Tuesday, April 23, 2013

Laptop Battery ကို ကြာရှည်စွာအသုံးပြုနိုင်ရန်

အကြောင်းအမျိုးမျိုးကြောင့် Laptop များကို မီးမရရှိပဲ Laptop ၏ Battery ကိုသာ အသုံးပြု၍ ကွန်ပျူတာကို သုံးစွဲမည်ဆိုပါက Laptop Battery ကြာရှည်စွာအသုံးပြုနိုင်ရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည်။

၁။ Screen Brightness ကိုလျော့ချအသုံးပြုခြင်း။
Screen ၏ Brightness ကိုပိုမိုအသုံးပြုပါက Laptop ၏ Battery ကို ပိုမိုမြန်ဆန်စွာကုန်ဆုံးစေပါသည်။ ထို့ကြောင့် Laptop ၏ Scan Brightness ကို လျော့ချ၍သုံးစွဲရန် လိုအပ်ပါသည်။ Brightness ကို လျော့ချရန်အတွက် Laptop Battery icon ကို Right Click နှိပ်၍ More Power Option ကိုဝင် ရောက်ရပါမည်။ Power options window ပွင့်လာသောအခါ screen brightness ကိုအနည်းဆုံးသို့လျော့ချရန်အတွက် ဘယ်ဘက် အဆုံးထိပြောင်းပေးရပါမည်။ ထိုသို့ screen brightness ကို အနည်းဆုံးသို့ လျော့ချအသုံးပြုခြင်းသည် မျက်လုံးများအတွက်လည်းကောင်းမွန်စေပါသည်။

၂။ Screensavers အသုံးပြုခြင်းကိုပိတ်ထားခြင်း။
Screensavers များအသုံးပြုခြင်းသည်လည်း Laptop ၏ Battery များကို လျင်မြန်စွာကုန်ဆုံးရခြင်း၏ အကြောင်းရင်းတစ်ရပ်ပင် ဖြစ်သည်။ Screensavers များကို ပိတ်ထားပါက Laptop ၏ Battery ကို ပိုမိုကြာရှည်စွာအသုံးပြုနိုင်ပါသည်။ Screensavers များကို ပိတ်ထားရန်အတွက် Desktop ပေါ်တွင် Right click နှိပ်၍ Properties ကို ၀င်ရောက်ရပါမည်။ ထို့နောက် Screensavers tab သို့ဝင်ရောက်၍ None ကိုရွေးချယ်၍ Ok ပေးရပါမည်။

၃။ Defragmentation ပြုလုပ်ပေးခြင်း။
Computer ၏ hard disk drive များကို Defragmentation ပြုလုပ်ပေးခြင်းသည် ကွန်ပျူတာ၏ စွမ်းဆောင်မှုကို မြင့်တက်စေသလို Laptop ၏ Battery သုံးစွဲခြင်းကိုလျော့နည်းစေသည့်အတွက် ပြုလုပ်ပေးရန်လိုအပ်ပါသည်။ Defragmentation ပြုလုပ်ပေးရန်အတွက် Window တွင်ပါဝင်သော Defragmenteကို အသုံးပြုနိုင်သကဲ့သို့၊ အခြား Defragmentation ပြုလုပ်ပေးသည့် Software များကိုလည်းအသုံးပြုနိုင်ပါသည်။ Defragmentation ပြုလုပ်ရန် အတွက် hard disk drive တစ်ခုကို Right click နှိပ်၍ properties သို့ ၀င်ရောက်ရပါမည်။ ထို့နောက် Tools tab ကို ၀င်ရောက်၍ Defrayments now ကိုနှိပ်၍ hard disk drive တစ်ခုခြင်းစီကို Defragmentation ပြုလုပ်ပေးရပါမည်။

၎။ အသုံးမလိုသည့် Applications များကို Disable ပြုလုပ်ထားခြင်း။
အချို့ သော Applications များသည် ကွန်ပျူတာစတင်အလုပ်လုပ်သည်နှင့်တစ်ပြိုင် နက်တည်း အလုပ်လုပ်ရန် မလိုအပ်ပါ။ ဥပမာအားဖြင့် Adobe reader, Zune, iTunes and Google desktop အစရှိသည့် Applications များဖြစ်ပါသည်။ အဆိုပါ Applications များကို Startup menu တွင် Disable ပြုလုပ်ထားခြင်းဖြင့် Laptop ၏ Battery ကိုကြာရှည်စွာအသုံးပြုနိုင်ပါသည်။ Startup menu တွင် မလိုအပ်သည့် Applications များကို Disable ပြုလုပ်ရန်အတွက် Start မှ Run ကိုဝင်ရောက်ရပါမည်။ Run box တွင် Msconfig ဟုရိုက်ကာ Startup tab သို့ဆက်လက်ဝင်ရောက်ရပါမည်။ ထို့နောက်မလိုအပ်သည့် Applications များကို Uncheck ပြုလုပ်ပေး၍ ok ပေးပြီးနောက် Restart ချပေးရပါမည်။

၅။ External USB devices များကိုအသုံးမပြုခြင်း။
External USB devices များကို အသုံးပြုခြင်းသည် Laptop ၏ Battery များကို လျင်မြန်စွာကုန်ဆုံးစေပါသည်။ ထို့ကြောင့် External USB Devices များဖြစ်သော external hard drive, pen drive, mouse, memory card, iPod or iPhone အစရှိသည်တို့ကိုအသုံးပြုခြင်း၊ ချိတ်ဆက်ထားခြင်းတို့ကို ရှောင်ကြဉ်ရပါမည်။

၆။ RAM ကိုတိုးမြှင့်ခြင်း။
အကယ်၍ ကွန်ပျူတာတွင် အသုံးပြုသည့် RAM သည် Window ၏ လိုအပ်ချက်နှင့် မကိုတ်ညီပဲစွမ်းဆောင်မှုနိမ့်နေပါက အဆိုပါ RAM ၏ လိုအပ်ချက်သည်လည်း Laptop ၏ Battery ၏ ခံနိုင်ရည်အားကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် System ၏ လိုအပ်ချက်နှင့်အညီ RAM ကိုတိုးမြှင့်ပေးရန်လိုအပ်ပါသည်။

၇။ CD/DVD အသုံးမပြုခြင်း။
Laptop တစ်လုံးကို Battery ဖြင့် အသုံးပြုနေပါက CD/DVD အသုံးပြုခြင်းကို ရှောင်ကြဉ်ရပါမည်။ CD/DVD အသုံးပြုခြင်းသည် Laptop ၏ Battery ကို လျင်မြန်စွာ ကုန်ဆုံးစေနိုင်ပါသည်။

၈။ အသုံးမပြုသည့်အချိန်တွင် Sleep or standby ပြုလုပ်ခြင်း။
ကွန်ပျူတာကိုသုံးခြင်းမှ ခေတ္တခဏရပ်နားသည့်အခါမျိုးတွင် Standby သို့မဟုတ် sleep ပြုလုပ်ထားခြင်းသည် power သုံးစွဲမှုကို လျော့နည်းစေပြီး Battery ကို ကြာရှည်စွာ သုံးစွဲနိုင်စေပါသည်။ Standby သို့မဟုတ် sleep ပြုလုပ်ထားခြင်းသည် ကွန်ပျူတာကို ပြန်လည်အသုံးပြုလိုသည့်အခါတွင် လွယ်ကူလျင်မြန်စွာအသုံးပြုနိုင်ပါသည်။

၉။ Laptop ကိုအေးသောနေရာတွင်ထားရှိအသုံးပြုခြင်း။
Laptop ကို အပူချိန်မြင့်သောအခန်းများတွင် အသုံးပြုပါက Laptop တွင်ပါဝင်သော Fan သည် အပူကို ချေဖျက်ရန်အတွက် အလုပ်ပိုမိုလုပ်ဆောင်ရပြီး Laptop Battery ကို လျင်မြန်စွာကုန်ဆုံးစေပါသည်။ ထို့ကြောင့် Laptop ကို အပူချိန်နည်း၍ အေးမြသောအခန်းများတွင် အသုံးပြုရန်လိုအပ်ပါသည်။

၁၀။ Screen resolution ကိုလျော့ချအသုံးပြုခြင်း။
Screen resolution ကို အနည်းဆုံးသို့လျော့ချအသုံးပြုပါက Laptop ၏ Battery ကို အချိန်ကြာကြာအသုံးပြုစေရန် အထောက်အကူပြုပါသည်။ Screen resolution ကိုလျော့ချရန်အတွက် Desktop ပေါ်တွင် Right click ဖြင့် Properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် Display Properties Panel တွင်းမှ Settings tab သို့ဝင်ရောက်၍ Screen resolution ကိုဘယ်ဘယ်သို့ရွှေ့ ပြောင်း၍ အနည်းဆုံးသို့လျော့ချပေးနိုင်ပါသည်။

၁၁။ Switch off Wireless။
Laptop အများစုတွင် Internet နှင့်ချိတ်ဆက်အသုံးပြုရန်အတွက် Wireless connection ပါရှိပါသည်။ Internet အသုံးမပြုပါက Wireless connection ကို ပိတ်ထားသင့်ပါသည်။ Wireless connection ကိုပိတ်ထားခြင်းဖြင့် Laptop ၏ Battery ကို ကြာရှည်စွာအသုံးပြုနိုင်ပါသည်။

၁၂။ Visual Effects များကိုပြင်ဆင်ပေးခြင်း။
ကွန်ပျူတာတွင် Visual Effects များကိုပြင်ဆင်ပေးခြင်းဖြင့် Laptop ၏ Battery ကို ကြာရှည်စွာအသုံးပြုစေနိုင်ပါသည်။ Visual Effects ကို ပြင်ဆင်ရန်အတွက် my computer ကို Right click နှိပ်၍ properties သို့ ၀င်ရောက်ရပါမည်။ ထို့နောက် advance tab မှ performance ရှိ Settings ကိုနှိပ်၍ ၀င်ရောက်ရပါမည်။ Adjust the appearance and performance of window ကိုနှိပ်၍ Performance Options အတွင်းမှ Visual Effects သို့ဝင်ရောက်ရပါမည်။ “Visual Effects” tab အတွင်း၌ “Adjust for best performance” ကို check ပေးလိုက် သည့်အခါ Visual Effects များကိုပြင်ဆင်ပြီးဖြစ်ပါသည်။

(ထိုသို့ပြုလုပ်ရာတွင် Visual Effects များအားလုံးအလုပ်မလုပ်တော့ဘဲ သာမန်ရိုးရှင်းသည့် Window ပုံစံ ဖြစ်သွားမည့်အတွက် ကွန်ပျူတာကိုလှလှပပဖြစ်စေရန် Effects များကိုအသုံးပြုသူများအတွက် သတိထားရန်လိုအပ်ပါသည်။)

၁၃။ Laptop Battery ကို အားကုန်အသုံးပြုခြင်း။
Laptop Battery ကို နှစ်လလျှင်တစ်ကြိမ်ခန့်  အားကုန်အောင်သုံးစွဲပြီးနောက် ပြန်လည်အားဖြည့်သင့်ပါသည်။ ထိုအချက်သည်လည်း Laptop Battery ကို ကြာရှည်အသုံးပြုနိုင်ရန်အတွက် အထောက်အကူပြုပါသည်။ ကွန်ပျူတာဝယ်သည့်အခါ ပါရှိသည့် Battery နှင့် ပတ်သက်သည့် အညွှန်းကိုလည်း သေချာဖတ်ကြည့်ရန်လိုအပ်ပါသည်။

၁၄။ Background color ရွေးချယ်အသုံးပြုခြင်း။
Background color အသုံးပြုရာတွင် အနက်ကိုအသုံးပြုပြီး Wallpapers များကို ဖြုတ် ထားခြင်းသည်လည်း Laptop Battery ကို ကြာရှည်စွာအသုံးပြုနိုင်ပါသည်။ အဖြူရောင်များကို Background color အဖြစ်အသုံးများလေ Laptop Battery အားကို လျင်မြန်စွာကုန်ဆုံးလေ ဖြစ်ပါသည်။

၁၅။ Battery ကို အားသွင်းနေစဉ် Laptop ကို အသုံးမပြုခြင်း။
Battery ကို အားသွင်းနေစဉ် Laptop ကိုအသုံးပြုခြင်းသည် Battery ၏ အသုံးပြုနိုင်ရန် သတ်မှတ်ထားသည့်ကြာချိန်ကိုလျော့ကျစေနိုင်ပါသည်။ ထို့ကြောင့် Laptop Battery များကို ပထမဦးစွာ အားဖြည့်ပြီးမှသာအသုံးပြုသင့်ပါသည်။


သူငယ်ချင်းတစ်ယောက်ဆီမှ နည်းပညာများကို ပြန်လည်ဝေမျှပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။

Ref: http://mmict.net/index.php?topic=8301.0

0 comments:

Post a Comment