဆောင်ထားပါ။ ဒါမှမဟုတ် စာရေးဆရာစာရင်းကို ပေါ့လေ။ ဘာ ကြောင့်လဲဆိုတော့ အဲဒီစာအုပ်တွေကို ဖတ်နိုင်ဖို့ အချိန်အခါ၊ အခွင့်အရေးဟာ ဘယ်အချိန် ဘယ်အခါမှ ပေါ်ပေါက်လာနိုင် တယ်ဆိုတာကို အဆွေ ကြိုသိနိုင်ဖို့ ခက်ခဲ လို့ပါပဲ။ သူငယ်ချင်း တစ်ယောက်ယောက်ကို ထိုင်စောင့်နေရတဲ့ အခါမျိုး၊ ခရီးရှည်တစ်ခု ကို ကား၊ ရထားစီးပြီး သွားရတဲ့ အခါမျိုး၊ ရုံးမှာ လုပ်စရာတွေပါးနေတဲ့ အချိန်မျိုး စသဖြင့်ပေါ့လေ။ သြော် - အရေးကြီးတာ တစ်ခုကျန်သေးတယ်။ စာရေးဆရာတွေက ဖတ်ဖို့ ထောက်ခံချက်ပေးထားတဲ့ စာအုပ် နာမည်တွေကိုလည်း စာရင်းထဲ ထည့်ရေးဖို့ မမေ့နဲ့နော် - အဆွေ။

(၁၁) ယခင်က မဖတ်ဖူးခဲ့တဲ့ စာပေ အမျိုး အစားတွေကို ရွေးချယ်ဖတ်ရှုကြည့်ပါ။

ပုံမှန်အားဖြင့် ဖတ်လေ့ဖတ်ထမရှိခဲ့ တဲ့ စာပေအမျိုးအစားတွေကို အပြောင်း အလဲ လုပ်ပြီး ဖတ်ရှုကြည့်ပါ။ စာအုပ်အငှား ဆိုင်တွေ၊ စာအုပ်အရောင်းဆိုင်တွေနဲ့ စာကြည့်တိုက်တွေမှာ အရင်က အဆွေ ခြေမချခဲ့ဖူးတဲ့ စာအုပ်တန်းတွေဘက်ကို ခြေချကြည့်လိုက်ပါ။ လုံးဝဖတ်လို့ မကောင်း ပါဘူးဆိုတဲ့ စာအုပ်သတင်းတွေကို ဂရုမမူဘဲနဲ့ တကယ်ဖတ်ရှုထားတဲ့ အဆွေ့ သူငယ်ချင်းတွေဆီက မှတ်ချက်တွေကို တောင်းကြည့်ပါ။ အဆွေ့ရဲ့ ခံစားစိတ်က တကယ်လိုအပ် တောင့်တနေတဲ့ စာအုပ် တစ်အုပ်ကိုသာ ကောက်ဖတ်မိလိုက်လို့ ကတော့ ကြီးကျယ်တဲ့ အံ့သြပျော်ရွှင်မှုကို ပိုင်ဆိုင်ရရှိပြီပေါ့။ ဒါတင်မကသေးဘဲ ထူးမြတ် တဲ့ ဉာဏ်ပညာတွေကိုပါ ထပ်ဆောင်းရရှိ နိုင်သေးတယ် ဆိုတာကိုလည်း မမေ့လိုက်နဲ့ နော် - အဆွေ။

(၁၂) အဆွေ့ဉာဏ်က လိုက်မမီနိုင်မှုကို လက်ခံပါ။

အဆွေမြည်းစမ်းကြည့်တဲ့ စာအုပ်က အဆွေ့အတွက် အကျိုးမရှိ၊ အသုံးမဝင်ရင် ဆက်မဖတ်ဘဲ ချသာထားလိုက်ပါ။ စိတ် ဉာဏ်ကွန့်မြူးစရာထက် ပိုလွန်နေတဲ့ တချို့သော စာအုပ်ကောင်းတွေလည်း ရှိနိုင်ပါ သေးတယ်။ အဲဒီစာအုပ်တွေကျတော့လည်း ဖတ်ရှုဖို့အတွက် ဉာဏ်ပညာအတိုင်းအဆ တစ်ခုအထိ ရောက်ထားဖို့ လိုပါတယ်။ ဒါကြောင့်မို့ အဆွေ့ကို စိတ်ပင်ပန်းလေးလံစွာ နဲ့ စာရွက်တစ်ရွက်ပြီး နောက်တစ်ရွက်ကို ဆက်လှန်ဖို့ သောကရောက်စေတဲ့ စာအုပ် မျိုးကိုလည်း အချိန်အတိုင်းအတာတစ်ခု အထိမဖတ်ဘဲ ချထားလိုက်ပါ။ နောင်တစ်ချိန်မှ ကြိုးစားပြီး ထပ်ဖတ်ကြည့်ပါ။ ဒါမှ မဟုတ်ရင်လည်း စာဖတ်သက်ဝါရင့်တဲ့ စာဖတ်သမားတစ်ဦး ဆီက ဘယ်လို
ဖတ်သင့်ပါတယ် ဆိုတဲ့ အကြံဉာဏ်တွေကို တောင်းခံအသုံးချကြည့်ပါ။

ဘယ်လိုလဲ - အဆွေ။ ကျွန်တော်က ဒီနည်းလမ်း ၁၂ ချက်ကို ကိုယ်တိုင် အသုံး ချဖူးပြီး အကျိုးရှိတာကြောင့် ဝေမျှလိုက်တာ။ အဆွေ့အတွက် ဘယ်လိုနေမလဲ မသိဘူး။ ကျွန်တော့်စိတ် အထင်တော့ တချို့ အချက်တွေကို အဆွေ အသုံးချဖူးကောင်း ချဖူးပါလိမ့်မယ်။

ကျွန်တော်တို့တွေရဲ့ ဘဝမှာ အချိန်ဟာ အင်မတန် တန်ဖိုးရှိလှပါတယ်။ ဒီနေ့ ခေတ်ရဲ့ များမြောင်လှတဲ့ စာအုပ်တွေထဲမှာ ကျွန်တော်တို့ ဖတ်ရှုစရာမလိုတဲ့ စာအုပ်တွေ ကလည်း အများအပြားကို ရှိနေပါတယ်။ ဒီတော့ တန်ဖိုးရှိတဲ့ အချိန်တွေကို အကျိုး ရှိမယ့် စာအုပ်တွေနဲ့သာ အသုံးချသင့်ပါ တယ်။ ရသပိုင်းကိုရော သုတပိုင်းကိုပါ ပြောတာနော်။ ဒါက ပထမအဆင့်ပေါ့။ ဒုတိယအဆင့်ကတော့ စာအုပ်ကောင်းတွေ လက်ထဲရောက်နေရက်နဲ့ နည်းမှန်လမ်းမှန် မဖတ်တတ်ခဲ့ရင် အကျိုးမရှိနိုင်ပြန်ပါဘူး။ ဒီအတွက်တော့ အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်း ၁၂ ချက်ကို အသုံးပြုကြည့်ဖို့ အကြံပြုပါရစေ။ ကဲ ... ကျွန်တော့်ဆောင်းပါး လည်း အတန်အသင့် ရှည်လွန်းနေပြီမို့ အမေရိကန်ကဗျာဆရာ Wystan Hugh Auden (1907-1973) ရဲ့ စကားလေး တစ်ခွန်းနဲ့ အဆုံးသတ်လိုက်ပါရစေ။

Some books are undeservedly forgotten; none are underservedly remembered.

တချို့သော စာအုပ်တွေကို မေ့ဖျောက်ဖို့ရာ မထိုက်တန်။ စာအုပ်မှန်သမျှ ကိုလည်း မှတ်သားဖို့ရာ မထိုက်တန်။

The Voice Weekly

Tuesday, April 23, 2013

shortcut ထဲက မျှားတွေ ကို ဖျက်ထုတ်ရအောင်

 89 89 89 ကျွန်တော် တို.တစ်ချို. ကွန်ပျုတာတွေ မှာ desktop ပေါ်က shortcut တွေမှာ မျှားတွေပါနေတတ်ပါတယ်နော်။တချို.စက်တွေမှာ သေးပေမယ်.တချို.စက်တွေမှာ ကြီးနေလို.တော်တော်လေးကြည်.ရဆိုးပါတယ်။ ဒါတွေ ကို ဖျက်ထုတ်လိုက်ချင်ရင် လွယ်ပါတယ်။ Registry ကို သွားနော်။ မလုပ်တတ်ရင် window logo + R .auto run box တက်လာရင် ဒါကို ရေးလိုက်နော်(regedit) ။ပြီးရင် Enter ခေါက်လိုက်နော်။ဒါဆို Registry ကိုရောက်သွားလိမ်မယ်နော်။ Registry ကိုရောက်ရင် HKEY-CLASSES-ROOT ကိုသွားလိုက်နော်။ HKEY-CLASSES-ROOT ထဲက inkfile ကိုရှာရမယ်နော်။လွယ်လွယ်ရှာရအောင် ကဲ HKEY-CLASSES-ROOT ကိုနှိပ်ပြီးရင် L  ဆိုတာ ကို နှိပ်ရှာလိုက်နော် ဒဲဒီ L ထဲမှာ ပဲ inkfile ရှိပါတယ်။ inkfile ကို တွေရင် click လိုက်နော်။ညာဘက်ထဲ ကဘောက်ထဲ မှာ Is-shortcut ဆို တာကို တွေရင် Right click ပြီး delete ကို နှိပ်လိုက် ၊ပြီးရင် Restart ပြန် ချလိုက်နော် ။ပြန်တက်လာရင် မျက်စိရှုပ် စရာ မျှားတွေ ယူပြစ်သလို ပျောက်သွားလိမ့်မယ်နော်။ (အဆင်ပြေပါစေနော်) (လင်းဇာနည်) :50 :50 :50 89

WiFi အကြောင်း သိကောင်းစရာများ

WiFi ဘာလဲ၊ ဘယ်လဲ ယခုအချိန်တွင် WiFi မှာ အတော်ပင် အသံကျယ် လောင်ကာ ပြည်တွင်း၌ပင် တွင်ကျယ်လာပြီဖြစ်သည် ကို မြင်တွေ့ရသည်။ ထို့ကြောင့် WiFi နှင့် ပတ်သက်သော အချက်အလက်များကို လေ့လာသိရှိစေရန် ရည်သန်၍ WiFi နှင့် ပတ်သက်သည့် အချက်အလက်များ ပါရှိသော ယခုစာစုကို ရေးသားလိုက်ခြင်း ဖြစ်သည်။ WiFi ၏ အရှည်မှာ “Wireless Fitelity” ဖြစ်သည်။ ၄င်း၏ မူလ ပိုင်ရှင်မှာWiFi Allance ဖြစ်ကာTEEE 802.11 ၏ Specification များတွင် အခြေခံထားသော WLAN တစ်ခုပင်ဖြစ်သည်။ WiFi ကို Mobile Computing များတွင် အဓိကထား အသုံးပြုကာ Laptop များတွင် Wireless LAN ချိတ်ခြင်း၌ ပို၍ အားသန်ပေသည်။ ယခုအခါတွင် Internet အပါအ၀င် VOIP Phone Access များ Gamming Application များ TV | DVD များတွင်ပါ WiFi သုံး၍ ကြိုးအသုံးပြုခြင်းကို လျော့ချလာနိုင်ပြီ ဖြစ်သည်။ နောက် ဆုံးတွေ့ရှိလာရသော အချက်အလက်များအရ WiFi ကို ကားများတွင်ပါ အသုံးပြုကာ Highway ၌ Mobile Commerce ရရှိနိုင်ရန်အတွက်ဟုပင် ဆိုနေကြပြီ ဖြစ်သည်။

WiFi သမိုင်းကို လှည့်ကြည့်ခြင်း


WiFi ၏ မူလပိုင်ရှင်မှာWiFi Allance ဖြစ်ကာWiFi Trade Mark ကို ပိုင်ဆိုင်သော စီးပွားရေးအဖွဲ့အစည်း တစ်ခုဖြစ်သည်။ WiFi ဆိုသည်မှာ LAN ၏ နည်းပညာနှင့် Method များကို IEEE 802.11 ကို ရည်ညွှန်းခြင်းဖြစ် သည်။ WiFi Allance ကို ၁၉၉၉ တုန်းက(WECA) Wireless Ethernet Compatibility Alliance နာမည်ဖြင့် စခဲ့ သည်။ WECA ကို နောက်ပိုင်းတွင် WiFi Alliance ဟု နာမည် ပြောင်းလိုက်ခြင်းဖြစ်သည်။ WECA တွင် ပါဝင်သူ များမှာ -

(၁) 3 Com
(၂) Aironet (Cisco)
(၃) Harris Semiconductor (Intersil)
(၄) Lucent (Agene)
(၅) Nokia နှင့်
(၆) Symbol Technologies တို့ ဖြစ်ကြသည်။
WiFi Alliance မှာ Austin နှင့် Teras တွင်ရှိသည်။


ကွန်ပျူတာ၊ တယ်လီဖုန်း၊ PDA စသော WiFi ပစ္စည်း များကို ကိုင်ဆောင်အသုံးပြုထားသူများသည် Access Point ရှိပါက Internet ကို ချိတ်ဆက်အသုံးပြုနိုင်မည် ဖြစ်သည်။ Access Point သည် တစ်ခုဖြစ်စေ၊ တစ်ခုထက် ပို၍ ဖြစ်စေ၊ ဖြစ်ပေါ်နေသော Region ကို Hot Spot ဟု ခေါ်သည်။ ၄င်း Hot Spot များလာခြင်းဖြင့် မိုင်ပေါင်း များစွာ ပမာဏထိ WiFi သုံးနိုင်သည်။

WiFi အလုပ်လုပ်ပုံ Wireless Network ရှိသော လေဆိပ်၊ စာကြည့် တိုက်၊ ကော်ဖီဆိုင်နှင့် ဟော်တယ်တို့တွင် WiFi ဖြင့် အင်တာနက် အသုံးပြု၍ရရှိမည် ဖြစ်သည်။ Wireless Network သည် ကုန်ကျစရိတ်သက်သာပြီး အလွယ်တကူ Setup လုပ်နိုင်သည်။ Wireless Network များတွင် Radio Wave ကိုသုံးထားကာ Cellphone| Television နှင့် ရေဒီယိုများကဲ့သို့ပင် ဖြစ်သည်။ Wireless Network များ ကို ဆက်သွယ်မှုပြုလုပ်သောအခါ Two Way Radio Communication နှင့် အတော်ပုံသဏ္ဌာန်တူပေသည်။ ကွန်ပျူတာ၏ Wireless Adapter သည် Data များကို Radio Signal အဖြစ်ပြောင်းလဲကာ အင်တာနက်ကို သုံးပြီး Transmit လုပ်နိုင်သည်။ ၄င်းကို Wireless Router က လက်ခံရယူကာ Signal ကို Decode ပြန်လုပ်နိုင်သည်။ WiFi ဆက်သွယ်မှုတွင် အသုံးပြုသော Radio Wave သည် Walkie Talkie| Cellphone များတွင် သုံးသော Radio Wave နှင့် အလားသဏ္ဍာန်တူသည်။ ၄င်း Radio Wave များကို Transmit လုပ်နိုင်သလို Receive လည်း လုပ်နိုင်ပေသည်။ ထို့အပြင် Radio Wave များကို ဒီဂျစ်တယ် 1 နှင့် 0 အဖြစ် ပြောင်းလဲနိုင်သလို၊ ဒီဂျစ်တယ် 1 နှင့် 0 များကို Radio Wave အဖြစ်လည်း ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။ သို့သော် WiFi Radio သည် Cellphone မှ Radioနှင့် သဏ္ဍာန် တူသော်လည်း ကွဲပြားမှုများရှိနေသေးသည်။ ၄င်းတို့မှာ-

(၁) WiFi သည် Frequencies 2.4 GHZ (သို့) GHZ ဖြင့် Transmit လုပ်သည်။ ၄င်းသည် Cellphone | Walkie Talkie နှင့် Television တို့တွင်သုံးသော Frequency ထက် ပိုမြင့်ကာ Data ပမာဏများများကို သယ်ယူနိုင်သည်။

(၂) WiFi သည် 802.11 Networking စံကို အသုံး ပြုသည်။

(၃) WiFi သည် 802.11b, 802.11g, 80211a တို့ ဖြင့် Transmit လုပ်နိုင်ကာ၊ Interference ကို လျောချပေး နိုင်ပြီး၊ Wireless connection ကို တစ်ပြိုင်တည်း အသုံးပြု နေသော မတူညီသည့်ပစ္စည်းများအတွက် အဆင်ပြေစေ နိုင်ပါသည်။

WiFi ပစ္စည်းကိရိယာများ

WiFi ပစ္စည်းများကို အောက်ပါအတိုင်း လေ့လာသိရှိနိုင် ပါသည်။

WAP (Wireless Access Point)

Wireless Access Point သည် Wireless Station အုပ်စုများကို ချိတ်ဆက်ထားကာ နီးရာ Wire ဖြင့် ချိတ်ဆက်ထားသော LAN များကို ဆက်သွယ်နိုင်ပါသည်။ မိမိတွင်ရှိပြီးသား ကွန်ပျူတာအချို့နှင့် ကွန်ယက်တစ်ခု ရှိခဲ့ရင် WAP လုပ်နိုင်မှာ ဖြစ်သည်။ Access Point ဆိုသည်မှာ Ethernet Hub နှင့် ဆင်တူပေသည်။

Wireless Router

Wireless Router Cable Modem (သို့) DSL တို့ဖြင့် ချိတ်ဆက်ကာ WiFi ပစ္စည်းများဖြစ်သည့် PDA နှင့် Laptop တို့ဖြင့် ချိတ်ဆက်နိုင်သည်။ Wireless Router သည် Wireless Access Point ဖြစ်ပြီး Ethernet Hub နှင့် ဆက်သွယ်နိုင်သည်။ ထို့အပြင် Wireless Router သည် IP Packets များကို Wireless Subnet နှင့် အခြားသော Subnet များကြားသို့ ပေးပို့နိုင်ပါသည်။

Wireless Ethernet Bridge

Wireless Ethernet Bridge သည် မတူညီသော Network (၂ ) ကို အလွယ်တကူ ချိတ်ဆက်ပေးနိုင်မှာ ဖြစ်ပါသည်။

WiFi နှင့် Operation System

Microsoft Window XP သည် WiFi ကို ကောင်းစွာ Support လုပ်ပေးနိုင်စွမ်းရှိသော်လည်း WAP2 ကိုတော့ Support ကို လုပ်ပေးနိုင်မှု မရှိချေ။

Microsoft Window Vista မှာ XP ထက် WiFi ကိုပို Support လုပ်ပေးကာ Network အလိုအလျောက် ချိတ်ဆက်နိုင်သည်။

Mac OSX သည်လည်း WiFi နှင့် WPA 2 ကိုလည်း Support လုပ်ပေးနိုင်သည်။

Linux သည် WiFi Card အတော်များများကို ထောက်ပံ့မှု ပြုလုပ်ပေးနိုင်ပါသည်။

WiFi ၏ အားသာချက်များ


WiFi ၏ ကောင်းကျိုးကြောင့် LAN များကို ကြိုး မပါပဲ တပ်ဆင်ပေးနိုင်ပါသည်။ ယခုဆိုလျှင် WiFi Product များကို ဈေးသက်သာ စွာဖြင့် ဈေးကွက်တွင် ကျယ်ပြန့်စွာရရှိနေပြီဖြစ်သည်။ WiFi ၏ အားသာချက်ကြောင့် ကျောင်းများ၊ ရုံးများ တွင် အချိန်မရွေး အင်တာနက်သုံးနိုင်ပြီး၊ လူများ အလွယ် တကူ ဆက်သွယ်နိုင်ပြီ ဖြစ်သည်။ WiFi မှာ အပြန့်ကျယ်လာသည်နှင့်အမျှ Public Hot Spots ပေါင်း ၂၅၀၀၀၀ ကျော်ရှိပြီး သန်းနှင့်ချီသော အိမ် သုံး၊ ရုံးသုံး User များ ကမ္ဘာအနှံ့ရှိနေပြီ ဖြစ်သည်။

WiFi ၏ အားနည်းချက်များ

5 GHz နှင့် အလုပ်လုပ်သော 802.11 a မှလွဲ၍ 2.4 GHz အသုံးပြုထားသော WiFi များသည် တိကျသော Frequency မဟုတ်၍ နေရာအလိုက်အနည်းငယ်ကွဲပြား နေတတ်ကာ၊ တည်ငြိမ်မှုနည်းသည်။ WiFi သည် တခြားသောပစ္စည်းများနှင့်စာလျှင် Power အသုံးပြုမှုများသောကြောင့် Battery မြန်မြန် ကုန်နိုင်သည်။ Wireless Network Range မှာ အတိုင်းအတာ ကန့် သတ်ချက်ရှိကာ အိမ်အတွင်း ပေ ၁၅၀ (၄၅)မီတာနှင့် အမြင့်ပေ ၃၀၀ (မီတာ ၉၀) ထိသာ သုံးနိုင်မှာ ဖြစ်သည်။


ref  >>>>  (MCP)

Wireless Access Point တွေရွေးချယ်ဝယ်ယူတဲ့အခါ


Wireless Access Point တွေရွေးချယ်ဝယ်ယူတဲ့အခါမှာ အထောက်အကူဖြစ်စေဖို့

ဘယ်လိုရွေးချယ်ဝယ်ယူအသုံးပြုရမလဲဆို တဲ့အကြောင်းကို ရှင်းပြသွားမှာဖြစ်ပါတယ်။ Wireless Local Area Network

(WLAN) တစ်ခုတည်ထောင်တော့မယ်ဆိုရင် Wireless Access Point တွေ လိုအပ်လာပြီလေ။ လိုအပ်လာတဲ့အတွက်

ဝယ်ယူရတော့မယ်လေ။ အဲဒီလိုရွေးချယ်တဲ့အခါမှာ ဘယ်လို Standard တွေရွေးချယ်ဝယ်ယူရမလဲဆိုတာ စဉ်းစားရပြီပေါ့။

အဲဒါကြောင့်မို့လို့ အခုအဲဒီ Standard တွေအကြောင်းကို ရှင်းပြမှာဖြစ်တယ်။ Wi-Fi Technology အတွက် IEEE 802.11

Standard တွေကို အသုံးပြုပါတယ်။ အခြား Bluetooth Technology နဲ့ Wi-Fi မဟုတ်တဲ့  အခြား Technology

တွေလည်းရှိပါတယ်။ Technology အသီးသီးကို သူတို့ရဲ့ Specific Networking Application တွေအတွက် Design

ပြုလုပ်ထားပါတယ်။ ကျွန်တော်တိှု့ဆီမှာတော့ Wi-Fi Technology ကို အများဆုံးအသုံး ပြုကြပါတယ်။ ဒါကြောင့်မို့လို့ Wi-Fi

မှာ အသုံးပြုတဲ့ 802.11 Standard တွေအကြောင်းရှင်းပြပါတော့မယ်။ 802.11 Standard တွေမှာဆိုရင် 802.11,

802.11b, 802.11a, 802.11 g နဲ့ 802.11 n ဆိုပြီး ရှိပါတယ်။

802.11 only Standard ဟာ WLAN အတွက် ပထမဦးဆုံး ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ 802.11 only ဟာ

Maximum Bandwidth 2 Mbps အထိပဲ ရပါတယ်။ ဒါကြောင့် 802.11 only တွေဟာ Application

တွေဆောင်ရွက်တဲ့အခါမှာ အရမ်းနှေးပါတယ်။

802.11b Standard ဟာ 802.11 Only Standard ရဲ့နောက်မှာ ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ 802.11b ဟာ 11

Mbps Bandwidth အထိ Support လုပ်နိုင်ပါတယ်။ 802.11 b Standard ဟာ Unregulated Radio Frequency 2.4

GHz ကိုအသုံးပြုပါတယ်။ ဆိုလိုတာကဗျာ 802.11b ဟာ Signal တွေကို 2.4 GHz Frequency Range ထဲမှာ Transmit

လုပ်တယ်။ 802.11b Standard Wireless Access Point ကို အသုံးပြုမယ်ဆိုရင် အကုန်အကျသက်သာမယ်။ Signal

အားကောင်းတဲ့အတွက်ကြောင့် လွယ်ကူစွာ ပိတ်ပင်တားဆီးလို့မရဘူး။ Obstruct လုပ်လို့မရဘူး။ 802.11b ရဲ့

အားနည်းချက်တွေက Maximum Speed နည်းတဲ့အတွက်ကြောင့် Performance မကောင်းဘူး။ Home Appliances

တွေဟာ Unregulated Frequency Band ပေါ်မှာ တားဆီးနှောင့်ယှက်မှုတွေရှိနိုင်တယ်။



802.11a Standard ကျတော့ Maximum Bandwidth က 54 Mbps အထိ Support လုပ်နိုင်လာပြီ။ ဒါပေမယ့်သူက

Regulated Frequency 5 GHz ကို အသုံးပြုတဲ့အတွက်ကြောင့် 802.11b ထက် Frequency ပိုမြင့်တယ်။ 802.11b နဲ့

802.11a ဟာ အသုံးပြုတဲ့ Frequency ချင်းမတူညီတဲ့အ တွက်တစ်ခုနဲ့တစ်ခုက Compatible မဖြစ်ဘူ့း။ 802.11a

Standard Wireless Access Point ကိုသုံးမယ်ဆိုရင် Speed မြန်တဲ့အတွက် Performance ကောင်းမယ်၊ Regulated

Frequency ကို အသုံးပြုထားတဲ့အတွက် အခြား Device တွေမှ Signal Interface တွေကို ကာကွယ်နိုင်တယ်။ ဒါပေမယ့်

ကုန်ကျစရိတ် များမယ် ၊ Signal အားပျော့တဲ့အတွက် လွယ်ကူစွာ Obstruct လုပ်နိုင်တယ်။

802.11g Standard ဟာဆိုရင် 802.11a နဲ့ 802.11b တွေဆီက ကောင်းတဲ့အချက်တွေကိုစုပြီး ဖွဲ့စည်းထားတဲ့

Standard ဖြစ်ပါတယ်။ ဒါကြောင့် 802.11g ဟာ 64 Mbps Bandwidth Support လုပ်နိုင်တယ်။ 2.4 GHz Frequency

ကိုပဲ အသုံးပြုတယ်။ 802.11g ဟာ 802.11b နဲ့ Compatible ဖြစ်တယ်။ ဆိုလိုတာက 802.11g Access Point တွေဟာ

802.11b Wireless Network Adapter တွေနဲ့ အလုပ်လုပ်နိုင်တယ်။ 802.11g ဟာ Speed မြန်တယ်၊ Signal

အားကောင်းတဲ့အတွက် လွယ်ကူစွာ Obstruct မလုပ်နိုင်ဘူး။ မကောင်းတဲ့အချက်က 802.11b ထက် ကုန်ကျစရိတ်ပိုများ

တယ်။ Unregulated Signal Frequency ကိုအသုံးပြုထားတဲ့အတွက် အနှောင့်အယှက်တွေရှိနိုင်တယ်။

802.11n Standard ဟာ IEEE ရဲ့ Newest Standard ဖြစ်ပါတယ်။ 802.11n ကို  802.11g ရဲ့ Bandwidth

ပမာဏကို Improve လုပ်ဖို့အတွက် Design လုပ်ထားတာပါ။ 802.11n Standard ဟာဆိုရင် Over 100 Mbps

Bandwidth အထိ Support လုပ်ပေးပါတယ်။ 802.11n ဟာ သူရဲ့ Increased Signal Intensity တွေကြောင့်

အစောပိုင်း Standard (802.11a, 802.11b,802.11g)တွေထက် Signal Range ပိုကောင်းပါတယ်။ 802.11n

Equipment တွေဟာ 802.11g Gear တွေနဲ့ Compatible ဖြစ်ပါတယ်။ 802.11n Standard ဟာ Speed အမြန်ဆုံးနဲ့

Signal Range အကောင်းဆုံး ဖြစ်ပါတယ်။ Signal Range ပိုပြီးကောင်းတဲ့အတွက် Outside Sources တွေမှ

Interference တွေကို ပိုပြီးတော့ ခုခံနိုင်ပါတယ်။ ဒါပေမယ့် 802.11n ဟာ  Finalized မလုပ်ရသေးပါဘူး။ Stable

မဖြစ်သေးပါဘူး။ ကုန်ကျစရိတ်ကလည်း 802.11g ထက်ကုန်ကျစရိတ်ပိုများပါတယ်။ 802.11n မှာလည်းပဲ Interference

တွေရှိပါတယ်။

ဒါ့အပြင် Wireless Access Point (WAP) တွေဝယ်ယူတဲ့အခါမှာ Access Point Only နဲ့ Access Point Routing

Function ပါဝင်တဲ့ WAP ဆိုပြီး နှစ်မျိုးရှိပါတယ်။ Routing Function ပါဝင်တဲ့ WAP တွေဟာ Internet Connection ကို

Share ပေးအသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် Access Point Only တွေကတော့ Internet Connection ကို Share လုပ်ပြီး

အသုံးမပြုနိုင်ပါဘူး။

Wireless Access Point တွေဝယ်ယူတဲ့အခါမှာ အမျိုးအစားတွေလည်း အများအပြားရှိပါသည်။ D-Link,3 Com,

Linksys, Netgear, Trendnet စသဖြင့် အမျိုးအစားတွေကတော့ အစုံပါပဲ။

မိမိကြိုက်နှစ်သက်ရာအမျိုးအစားကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်။ အမျိုးအစားတိုင်းမှာတော့ Cost and Benefit

တွေရှိကြတာပါပဲ။ D-Link မှာဆိုရင် 802.11 g Standard တွေထဲက DWL-2100 AP SNMP AES, DWL-G700AP

HIGH SPEED 2.4GHz စသဖြင့် Model တွေအများကြီးရှိပါတယ်။ 802.11 n Standarard ထဲမှာဆိုရင် D-Link DAP

1522 Xtreme 4-port Gigabit Selectable Dual Band Draft 802.11n N Duo Wireless Bridge / Access Point

အမျိုးအစားဟာလည်း High Speed ကို Support လုပ်ပေးတယ်။ Signal Range လည်း အရမ်းကောင်းတယ်။ Linksys

မှာလည်းပဲ D-Link ကဲ့သို့အမျိုးအစားစုံလင်စွာရှိပါတယ်။ Linksys ရဲ့ WAP 54 G Model Wireless Access Point

ဟာဆိုရင် 802.11b Standard ရော 802.11g Standard Equipment တွေရောကို Support လုပ်ပါတယ်။  WAP 54

G Model မှာတော့ Router Function မပါရှိပါဘူး။ Router ပါတဲ့ Function ကို ၀ယ်ချင်တယ်ဆိုရင်တော့ Linksys

WRT-54G Wireless-G Router Model ကို ၀ယ်လိုက်ပါ။ ၄င်း Model မှာဆိုရင် Device ၃ မျိုးအဖြစ်အသုံးပြုလို့ရပါတယ်။

Wireless-g (or) Wireless-b တွေအတွက် Wireless Access Point အဖြစ်အသုံးပြုလို့ရသလို Wired-Ethernet Device

တွေနဲ့ ချိတ်ဆက်ဖို့အတွက် 10/100 Mbps Port ၄ခုရှိပါတယ်။ ၄င်းနောက် High-Speed Cable နဲ့ DSL Internet

Connection တွေကို Share ပေးအသုံးပြုဖို့ရန် Router Function တွေပါရှိပါတယ်။ 802.11n Standard တွေထဲမှာဆိုရင်

WAP 400 N Wireless-N Access Point with Power Over Ethernet Model Wireless-N Ethernet Bridge with

Dual Band WET610N WAP စသဖြင့် ရှိပါတယ်။ ဒါက Linksys နဲ့ ပတ်သက်လို့ပြေပြတာနော်။

အခြားအမျိုးအစားတွေမှာလည်းပဲ သူ့ Model တွေနဲ့သူရှိကြပါတယ်။ ကိုယ်ရဲ့ Burget အခြေအနေ ၊ လိုအပ်တဲ့  Speed ၊

အခြား လိုချက်တွေပေါ်မူတည်ပြီး ရွေးချယ်ဝယ်ယူလို့ရပါတယ်။ ကဲ……………ဒီလောက်ဆိုရင်တော့ Wireless Access

Point တွေကို ရွေးချယ်ဝယ်ယူနိုင်လောက်ပြီလို့ထင်ပါတယ်။



Ref: www.zawlinyouth.net

သင့် laptop computer battery မကြာခဏ အားကုန်တတ်ပါသလား..?

Laptop computer battery တွေဟာ များသောအားဖြင့် ၃ နှစ်မှ ၅ နှစ် အထိ သို့မဟုတ် အားသွင်းမှု အကြိမ် ၁၀၀၀ လောက် ခံနိုင်ပါတယ်..အထူးပြုလုပ်ထားတဲ့ ဘက္ထရီတွေကတော့ နဲနဲ ပိုပြီးတော့ ကြာရှည်ခံနိုင်ပါတယ်။ အားသွင်းတဲ့ အကြိမ်ရေများလာတာနဲ့အမျှ ဘက္ထရီရဲ့ ဓါတ်အားသိုလှောင်နိုင်စွမ်း(capacity)ဟာ လျှော့ကျလာတတ်ပါတယ်။အားအပြည့် သွင်းထားတဲ့အသစ်စက်စက် laptop computer တစ်လုံးရဲ့ ဘက္ထရီဟာ သုံးနာရီခွဲလောက် အသုံးခံနိုင်တယ်ဆိုရင်တောင် တစ်နှစ်လောက်အကြာ သုံးပြီးတဲ့အခါ သုံးနာရီလောက်တောင် အသုံးမခံနိုင်တော့ပါဘူး..အဲဒီလိုဖြစ်လာပြီဆိုရင် သင့်ရဲ့ ဘက္ထရီအား ဘယ်လောက်ကုန်သွားပြီ ဘယ်လောက်ကျန်သေးဆိုတာကို သိဘို့လိုအပ်ပါပြီ..တိုင်းတာဖို့ battery meter ကို ဘယ်လိုရနိုင်မလဲ..။ လွယ်ပါတယ်…အလကားပေးထားတဲ့ web site တွေ ရှိပါတယ်..
PC အတွက်.. http://osirisdevelopment.com/BatteryBar/
MAC အတွက်.. http://download.cnet.com/coconutBattery/3000-2094_4-75049.html
အဲဒီ software များက သင့်ဘက္ထရီ ဘယ်လောက်သုံးပြီပြီ..ဘယ်လောက်ဆက်သုံးလို့ရသေးတယ်ဆိုတာကို တိုင်းတာပေးပါလိမ့်မယ်..
ဘက္ထရီထဲမှာရှိတဲ့ ဓာတုဗေဒပစ္စည်းများ အမြဲတမ်း အပြန်အလှန်ဓါတ်ပြုနေခြင်းကြောင့် သင့်ရဲ့ laptop ဘက္ထရီကို အသစ်စက်စက်လို ပြန်ဖြစ်အောင် ဘယ်လိုမှ ပြန်လုပ်လို့မရတော့ပါဘူး..
ဒါပေမဲ့ ဘက္ထရီကို နဲနဲ ပိုကောင်းလာအောင် သင်ကိုယ်တိုင်လုပ်နိုင်တဲ့ နည်းအချို့တော့ ရှိပါတယ်..စမ်းကြည့်ပါ.သင့်အတွက် အသုံးတဲ့ကောင်းတဲ့ပါလိမ့်မယ်..။
ပထမအနေနဲ့..သင့်ရဲ့ ဘက္ထရီကို အားအပြည့်သွင်းပါ..ပြီးရင် နောက်ထက် နှစ်နာရီလောက် ထပ်ပြီးအားသွင်းထားပေးလိုက်ပါ..ပြီးရင် Power cord ဖြုတ်လိုက်ပါ..power management ကို သွားပြီး never turn off လုပ်ထားပေးပါ ဒါမှမဟုတ် မော်နီတာရဲ့ brightness ကို အနိမ့်ဆုံးမှာထားပေထားလိုက်ပါ..
ဒုတိယနည်း…ဘက္ထရီကို လုံးဝ ကုန်ခမ်းသွားအောင် သုံးပစ်လိုက်ပါ..ပြီးရင် အဲဒီကုန်သွားတဲ့ အတိုင်းနောက်ထပ် လေးငါးခြောက်နာရီလောက် ပစ်ထားလိုက်ပါ..ပြီးမှ အားအပြည့်ပြန်သွင်းပေးပါ..ဘက္ထရီရဲ့ကြာရှည်ခံနိုင်အား ပြန်တက်လာတာတွေ့ရပါလိမ့်မယ်..
Laptop computer ကို မသုံးဘဲထားရင် အမြဲတမ်းအားသွင်းထားပေးရမယ် ဆိုတဲ့ အယူအဆဟာလည်း မှားယွင်းကြောင်း …ပြောလိုက်ပါရစေ ...

Ref: http://mmict.net/index.php?topic=3654.0

Laptop Battery ကို ကြာရှည်စွာအသုံးပြုနိုင်ရန်

အကြောင်းအမျိုးမျိုးကြောင့် Laptop များကို မီးမရရှိပဲ Laptop ၏ Battery ကိုသာ အသုံးပြု၍ ကွန်ပျူတာကို သုံးစွဲမည်ဆိုပါက Laptop Battery ကြာရှည်စွာအသုံးပြုနိုင်ရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည်။

၁။ Screen Brightness ကိုလျော့ချအသုံးပြုခြင်း။
Screen ၏ Brightness ကိုပိုမိုအသုံးပြုပါက Laptop ၏ Battery ကို ပိုမိုမြန်ဆန်စွာကုန်ဆုံးစေပါသည်။ ထို့ကြောင့် Laptop ၏ Scan Brightness ကို လျော့ချ၍သုံးစွဲရန် လိုအပ်ပါသည်။ Brightness ကို လျော့ချရန်အတွက် Laptop Battery icon ကို Right Click နှိပ်၍ More Power Option ကိုဝင် ရောက်ရပါမည်။ Power options window ပွင့်လာသောအခါ screen brightness ကိုအနည်းဆုံးသို့လျော့ချရန်အတွက် ဘယ်ဘက် အဆုံးထိပြောင်းပေးရပါမည်။ ထိုသို့ screen brightness ကို အနည်းဆုံးသို့ လျော့ချအသုံးပြုခြင်းသည် မျက်လုံးများအတွက်လည်းကောင်းမွန်စေပါသည်။

၂။ Screensavers အသုံးပြုခြင်းကိုပိတ်ထားခြင်း။
Screensavers များအသုံးပြုခြင်းသည်လည်း Laptop ၏ Battery များကို လျင်မြန်စွာကုန်ဆုံးရခြင်း၏ အကြောင်းရင်းတစ်ရပ်ပင် ဖြစ်သည်။ Screensavers များကို ပိတ်ထားပါက Laptop ၏ Battery ကို ပိုမိုကြာရှည်စွာအသုံးပြုနိုင်ပါသည်။ Screensavers များကို ပိတ်ထားရန်အတွက် Desktop ပေါ်တွင် Right click နှိပ်၍ Properties ကို ၀င်ရောက်ရပါမည်။ ထို့နောက် Screensavers tab သို့ဝင်ရောက်၍ None ကိုရွေးချယ်၍ Ok ပေးရပါမည်။

၃။ Defragmentation ပြုလုပ်ပေးခြင်း။
Computer ၏ hard disk drive များကို Defragmentation ပြုလုပ်ပေးခြင်းသည် ကွန်ပျူတာ၏ စွမ်းဆောင်မှုကို မြင့်တက်စေသလို Laptop ၏ Battery သုံးစွဲခြင်းကိုလျော့နည်းစေသည့်အတွက် ပြုလုပ်ပေးရန်လိုအပ်ပါသည်။ Defragmentation ပြုလုပ်ပေးရန်အတွက် Window တွင်ပါဝင်သော Defragmenteကို အသုံးပြုနိုင်သကဲ့သို့၊ အခြား Defragmentation ပြုလုပ်ပေးသည့် Software များကိုလည်းအသုံးပြုနိုင်ပါသည်။ Defragmentation ပြုလုပ်ရန် အတွက် hard disk drive တစ်ခုကို Right click နှိပ်၍ properties သို့ ၀င်ရောက်ရပါမည်။ ထို့နောက် Tools tab ကို ၀င်ရောက်၍ Defrayments now ကိုနှိပ်၍ hard disk drive တစ်ခုခြင်းစီကို Defragmentation ပြုလုပ်ပေးရပါမည်။

၎။ အသုံးမလိုသည့် Applications များကို Disable ပြုလုပ်ထားခြင်း။
အချို့ သော Applications များသည် ကွန်ပျူတာစတင်အလုပ်လုပ်သည်နှင့်တစ်ပြိုင် နက်တည်း အလုပ်လုပ်ရန် မလိုအပ်ပါ။ ဥပမာအားဖြင့် Adobe reader, Zune, iTunes and Google desktop အစရှိသည့် Applications များဖြစ်ပါသည်။ အဆိုပါ Applications များကို Startup menu တွင် Disable ပြုလုပ်ထားခြင်းဖြင့် Laptop ၏ Battery ကိုကြာရှည်စွာအသုံးပြုနိုင်ပါသည်။ Startup menu တွင် မလိုအပ်သည့် Applications များကို Disable ပြုလုပ်ရန်အတွက် Start မှ Run ကိုဝင်ရောက်ရပါမည်။ Run box တွင် Msconfig ဟုရိုက်ကာ Startup tab သို့ဆက်လက်ဝင်ရောက်ရပါမည်။ ထို့နောက်မလိုအပ်သည့် Applications များကို Uncheck ပြုလုပ်ပေး၍ ok ပေးပြီးနောက် Restart ချပေးရပါမည်။

၅။ External USB devices များကိုအသုံးမပြုခြင်း။
External USB devices များကို အသုံးပြုခြင်းသည် Laptop ၏ Battery များကို လျင်မြန်စွာကုန်ဆုံးစေပါသည်။ ထို့ကြောင့် External USB Devices များဖြစ်သော external hard drive, pen drive, mouse, memory card, iPod or iPhone အစရှိသည်တို့ကိုအသုံးပြုခြင်း၊ ချိတ်ဆက်ထားခြင်းတို့ကို ရှောင်ကြဉ်ရပါမည်။

၆။ RAM ကိုတိုးမြှင့်ခြင်း။
အကယ်၍ ကွန်ပျူတာတွင် အသုံးပြုသည့် RAM သည် Window ၏ လိုအပ်ချက်နှင့် မကိုတ်ညီပဲစွမ်းဆောင်မှုနိမ့်နေပါက အဆိုပါ RAM ၏ လိုအပ်ချက်သည်လည်း Laptop ၏ Battery ၏ ခံနိုင်ရည်အားကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် System ၏ လိုအပ်ချက်နှင့်အညီ RAM ကိုတိုးမြှင့်ပေးရန်လိုအပ်ပါသည်။

၇။ CD/DVD အသုံးမပြုခြင်း။
Laptop တစ်လုံးကို Battery ဖြင့် အသုံးပြုနေပါက CD/DVD အသုံးပြုခြင်းကို ရှောင်ကြဉ်ရပါမည်။ CD/DVD အသုံးပြုခြင်းသည် Laptop ၏ Battery ကို လျင်မြန်စွာ ကုန်ဆုံးစေနိုင်ပါသည်။

၈။ အသုံးမပြုသည့်အချိန်တွင် Sleep or standby ပြုလုပ်ခြင်း။
ကွန်ပျူတာကိုသုံးခြင်းမှ ခေတ္တခဏရပ်နားသည့်အခါမျိုးတွင် Standby သို့မဟုတ် sleep ပြုလုပ်ထားခြင်းသည် power သုံးစွဲမှုကို လျော့နည်းစေပြီး Battery ကို ကြာရှည်စွာ သုံးစွဲနိုင်စေပါသည်။ Standby သို့မဟုတ် sleep ပြုလုပ်ထားခြင်းသည် ကွန်ပျူတာကို ပြန်လည်အသုံးပြုလိုသည့်အခါတွင် လွယ်ကူလျင်မြန်စွာအသုံးပြုနိုင်ပါသည်။

၉။ Laptop ကိုအေးသောနေရာတွင်ထားရှိအသုံးပြုခြင်း။
Laptop ကို အပူချိန်မြင့်သောအခန်းများတွင် အသုံးပြုပါက Laptop တွင်ပါဝင်သော Fan သည် အပူကို ချေဖျက်ရန်အတွက် အလုပ်ပိုမိုလုပ်ဆောင်ရပြီး Laptop Battery ကို လျင်မြန်စွာကုန်ဆုံးစေပါသည်။ ထို့ကြောင့် Laptop ကို အပူချိန်နည်း၍ အေးမြသောအခန်းများတွင် အသုံးပြုရန်လိုအပ်ပါသည်။

၁၀။ Screen resolution ကိုလျော့ချအသုံးပြုခြင်း။
Screen resolution ကို အနည်းဆုံးသို့လျော့ချအသုံးပြုပါက Laptop ၏ Battery ကို အချိန်ကြာကြာအသုံးပြုစေရန် အထောက်အကူပြုပါသည်။ Screen resolution ကိုလျော့ချရန်အတွက် Desktop ပေါ်တွင် Right click ဖြင့် Properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် Display Properties Panel တွင်းမှ Settings tab သို့ဝင်ရောက်၍ Screen resolution ကိုဘယ်ဘယ်သို့ရွှေ့ ပြောင်း၍ အနည်းဆုံးသို့လျော့ချပေးနိုင်ပါသည်။

၁၁။ Switch off Wireless။
Laptop အများစုတွင် Internet နှင့်ချိတ်ဆက်အသုံးပြုရန်အတွက် Wireless connection ပါရှိပါသည်။ Internet အသုံးမပြုပါက Wireless connection ကို ပိတ်ထားသင့်ပါသည်။ Wireless connection ကိုပိတ်ထားခြင်းဖြင့် Laptop ၏ Battery ကို ကြာရှည်စွာအသုံးပြုနိုင်ပါသည်။

၁၂။ Visual Effects များကိုပြင်ဆင်ပေးခြင်း။
ကွန်ပျူတာတွင် Visual Effects များကိုပြင်ဆင်ပေးခြင်းဖြင့် Laptop ၏ Battery ကို ကြာရှည်စွာအသုံးပြုစေနိုင်ပါသည်။ Visual Effects ကို ပြင်ဆင်ရန်အတွက် my computer ကို Right click နှိပ်၍ properties သို့ ၀င်ရောက်ရပါမည်။ ထို့နောက် advance tab မှ performance ရှိ Settings ကိုနှိပ်၍ ၀င်ရောက်ရပါမည်။ Adjust the appearance and performance of window ကိုနှိပ်၍ Performance Options အတွင်းမှ Visual Effects သို့ဝင်ရောက်ရပါမည်။ “Visual Effects” tab အတွင်း၌ “Adjust for best performance” ကို check ပေးလိုက် သည့်အခါ Visual Effects များကိုပြင်ဆင်ပြီးဖြစ်ပါသည်။

(ထိုသို့ပြုလုပ်ရာတွင် Visual Effects များအားလုံးအလုပ်မလုပ်တော့ဘဲ သာမန်ရိုးရှင်းသည့် Window ပုံစံ ဖြစ်သွားမည့်အတွက် ကွန်ပျူတာကိုလှလှပပဖြစ်စေရန် Effects များကိုအသုံးပြုသူများအတွက် သတိထားရန်လိုအပ်ပါသည်။)

၁၃။ Laptop Battery ကို အားကုန်အသုံးပြုခြင်း။
Laptop Battery ကို နှစ်လလျှင်တစ်ကြိမ်ခန့်  အားကုန်အောင်သုံးစွဲပြီးနောက် ပြန်လည်အားဖြည့်သင့်ပါသည်။ ထိုအချက်သည်လည်း Laptop Battery ကို ကြာရှည်အသုံးပြုနိုင်ရန်အတွက် အထောက်အကူပြုပါသည်။ ကွန်ပျူတာဝယ်သည့်အခါ ပါရှိသည့် Battery နှင့် ပတ်သက်သည့် အညွှန်းကိုလည်း သေချာဖတ်ကြည့်ရန်လိုအပ်ပါသည်။

၁၄။ Background color ရွေးချယ်အသုံးပြုခြင်း။
Background color အသုံးပြုရာတွင် အနက်ကိုအသုံးပြုပြီး Wallpapers များကို ဖြုတ် ထားခြင်းသည်လည်း Laptop Battery ကို ကြာရှည်စွာအသုံးပြုနိုင်ပါသည်။ အဖြူရောင်များကို Background color အဖြစ်အသုံးများလေ Laptop Battery အားကို လျင်မြန်စွာကုန်ဆုံးလေ ဖြစ်ပါသည်။

၁၅။ Battery ကို အားသွင်းနေစဉ် Laptop ကို အသုံးမပြုခြင်း။
Battery ကို အားသွင်းနေစဉ် Laptop ကိုအသုံးပြုခြင်းသည် Battery ၏ အသုံးပြုနိုင်ရန် သတ်မှတ်ထားသည့်ကြာချိန်ကိုလျော့ကျစေနိုင်ပါသည်။ ထို့ကြောင့် Laptop Battery များကို ပထမဦးစွာ အားဖြည့်ပြီးမှသာအသုံးပြုသင့်ပါသည်။


သူငယ်ချင်းတစ်ယောက်ဆီမှ နည်းပညာများကို ပြန်လည်ဝေမျှပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။

Ref: http://mmict.net/index.php?topic=8301.0

Hardisk ထဲက Data တွေကို အပြီးအပိုင်ဖျက်ပစ်ချင်လျှင်...

ဗဟုသုတလေးတစ်ခုပါ.. သိပြီးသားသူတွေကတော့ကျော်ဖတ်သွားလိုက်ပါနော်.. မိမိ Hardisk ထဲက Data တွေကို အပြီးအပိုင်ဖျက်ပစ်ချင်ရင် ဘယ်လိုလုပ်ကြမလဲ.. များသောအားဖြင့်တော့ Shift + Delete လို့ပြောကြမှာပါ..  Shift + Delete လုပ်တာက တစ်ကယ်တမ်း ပျက်မသွားပါဘူး.. Recovery Tool တွေနဲ့ပြန်ရှာရင်ရနိုင်ပါတယ်.. ကဲဒါဆိုနောက်တစ်နည်း Format ချကြည့်လိုက်မယ်.. ဒါဆိုရင်တော့ Recovery Software နဲ့ရှာရင်တော့ နည်းနည်းပြန်ရဖို့ခက်သွားပြီ...သူက Address Table ကိုဖျက်လိုက်တာကိုး.ဒါပေမယ့်လုံးဝမရတာတော့မဟုတ်ဘူးနော် ဆရာ့ဆရာကြီးများနဲ့တွေ့ရင်ပြန်ရနိုင်ပါတယ်..ကိုယ့် Hardisk က သူများလက်ထဲပေးလိုက်ရလို့ ကိုယ် Data တွေကိုဘယ်လိုမှပြန်ဖော်လို့မရအောင်ဖျက်ချင်တယ်ဆိုရင်တော့ Disk Wiping လုပ်ရမှာပါ.. Disk Wiping လုပ်တဲ့ Software တွေရှိပါတယ်.. အောက်မှာနမူနာလေးတစ်ခုပြထားပါတယ်...

:28ဒီနေရာလေးမှာနော်..

အသေးစိတ်လေ့လာချင်တယ်ဆိုရင်တော့ အောက်က Link နှစ်ခုမှာသွားရောက်လေ့လာနိုင်ပါတယ်..

https://www.anti-forensics.com/disk-wiping-one-pass-is-enough/

http://www.webopedia.com/DidYouKnow/Computer_Science/2007/completely_erase_harddrive.asp

အဆင်ပြေကြပါစေ..  :51 :51 :51

Ref: http://mmict.net/index.php?action=forum

Linux command ၁၀ ခု


လူတိုင်းနီးပါ၊ Linux သုံးတဲ့သူမှမဟုတ်ပါဘူး၊ ဘယ် OS ကို သုံးတဲ့သူဖြစ်ဖြစ် command မရိုက်ချင်ကြပါဘူး။ ဒါပေမဲ့ Linux မှာ Command ကို သုံးတာ အလုပ်ကိုတွင်ကျယ်စေပါတယ်။ ရွေးချယ်စရာတွေများတယ်။ စိတ်ချရတယ်။

/usr/bin ထဲမှာ command ပေါင်း ၂၁၉၉ နီးပါး ရှိပါတယ်။ /usr/sbin ထဲမှာတော့ ၃၈၈ လောက် ရှိပါတယ် လို့ (Mandriva Spring 2008) တုန်းက မှတ်ချက်ပြုထားပါတယ်။ အဲဒီ Command တွေ အကုန်လုံးကို မသိတောင် အနည်းဆုံး ၁၀ ခုလောက်တော့ Linux ကို နေ့စဉ် အသုံးပြုနေတဲ့ သူတွေ သိသင့်ပါတယ်။

ကျွန်တော်တို့ အမြဲတမ်းအသုံးပြုနေတဲ့ command တွေရှိပါတယ်။ (cd,ls,rm,etc… (etc က တော့ command မဟုတ်ဘူးနော်)) အဲလောက်တင်လားဆိုတော့ မဟုတ်သေးပါဘူး။ အရမ်း အသုံးဝင်တဲ့ command တွေ ရှိပါသေးတယ်။ ဘယ် linux မှာ ဖြစ်ဖြစ် အသုံးပြုလို့ရပါတယ်။ ကြည့်ကြည့်ပါအုံး။

၁၊ top


“top” ကတော့ အခုလက်ရှိဘာတွေ လုပ်နေလည်း၊ ဘယ် ပရိုဂရမ်တွေ ဖွင့်ထားလည်း၊ ဘယ်ဟာက RAM ဘယ်လောက်သုံးနေလည်း၊ စက်ရဲ့ RAM က ဘယ်လောက်ရှိလည်းဆိုတာတွေအကုန် ပြနေပါလိမ့်မယ်။ တစ်ခုခု အသစ် ဖွင့်လိုက်တိုင်းလည်း အဲဒီ list ထဲမှာ ပြနေမှာပဲ ဖြစ်ပါတယ်။

“top” က သင့်ကို အချိန်နဲ့ တစ်ပြေးညီ သင့်စက် ဘာတွေ လုပ်နေလည်း ဆိုတာကို ပြပေးမှာဖြစ်ပါတယ်။ (#top) ကိုရိုက်လိုက်ရင် အခု လက်ရှိ ကွန်ပြူတာက လုပ်နေတဲ့ အလုပ်တွေ အကုန်လုံးပြပါလိမ့်မယ်။ root က ဘာတွေ လုပ်နေလည်း၊ User က ဘာတွေလုပ်နေလည်း စသည်ဖြင့်။ ဘယ် user က ဘယ် ပရိုဂရမ်ကို အသုံးပြုနေလည်း ဆိုတာကိုလည်း (#top -u username) အားဖြင့် User တစ်ယောက်ချင်းစီ လုပ်ဆောင်ချက်တွေကိုလည်း ကြည့်နိုင်ပါတယ်။

GUI မှာတော့ System Monitor လို့ခေါ်ပါတယ်။ Windows မှာတော့ Task Manager ပါ။ GUI မှာတော့ အမြဲတမ်း အရှေ့ဆုံးမှာ focus ဖြစ်နေပါတယ်။ command မှာတော့ minimize လုပ်ထားနိုင်ပါတယ်။

၂၊ ln

bookmark လုပ်တာပါ။ Network ထဲက Folder ကို ဖြစ်ဖြစ်၊ Server က folder တစ်ခုတည်းကို User အများကြီးက သုံးချင်တယ်ဆိုရင်ပဲ ဖြစ်ဖြစ် ချိတ်ပေးထားနိုင်ပါတယ်။ Network ထဲမှာဆိုရင် လုံခြုံရေးပိုင်း အနေနဲ့လည်း ကာကွယ်ပြီးသားဖြစ်နေပါလိမ့်မယ်။ (ဥပမာ Group တစ်ခုလုပ်ထားပြီး အဲဒီ Group ထဲက user တွေကိုပဲ အဲဒီ Folder ကို read/write ပေးလုပ်မယ်ဆိုသလိုမျိုးပေါ့) GUI (nautilus) မှာ တော့ Bookmark ဆိုတာပါပါတယ်။ Windows မှာဆိုရင် Desktop shortcut လုပ်သလိုမျိုးပါ။

၃၊ tar/zip/gzip/unrar/unzip


ဖိုင်တွေကို ခြုံ့လို့ရမယ်။ ခြုံ့ထားတဲ့ ဖိုင်တွေကို ဖြည်မယ်။ Argument တွေ ပြောင်းလိုက်ယုံနဲ့ အလွယ်တကူ ကိုယ်လုပ်စေချင်တာ လုပ်သွားတဲ့ အတွက် အလုပ်ကို လွယ်ကူမြန်ဆန်စေပါတယ်။ GUI နဲ့ဆိုရင်တော့ Right click > Extract here ပေါ့။

၎၊ nano,vi,emacs
command line text editor ပါ။ nano လား၊ vi လား၊ emacs လား၊ အဲဒီစစ်ထဲတော့ ကျွန်တော်မပါချင်ပါဘူး။ ကြိုက်တာသုံးပါ။ ကျွန်တော်ကတော့ nano သုံးပါတယ်။ တော်တော်များများကတော့ ပြောပါတယ်။ nano က အသုံးသိပ်မတည့်ဘူးပေါ့။ လုပ်လို့ရတယ့် function နည်းတယ်လို့ ပြောကြပါတယ်။ အဲဒါကပဲ ကျွန်တော့်အတွက်တော့ အလွန်ရိုးရှင်းနေတာပါ။ Linux စက်တစ်လုံးကို Administration လုပ်မယ်ဆိုရင်တော့ command line text editor တစ်ခုခုကို မဖြစ်မနေ ကိုင်တွယ် အသုံးပြုတတ်နေရပါမယ်။ GUI မှာတော့ Gvim ဒါမှမဟုတ် gedit ရှိပါတယ်။

၅၊ grep

ဒီ command ကတော့ လူကြိုက်တော်တော်များပါတယ်။ ဖိုင်တစ်ဖိုင်ကို လိုချင်သလို ပိုင်းပိုင်း ဖတ်လို့ရတာပါပဲ။ ဥပမာ httpd.conf ဖိုင်ကို ဖတ်မယ် ဆိုပါဆို့။ အဲဒီဖိုင်က စာကြောင်းရေ ၁၀၀၀ ကျော်ရှိတယ်။ အဲဒီဖိုင်ထဲမှာ ဘယ်နေရမှာ “AccessFileName .htaccess” ဆိုတာရှိသလည်းသိချင်တယ်။

စာကြောင်း ၁၅၃ မှာ ရှိပါတယ်ဆိုပါဆို။ ရိုးရိုး ဖတ်မယ်ဆိုရင် ၁၅၃ ကိုရောက်အောင် down arrow ကို ဖိထားရပါတယ်။ ဖိထားယုံနဲ့တော့မရပါဘူး၊ လိုက်ဖတ်နေရအုံးပါမယ်။ grep သုံးကြည့်ရအောင်။ grep -n “AccessFileName .htaccess” /etc/apache2/apache2.conf ဒါဆို terminal မှာ “153:AccessFileName .htaccess” ဆိုပြီး တန်းပြပါလိ့မ်မယ်။ လွယ်ဘူးလားဗျာ။

GUI မှာ gedit နဲ့ဖွင့်ပြီး Search လုပ်လို့ရပါတယ်။

“grep” က တစ်ခြား command တွေနဲ့လည်း piping (|) နဲ့ခံပြီး တွဲသုံးလို့ရပါသေးတယ်။ ဥပမာ တစ်ခုအနေနဲ့ “ps”(လက်ရှိဘာတွေ run နေလည်းဆိုတာကြည့်တာပါ) နဲ့တွဲသုံးကြည့်ရအောင်။ firefox က အလုပ်ကောင်းကောင်းမလုပ်ပဲ hang နေတယ် ဆိုပါတော့။ firefox ရဲ့ PID ကို ကြည့်ပြီးတော့ firefox ကို ပိတ်ပစ်ချင်တယ်။ “ps aux” ရိုက်လိုက်ရင် Run ထားတာတွေ အကုန်ထွက်လာပါလိမ့်မယ်။ အများကြီးထဲကမှ firefox ကိုလိုက်ရှာနေမလား ကြာပါတယ်။ “ps aux|grep firefox” လို့ပြောင်းရိုက်လိုက်ပါ။ firefox’s process တစ်ခုတည်း မြင်ရပါလိမ့်မယ်။

GUI မှာ System monitor ကနေ ကြည့်လို့ရပါတယ်။

၆၊ chmod

File/folder တွေကို permissions ပြောင်းတာပါ။ Web tool တော်တော်များများမှာ တိကျတဲ့ permissions လိုပါတယ်။ chmod ကို မသုံးခင် w=write,r=read,နဲ့ x=execute ကို အမှတ်ရနေပါ။ ဘယ်ဖိုင်က ဘယ် permissions တွေလိုလည်း သေသေချာချာကြည့်ပါ။ rw- rw- rw- ဆိုရင်တော့ User, Group and Other User အကုန်လုံး read/write permissions ရနေပါလိမ့်မယ်။ အဆင်မပြေပါ။ Other user အတွက် အကန့်အသတ်နဲ့သာဖြစ်သင့်ပါတယ်။ read only ဒါမှမဟုတ် execute only. GUI (nautilus) မှာ တော့ right click > properties > Permissions

၇၊ dmesg

old-school လို့ ကျွန်တော့်ကို ခေါ်ချင်ခေါ်ပါ။ ဒါပေမယ့် device တစ်ခု Linux စက်မှာ တပ်လိုက်တာနဲ့ dmesg ကို အရင်ဆုံးရိုက်ပါတယ်။ သူက kernel buffer တွေအားလုံးကို ပြပါတယ်။ အရေးကြီးပါတယ်။ သိသင့်သိထိုက် တဲ့ information တွေ ဖြစ်တဲ့ system architecture, gpu, network device, kernel boot options used, RAM totals စသည်ဖြင့်ပါ။

နည်းနည်း trick လေးလုပ်ကြည့်ချင်လား။ tail ခံပြီး ရိုက်ကြည့်ရအောင်။ (dmesg | tail -f) ဒါဆိုရင် နောက် ဆုံး လေးငါးကြောင်း ပြပါလိမ့်မယ်။ ဒါပေမယ့် တစ်ခုခု ထူးခြားတိုင်း (စက်ကို အလုပ်တွေများကြီး ခိုင်းထားတဲ့အချိန် ဒါမှမဟုတ် debugging လုပ်နေတုန်းအချိန်) အဲဒီ လေးငါးကြောင်းမှာပဲ အသစ် အသစ်တွေကို မြင်နေရပါလိမ့်မယ်။

၈၊ kill/killall

အခုဆိုရင် Linux kernel က တော်တော့်ကို stability ဖြစ်နေပါပြီ။ kernel နဲ့ မသက်ဆိုင်တဲ့ တစ်ချို့ ဆော့ဝဲ တွေက တစ်ခါတစ်လေ ကြောင်တတ်ပါတယ်။ အဲဒီအတွက် သူ့ကို ဖျက်ထုတ်ပစ်ဖို့(အဲဒီ ဆော့ဝဲကို restart ပြန်လုပ်ပစ်ဖို့ ရပ်ပစ်ပြီး ပြန်စဖို့) လိုပါတယ်။ အဲဒီအတွက် အမြန်ဆုံးနည်းလမ်းကတော့ “kill” ဒါမှမဟုတ် “killall” နဲ့ လုပ်ပစ်တာပါပဲ။ “kill” နဲ့ “killall” ကွာတာကတော့ kill က PID(process ID number) လိုပြီး၊ killer ကတော့ ဆော့ဝဲ နာမည်လိုပါတယ်။

တစ်ခုလုပ်ကြည့်ရအောင်။ ဥပမာ၊ firefox က hang ဖြစ်နေတယ် ဆိုပါတော့။ firefox ကို ရပ်ပစ်ဖို့အတွက် kill ကို အသုံးပြုပါမယ်။ kill ကို အသုံးပြုမယ်ဆိုရင် PID လိုမယ်။ ဘယ်လိုရမလည်း ဆိုတော့ ps aux|grep firefox နဲ့ ကြည့်ရပါမယ်။ PID ကို ps နဲ့မကြည့်ချင်ဘူးဆိုရင်လည်း killall firefox ဆိုပြီး တန်းရိုက်လို့ရပါတယ်။ ဒါပေမယ့် killall က daemons process (Apache,Samba,etc) တွေကို အလုပ်လုပ်ချင်မှလုပ်ပါမယ်။ GUI မှာတော့ System monitor ကနေ kill process လုပ်လို့ရပါတယ်။

၉၊ man

RTFM “Read the Fine Manual” အဲဒီစကားလုံးကို ဘယ်လောက်များများ သင်တွေ့ဘူးပါသလဲ။ ကျွန်တော့်အတွက်တော့ Linux မှာ Manual ဖတ်နေတာထက် manpages ကို ဖတ်လိုက်တာ ပိုအလုပ်ဖြစ်မယ်လို့ ထင်ပါတယ်။ “Read the fine Manpages” ပေါ့။ Manpage တွေက ပုံစံတစ်ခုတည်းနဲ့ ရေးထားတာပါ။ တစ်ခုကို နားလည်အောင် ဖတ်ကြည့်ပြီးသွားပြီဆိုရင် နောက် ဘယ်ဟာကို ဖတ်ဖတ် နားလည်လွယ်လာပါလိမ့်မယ်။ command တိုင်းရဲ argument တွေကလည်း ဆက်စပ်မှုတွေ ရှိနေပါတယ်။

အပေါ်ဆုံး နှစ်ကြောင်းသုံးကြောင်းဖတ်လို့နားမလည်းလည်း ကိစ္စမရှိပါဘူး။ ဆက်ကြည့်သွားပါ၊ detail ကို ရှင်းပြထားတာတွေ လည်း ပါပါတယ်။ Linux command တွေကို အလုပ်လုပ်ဖို့အတွက် အကုန်လုံး အလွတ်ကျက်နေစရာ မလိုပါဘူး။ ဘယ်နားရှိမယ်ဆိုတာပဲ သိယုံနဲ့ အလုပ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ manpages တွေကို ဖတ်တတ်အောင် ကြိုးစားပါ။

၁၀၊ mount/umount


removable media တွေ တပ်မယ်၊ ဖြုတ်မယ်ဆိုရင် သုံးပါတယ်။ boot တက်တာနဲ့ တပ်ဆင်ထားတာတွေကိုတော့ /etc/fstab ဖိုင်မှာ ရေးထားပါတယ်။ mount/unmount ကတော့ root privileges(super user) လိုပါတယ်။ mount command ကို ဘာ arugument မှမထည့်ပဲလည်း ရိုက်ကြည့်နိုင်ပါတယ်။ စက်မှာ ဘယ် devices တွေတပ်ထားလည်း ပြလာမှာဖြစ်ပါတယ်။

အထက်ပါ ၁၀ ခုကတော့ Linux administration အတွက် မရှိမဖြစ်လိုတာတွေပါ။ အဲဒါလေးလောက်ပဲ သိထားတာကိုပဲ တော်တော် အကူအညီရနေပါပြီ။ အလုပ်လုပ်ရာမှာ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ဖြစ်စေပါတယ်။ ဒီ ၁၀ ခုတင်လားဆိုတော့လည်း မဟုတ်သေးပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် လိုအပ်ချက်ချင်းမတူသလိုပေါ့။ liux server ကိုင်နေတာလား၊ ဒါမှမဟုတ် Linux နဲ့ web developement လုပ်နေတာလား၊ တစ်ကိုယ်ရည် သုံးပဲလားဆိုတာမှာလည်း ကွဲပြားမှုတွေ ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော် နေ့တိုင်း အဲဒီ ၁၀ ခုထဲက တစ်ဝက် ကျော်ကျော် ကို အမြဲတမ်း အသုံးပြုရပါတယ်။



ref>>>> www.pcworld.com
နည်းပညာတို့ရဲ့ ဆုံမှတ်များဖိုရမ်

Ubuntu Linux နှင့် ကျွှန်တော်ကြုံတွေခဲ့ရသောအခက်အခဲများ



Ubuntu  Linux 11.10


Ubuntu  Linux ကိုစပြီးသုံးတဲ့သူတိုင်း အခက်အခဲလေးတွေတော့ရှိကြမှာပါ
ကျွန်တော်လည်းတော်တော်လေးတိုင်ပတ်ခဲ့ပါတယ်..ဟီးး.. ဒါပေမဲ့စူးစမ်းလေ့လာချင်တဲ့စိတ်က လည်းထိန်းမရဘူးဆိုတော့
မရရအောင်လုပ်မယ် ဆိုပြီးတော့ လက်မလျော့ပဲ လေ့လာလိုက်ပါတယ် တွေ့ ရပါပြီဘာမှမသိပဲ ရမ်းလုပ်တော့အမှားတွေနဲ့ အရင်ဆုံး
ရင်ဆိုင်လိုက်ရပါတယ် ဘယ်လိုအမှားမျိုးလဲ အများကြီးပါ ကျွန်တော်အရင်ဆုံး သုံးခဲ့တဲ့ နည်းလေးကိုအရင်ပြောပြပါမယ်
နောက်ဆုံးဗားရှင်းဖြစ်တဲ့ Ubuntu  Linux 11.10 ကိုအရင်ဒေါင်းလိုက်တယ် ၁၅ နာရီ ၁၆ နာရီလောက်ကြာအောင်ကို အပင်ပန်းခံပြီးတော့
ဒေါင်းယူလိုက်ရပါတယ်(မှတ်ချက်။  ။မြန်မာပြည်ကဆိုရင်တော့ ဒေါင်းမနေပါနဲ့  အခွေသာဆိုင်ကနေ၀ယ်လိုက်ပါ) ဒေါင်းပြီးသွားတော့
cd ခွေထဲကိုဘမ်းပြီးတော့ထည့်လိုက်ပါတယ် အဲ့မှာပဲစက်ထဲကိုဘယ်လိုငါဘယ်လို တင်ရပါမလဲ ဆိုပြီးတွေးနေ၇တယ် သူ့ ကိုအခွေနဲ့လည်းဘမ်းပြီး
သွားပြီဆိုတော့ စက်ထဲကိုဘယ်လိုအင်စတော့လုပ်ရမလဲဆိုတာမသိတော့ youtube ထဲမှာရှာလိုက်ပါတယ်ကံကောင်းစွာပဲတွေ့ လိုက်ရတယ်
သူဘယ်လိုသွင်းလဲဆိုတာကို ထပ်တလဲလဲနားလည်အောင်ကြည့်လိုက်တယ် အခုကျွန်တော် youtube ထဲကလမ်းညွှန်မူ့ အတိုင်း လိုက်လုပ်ကြည့်ပါတယ်
အဆင်ပြေသွားပါတယ်  Ubuntu  Linux window ကြီးကိုပျော်ရွှင်စွာပဲတွေ့ လိုက်ရတယ် ကျွန်တော်ထင်ထားတာက ရိုးရိုးဝင်းဒိုးတွေလို မြန်မာဖောင့်တွေ
နဲ့ တခြား softwares တွေကို window 7 တွေမှာလိုပဲ Install သွင်းရင်ရမယ်ထင်နေတာ... ဟီးးး 306
တော်တော်စိတ်ညစ်သွားတယ် မြန်မာဖောင့်တောင်မသွင်းတက်တော့ဘူး တခြား vlc player တို့  ဘာတို့တွေကတော့ သူအထဲမှာပါတဲ့ Ubuntu Softwares Center
ထဲမှာအဆင်သင့်ထည့်ထားပြီးသားဆိုတော့ အလွယ်တကူ ပဲ Install ဆိုတာလေးကိုကလစ်ပြီးသွင်းလိုက်ရုံပါပဲ မြန်မာဖောင့် ဇော်ဂျီ ပေါ့ သူကတော့အဲ့ထဲမှာမပါဘူး
စာရိုက်ပြီးသိတဲ့သူတွေကိုမေးဖို့ ကြတော့လည်း မေးထဲကပဲချက်လို့ ရတာရယ် English လိုပဲရိုက်လို့ ရတာရယ်ကြောင့် တိုင်ပတ်နေပါရော ဖုန်းကြတော့လဲမေးထဲကနေ
ခေါ်လို့ ကမရ ပြီးတော့ Ubuntu Linux နဲ့သက်ဆိုင်တာတွေရေးထားတဲ့ဆိုဒ်တွေဝင်ဖက်တော့လည်း မြန်မာလိုကမရဆိုတော့ တော်တော်စိတ်ပျတ်သွားတယ်...
အဲ့ဒါနဲ့ ပဲ ဒီလောက်ခတ်တာမသုံးတော့ဘူးဆိုပြီးတော့ စက်ကို ရီစတက်ချပြီးတော့ သုံးနေကြ window 7 လေးပဲပြန်ဖွင့်ပြီးတော့ သုံးလိုက်တော့တယ်
Ubuntu  Linux window ကိုကျွန်တော်က partation  ခွဲပြီးတော့ တင်ထားတာဆိုတော့ အဲ့ခွဲထားတဲ့partation ထဲကနေ ပြီးတော့ Uninstall နဲ့ ပြန်ဗွမ်းထုတ်လိုက်ရော
စိတ်ကတော့မကုန်နှိုင်သေးဘူးလေ အဲ့ဒါနဲ့ပဲ Ubuntu  Linux window ကို virtual box နဲ့ window 7 ပေါ်မှာပဲသုံးလို့ ရတဲ့နည်းလေးတွေ့ပါပြီ
ဒီကောင်လေးကမဆိုးဘူးပြောရမယ် ပေါ့ဘာလို့ လဲဆိုတော့ window 7 ပေါ်မှာပဲ window နဲ့အတူတွဲပြီးတော့အသုံးပြုလို့ ရနေလို့ ပါ မသိတာကို window 7 က Gtalk ကနေပြီးတော့မေးတယ် ပြီးရင် virtual box ထဲမှာတင်ထားတဲ့ Ubuntu  Linux ကိုကလိတယ် မြန်မာဖောင့်ထည့်တာတော့အဆင်ပြေသွားပြီ ခတ်တာက virtual box
ထဲမှာသုံးရတာက window 7 ပေါ်မှာပဲသုံးနေရတာဆိုတော့ window ကအရမ်းလေးနေတယ် အဲ့မှာပဲ ကိုသူ၇ိန်နဲ့တွေ့ တော့ သူက Usb နဲ့သုံးကြည့်အဆင်ပြေတယ်
ဆိုတာနဲ့ ထပ်ပြောင်းသုံးကြည့်အုံးမယ်ဆိုပြီးတော့ virtual box ထဲမှာတင်ထားတဲ့ Ubuntu  Linux ကိုတော့မဗွမ်းသေးဘဲအဲ့ဒီအတိုင်းလေးထားပြီးတော့ Usb wubi
နဲ့သုံးတဲ့နည်းကိုထပ်စမ်းလိုက်တယ် ဘယ်နေရာမှားသွားလဲမပြောတက်ပါဘူး ၀င်းဒိုးတင်းပြီးတော့ ရီစတက် ချလိုက်တာပြန်တက်လာတဲ့ window က Ubuntu  Linux
ကနေစပြီးတက်ပါရော  window 7 နဲ့သုံးချင်ရင် window 7 နေရာလေးကို arrow နဲ့ ရွှေ့ ပြီးတော့ပြောင်းပေးနေရပါတယ်...:)
ကဲကဲအတိုချုံးပြီးတော့ပဲပြောလိုက်တော့မယ် အဲ့ကောင်ကို မသုံးချင်ဘူး partation ထဲကနေပဲသုံးတော့မယ် ဆိုပြီးစိတ်ကတမျိုးဖြစ်သွားပြီး
ဒီကောင်ကိုလည်းဗွမ်းချင်လာပြန်ပါရော :P ကဲထပ်ဗွမ်းလိုက်ရော ကျွန်တော်ကသူများတွေလို ရိုးရိုးလေးမဗွမ်းပဲ စတန့် ထွင်ပြီးတော့ ဗွမ်းလိုက်တာ
window Restart ကြသွားပြီးပြန်တက်အလာကိုစောင့်နေတာ တက်လာတော့ window 7 ပါမတွေ့ ရတော့ဘူး :)
ကျွန်တော်ထိုင်ငိုချင်သွားတယ် စက်တော့ဆရာမနှိုင်တော့လို့ ဆိုင်ပို့ ရပြီထင်နေတာ ကြည့်အုံလေတက်လာတဲ့ ၀င်းဒိုးမှာကလည်း
စာကတကြောင်းထဲ စက်ခရင်အမဲကြီးအပေါ်မှာ partation 0, dv 0 ဘာညာပေါ့ မထူးပါဘူး ဒီလောက်တောင်အဆင်မပြေချင်တဲ့ Ubuntu  Linux
ထပ်ပြီးတင်မယ်ကွာဆိုပြီး Ubuntu  Linux 11.10 Usb wubi  ကိုစက်ထဲထည့်လိုက်ပြီး ၀င်းဒိုးပြန်တင်ပစ်လိုက်တယ်
အဲ့မှာပဲတော်သေးတယ် စောစောကပျောက်သွားတဲ့ window 7 ကိုတွေ့ လိုက်ရတယ် အဲ့နေရာမှာမေးတယ်ပေါ့ Ubuntu  Linux ကို window 7 နေရာမှာတင်မှာလား
partation ခွဲပြီးတော့တင်မှာလားဆိုတော့ partation ခွဲပြီးပဲတင်လိုက်တယ် ၀င်းဒိုးတင်ပြီးတော့ Restart ချလိုက်တယ်ပြန်တက်လာတဲ့အခါမှာတော့ အရင်ကလိုပဲ
window 7 ပါ မပျောက်သွားပဲ အရင်အတိုင်းလေးကိုပါပြန်တွေ့ လိုက်ရတယ် ပျော်သွားတယ် Ubuntu  Linux ကိုလည်းကောင်းကောင်လေး အသုံးပြုတက်လာခဲ့တယ်
ဆရာအဆင့်တော့မရောက်သေးပေမဲ့ သိထားတာလေးတွေနဲ့ ကြုံတွေခဲ့ရတာလေးတွေကို ကျွန်တော် တင်ပြဆွေးနွေးပေးသွားမှာပါ။

Ubuntu  Linux ကိုစတင်အသုံးပြုမဲ့သူတွေအတွက် အတက်နှိုင်ဆုံးနားလည်အောင် ရှင်းပြပေးသွားပါမယ်။

နည်းပညာတို့ရဲ့ ဆုံမှတ်များဖိုရမ်

Linux ကိုစတင်လေ့လာမည့် သူများအတွက် သိထားသင့်သည့်အချက် (၁၀)ချက်


ကွန်ပျူတာတစ်လုံးကို စတင်အသုံးပြုနိုင်ဖို့အတွက် အလိုအပ်ဆုံးအရာတစ်ခုဖြစ်တဲ့ Computer Operating System တွေ များစွာရှိတဲ့အထဲကမှ ယခုနောက်ပိုင်းမှာ လူသုံးများလာပြီး Open Source System တစ်ခုလည်း ဖြစ်တဲ့ Linux Operatin System အကြောင်းကို စတင်လေ့လာမယ့်သူတွေအတွက် မသိမဖြစ်သိထားသင့်တဲ့ အခြေခံအချက် (၁၀)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ အမှန်တစ်ကယ်တော့ Linux ဆိုတာဟာ---


(၁) Operating System တစ်ခုသာ ဖြစ်ပါတယ်။


Windows & Mac တို့လိုပဲ Linux ဆိုတာဟာလည်း Operating System တစ်မျိုးသာဖြစ်ပါတယ်။ Operating System ဟာ user application တွေနဲ့ hardware တို့အကြား ကြားခံအလွှာတစ်ခုအဖြစ်နဲ့ တည်ရှိနေတာဖြစ်ပြီး နောက်ပိုင်းမှာတော့ web browser အသုံးပြုနိုင်တဲ့ operating system တွေဟာ ပိုမိုနေရာရရှိလာကြပါတယ်။


(၂) Windows မဟုတ်ပါ။

ကွန်ပျူတာနဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိသေးသူတွေအတွက် Windows, Mac နဲ့ Linux တို့ရဲ့ ကွဲပြားခြားနားချက်တွေကို သေချာသတိထားမိမှာ မဟုတ်ပါဘူး။ Operating System တစ်မျိုးချင်းစီရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ အပြုအမူတွေက တူညီလေ့မရှိဘူးဆိုတာကို အသုံးပြုသူတွေအနေနဲ့ သတိပြုထားသင့်ပါတယ်။


(၃) C ဆိုတာ မရှိပါ။

Linux အသုံးပြုသူတွေဟာ ဖိုင်လမ်းကြောင်းနဲ့ ပတ်သက်ပြီး /home/USERNAME (အသုံးပြုသူမှ username အဖြစ်သုံးတဲ့နာမည်) ကိုသာ သိထားဖို့လိုပါတယ်။ Home Directory မှာ Documents, Pictures, Music, Video စတဲ့ Directory တွေပါဝင်ပြီး ဖိုင်တွေကို သိမ်းဆည်းတဲ့အခါမှာလည်း home directory ကိုသိရုံနဲ့ ပြုလုပ်နိုင်ပါတယ်။


(၄) ဆော့ဖ်ဝဲထည့်သွင်းပုံခြင်းမတူညီပါ။

Windows OS မှာဆိုရင် ဆော့ဖ်ဝဲထည့်သွင်းလိုတဲ့အခါမှာ ထည့်သွင်းလိုတဲ့ ဆော့ဖ်ဝဲရဲ့ .exe ဖိုင်ကို double-click ပြုလုပ်ပြီး Install ပြုလုပ်ရပေမယ့် Linux OS မှာ ဆော့ဖ်ဝဲထည့်သွင်းရင်တော့ Ubuntu Software Centre, PackageKit, Synaptic တို့လိုမျိုး Add/Remove Software tool ကိုဖွင့်ပြီး ထည့်သွင်းလိုတဲ့ ဆော့ဖ်ဝဲကို ရှာဖွေကာ Install ပြုလုပ်ရမှာ ဖြစ်ပါတယ်။


(၅) Command Line တွေမလိုအပ်ပါ။

Linux ကို စတင်လေ့လာပြီး အသုံးပြုမယ့် သူတွေမေးလေ့ရှိကြတာကတော့ Command line တွေအသုံးပြုရမှာလားဆိုတာပါပဲ။ Linux user တွေအတွက် command line တွေ အသုံးပြုစရာမလိုပါဘူး။ လုပ်ငန်းအတော်များများကို GUI မှ တစ်ဆင့် ညွှန်ကြားခိုင်းစေခြင်းတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။


(၆) ဗိုင်းရပ်စ်တွေရဲ့ ရန်ကိုလည်း စိုးရိမ်းစရာမလိုပါဘူး။


ကွန်ပျူတာ operating system တွေအတွက် malware နဲ့ ဗိုင်းရပ်စ်တွေရဲ့ အန္တရာယ်ကို စိုးရိမ်ရလေ့ရှိပေးမယ့် Linux operating system ကို အသုံးပြုသူတွေအတွက်တော့ အဆိုပါ အန္တရာယ်ကို လုံးဝစိုးရိမ်စရာမလိုပါဘူး။


(၇) အခမဲ့လည်းအသုံးပြုနိုင်ပါတယ်။

Open Source ဆော့ဖ်ဝဲတစ်မျိုးဖြစ်တဲ့ Linux ကိုအခမဲ့လည်း ရယူအသုံးပြုနိုင်ပါတယ်။ Open Source ဆော့ဖ်ဝဲတွေဟာ လူ့ဘောင်အဖွဲ့အစည်းအတွက်သာမကပဲ တစ်ကိုယ်ရေသုံး ကွန်ပျူတာတွေအတွက်လည်း အသုံးပြုသင့်တဲ့ Operating System တစ်မျိုးဖြစ်ပါတယ်။


(၈) ကြိုက်နှစ်သက်မှုမရှိတော့ရင်လည်း အလွယ်တကူပြောင်းလဲ အသုံးပြုနိုင်ပါတယ်။

Linux အကြောင်းကို စတင်လေ့လာနေသူတွေအတွက် သိထားသင့်တဲ့အချက်တစ်ခုကတော့ Linux OS ဟာ Windows နဲ့ Mac တို့နဲ့ မတူညီဘဲ အကယ်၍များ လက်ရှိအသုံးပြုနေတဲ့ Linux desktop ကိုမနှစ်သက်ဘူးဆိုရင် အလွယ်တကူပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ အသုံးပြုသူစိတ်တိုင်းကျ ကျွမ်းကျင်သလို အလွယ်တကူ ပြောင်းလဲ အသုံးပြုနိုင်တဲ့ operating system တစ်မျိုးဖြစ်ပါတယ်။


(၉) Hardware တွေအားလုံးတော့ အသုံးပြုနိုင်ခြင်းမရှိပါဘူး။

Linux operating system မှာ hardware စနစ်အားလုံးကိုတော့ အဆင်ပြေစွာ အသုံးပြုနိုင်ခြင်း မရှိသေးပါဘူး။ Hardware တွေအားလုံးတော့ မဟုတ်ပေမယ့် multifunction printer တွေ၊ အချို့ wireless card တွေနဲ့ Laptop display တွေမှာဆိုရင် ၎င်းပြဿနာဟာရှိနေဆဲပဲ ဖြစ်ပါတယ်။


(၁၀) Google ကအကောင်းဆုံးအဖော်မွန်ပါ။

တစ်ကယ်လို့များ Linux ကို အသုံးပြုနေရင်းနဲ့ ပြဿနာတစ်စုံတစ်ရာ ပေါ်လာတာပဲဖြစ်ဖြစ်၊ အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီး ပိုမိုသိရှိလိုတာပဲဖြစ်ဖြစ် ဖြစ်ပေါ်လာခဲ့တယ်ဆိုရင် Google search က အကောင်းဆုံး အဖော်မွန်ပဲဖြစ်ပါတယ်။ Google ကနေပြီး Linux နဲ့ ပတ်သက်တဲ့ အဖိုးမဖြတ်နိုင်တဲ့ အကြောင်းအရာ၊ ဗဟုသုတတွေကို ရှာဖွေတွေ့ရှိနိုင်ပါလိမ့်မယ်။




ref  ...   Computer Technical Notes & Sharing Softwares

connection ဖြတ်မယ်

Router ရဲ. ip table ထဲကိုဝင်လိုက်ပြီးတော့ connection identify လုပ်လိုက်ပါ..
ဒါလေးသုံးလိုက် netstat ဒါမှမဟုတ် tcpdump ပေါ့..
ဒါဆိုရင် comment သုံးပြီး ရိုက်ကြည့်ပါ..
connection အကုန်လုံးဖြတ်မည်ဆိုပါက # cutter {ip-adress}{port}  ကိုရိုက်ရမည်..

Sunday, April 21, 2013

Trouser Trouble Summer Demo-APK-(ဘောင်းဘီချွတ်‌တဲ့ ဂိမ်း)(3Mb)



ကမ်း‌ခြေမှာ ‌တွေ့သမျှ ‌ယောက်ျား‌လေး မိန်းက‌လေးများကို ‌ဘောင်းဘီလိုက်‌ချွတ်‌ရမှာပါ ။
အကုန်‌လုံးနီးပါ လိုက်‌ချွတ်‌နိုင်‌မှ ‌နောက်‌ထပ်‌ Level အသစ်‌ကို ကစားနိုင်‌မှာဖြစ်‌ပါတယ်‌။
စိတ်‌ဝင်‌စားတဲ့ ‌ဘော်‌‌ဘော်‌များကစားနိုင်‌ပါပြီ..
Required: O/S: Android:1.6+
Trouser Trouble Summer Demo-APK-အားရယူရန်—-> DOWNLOAD




Thanks; Aung BoBoLwin , bobolwin36@facebook.com

Mini Dash v1.00 Apk Game 28MB

ဒီဂိမ်းလေးကတော့ အက်ရှင်ဂိမ်းကြိုက်တဲ့ သူငယ်ချင်းတွေအတွက် အဆင်ပြေမယ့် ဂိမ်းလေးပါ
သူက မြန်မြန်ဆန်ဆန်သွားလာရမှာဖြစ်ပြီး သွားမယ်လမ်းတိုင်းမှာ အန္တရယ်တွေ စောင့်ကြိုနေပါတယ်
LEVELတစ်ခုတက်လာတိုင်း ပိုပိုပြီးခက်ခဲပါတယ် ဂိမ်းအသစ်လေးပါ
မှာလေ့လာပြီး ကစားမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
download>>>>mirrorupload (or)zippyshare (or)sharebeast
 


Credit: http://www.myanmarmobileapp.com/2013/04/20/mini-dash-v1-00-apk-game-28mb/

photoshop အားလေ့လာချင်သူများအတွက်

http://mmphotoshop.net/

တော်တော်ကောင်းသော ဆိုဒ်တစ်ခုဖြစ်ပါတယ်...
Photoshop သင်ခန်းစာတွေ..tutorial တွေလဲ တော်တော်ကို စုံပါတယ်..
သွားရောက်လေ့လာနိုင်ပါတယ်....
အဆင်ပြေကြပါစေ..

Power DVD 13 ( FullVers. )



Cyber Link ရဲ့ Power DVD ဆိုရင် computer သုံးသူတိုင်း သိကြပါတယ်။

 အခု version 13 ပါ ၊

အထဲမှာပါတဲ့ Patch File ကိုဖွင့်ချင်ရင် Anivirus disable လုပ်မှရမှာပါ ၊။

FullVersion ဖြစ်ကြောင်း သေချာစမ်းပြီးပြီဖြစ်ပါသည် ၊




Size - 121 MB
Link -

:28 ဒီနေရာလေးမှာပါ


IT Group

GiliSoft USB Lock 3.1.0 Full Version

USB ကို လော့ချချင်သူတွေအတွက် အသုံးဝင်မှာပါ မိမိ ကွန်ပျူတာက
Data တွေကို အခြားသူတွေက ကူးယူတာကို မလိုလားသူတွေ
သုံးနိုင်ပါသည်  3.5 MB ပဲရှိပါတယ်...



DOWNLOAD

password=s&s

Ref: http://mmict.net/index.php

Basic & Dynamic Disk

Basic Disk နှင့် Dynamic Disk အကြောင်းရေးထားတာမတွေ့မိလို့ ရေးပေးလိုက်ပါတယ်.. အကြောင်းအရာတူရှိနေရင် ဖျက်ပေးပါ..

နောက်ပိုင်း Windows Versions တွေနဲ့ပဲယှဉ်ပြီးရေးသွားလိုက်မယ်နော်... အကျဉ်းလေးပေါ့

Basic နဲ့ Dynamic ရဲ့သဘောတရားလေးကို အရင်ပြောပါ့မယ်.. Basic ဆိုတာ တည်ငြိမ်တဲ့သဘောရှိပါတယ်.. Dynamic ဆိုတာကတော့ ရွေ့လျားတယ်ပေါ့

ဆိုလိုတာက ကျွန်တော်တို့ Computer တွေမှာပါတဲ့ Hardisk တွေကို Basic Hardisk လို့ခေါ်ပါတယ်.. Removable Disk တွေ USB, ExternalHardisk

တွေကတော့ Dynamic Disk တွေပေါ့..ဒါကတော့ယေဘုယျကိုပြောတာပါ.. ကိုယ်သတ်မှတ်ချင်သလိုပြောင်းလဲလို့ရပါတယ်.. တရားသေတော့မဟုတ်ပါဘူး..

Basic Disk ကတော့ Windows တင်တဲ့ Disk ပေါ့.. Microsoft က သူ့ရဲ့ Windows ကို Dynamic Disk ပေါ်မှာ တင်ရင်ခွင့်မပြုဘူးလို့ကန့်သတ်ထား

ပါတယ်.. ဆိုလိုတာကတော့ အခု Windows တွေက Dynamic Disk ကို Support မလုပ်ဘူးပေါ့.. ဟိုးအရင်တုန်းက Windows တွေမှာတော့ Support

လုပ်ပါတယ်.. နောက်တစ်ခုကတော့ Basic Disk ကနေ Dynamic Disk ကို Restrat ချစရာမလိုဘဲနဲ့ ပြောင်းနိုင်ပါတယ်.. ဒါပေမယ့် Dynamic ဖြစ်နေတဲ့

Volume ကို Basic ဖြစ်အောင်ပြန်ပြောင်းချင်တယ်ဆိုရင်တော့ ဒီတိုင်းမရပါဘူး. First Wiping, Recreate Volume စသည်ဖြင့်လိုအပ်မှာဖြစ်ပါတယ်..

Basic Disk မှာ Primary Partition တွေ Extended Partition တွေ Logical Drive တွေပါဝင်ပါတယ်.. Dynamic Disk မှာကျတော့

Features အသစ်တွေနည်းနည်းပါလာပါတယ်.. Volume တွေအများကြီးကိုစုပေါင်းအသုံးပြုရတဲ့အခါမှာ သိသာပါတယ်.. Array Volume လုပ်တာတွေ

Spanned Volume လုပ်တာ၊ Striped Volume လုပ်တာ၊ Mirror Volume လုပ်တာတွေ၊ Hardisk တွေအများကြီးကို တွဲသုံးရတဲ့အခါမျိုးမှာ တွဲလေ့ရှိတဲ့

RAID 5 တွဲတာမျိုးတွေ ပါလာပါတယ်.. ပုံမှန်ကွန်ပျူတာသုံးမယ်ဆိုရင်တော့ဒါတွေမရှိလည်းဖြစ်ပါတယ်. ဒါပေမယ့် Server တွေထိုင်တော့မယ်ဆိုရင်လို

လာပါပြီ.. အင်တာနက်ဆိုင်က Server ကိုပြောတာမဟုတ်ဘူးနော်.. ရုပ်သံလွှင့်ရုံလိုဟာမျိုးတွေကိုပြောချင်တာပါ.. Data တွေအများကြီးကိုသိုလှောင်ထား

ရမယ့် ဟာမျိုးတွေ Switch တွေအများကြီးနဲ့ အလုပ်လုပ်နေတဲ့ Data Center တွေက Server တွေမှာသုံးတဲ့ Server တွေပေါ့..

ဥပမာဗျာ.. 100TB ရှိတဲ့ Hardisk တစ်ခုလိုချင်တယ်ဆိုပါတော့ ဒါဆိုရင် Hardisk တစ်လုံးတည်းနဲ့မရနိုင်တော့ဘူးလေ.. ---TB ရှိတဲ့ Hardisk တွေ

အများကြီးကို RAID တွဲဖို့လိုအပ်လာပြီဖြစ်ပါတယ်. အဲဒီနေရာမျိုးမှာ ကိုယ်လုပ်ချင်တဲ့အပေါ်မှာမူတည်ပြီးတော့ RAID အမျိုးအစားတွေကိုရွေးချယ်မယ် တွဲသုံး

မယ်ပေါ့.. Windows XP မှာဆိုရင်တော့ Mirror Volume နဲ့ RAID 5 ကို Support မလုပ်ပါဘူး.. ဒါက Dynamic Disk တွေမှာလုပ်နိုင်တာလေးတွေပါ..

ဒီလောက်ဆိုရင် နည်းနည်းလေးတီးမိခေါက်မိဖြစ်လိမ့်မယ်လို့ထင်ပါတယ်.. အဆင်ပြေကြပါစေ..  :51 :51 :51 
ဆက်လက်လေ့လာ လိုသေးရင်တော့ အောက်မှာ Basic & Dynamic Disk အကြောင်းရေးထားတဲ့စာအုပ်လေး ဆက်တင်ပေးလိုက်ပါတယ်

DOWNLOAD

Ref: http://mmict.net/index.php