Sunday, May 5, 2013

Gmail Account တည်ဆောက်ရာတွင် Verification Code တောင်းခြင်း


Gmail Account တည်ဆောက်ရာတွင် တစ်ခါတည်း ရသွားနိုင်သလို တခါတရံတွင် Verification Code များကိုလည်း တောင်းလေ့ရှိသည်။
ထိုကဲ့သို့ Verification Code တောင်းသည့်အခါ ပြုလုပ်သည့်နည်းနှင့် Verification Code တောင်းခြင်းကို မပေါ်အောင်ပြုလုပ်သည့်နည်း စသဖြင့် နည်းလမ်းများစွာရှိပါသည်။
အခုဖေါ်ပြမည်မှာ Code တောင်းသည့်အခါ ပြုလုပ်သည့်နည်းဖြစ်သည်။ (Gmail ၏ တောင်းဆိုချက်အတိုင်း ပြုလုပ်ခြင်းပင်ဖြစ်သည်။)

• Gmail Account အသစ်တည်ဆောက်သည့် CREATE AN ACCOUNT သို့ဝင်ပြီး တောင်းဆိုသည့်အတိုင်း အကုန်လုံးကို ဖြည့်စွက်ပေးရမည်။
• ထိုသို့ဖြည့်စွက်ပြီးပါက Next step ကိုနှိပ်ရမည်။ ထိုသို့နှိပ်လိုက်လိုက်သောအခါ အောက်ဖေါ်ပြပါပုံကဲ့သို့ Verification Code တောင်းသည့် page ပေါ်လာခဲ့မည်ဆိုပါက



• Phone number ဆိုသည့်နေရာတွင် ကိုယ်အသုံးပြုမည့် ဖုန်းနံပါတ်ကို ထည့်ပေးရမည်။ (WCDMA, CDMA, GSM ကြိုက်ရာအသုံးပြုနိုင်သည်။ ဖုန်း၌ အင်တာနက်ဖွင့်ထားရန် မလိုပါ။)
• Voice Call ကို ရွေးချယ်ပေးရမည်။
• Continue ကိုနှိပ်ရမည်။ ထိုသို့နှိပ်လိုက်စဉ် အောက်ဖေါ်ပြပါပုံကဲ့သို့ Enter Verification code ဟူ၍ တောင်းပါလိမ့်မည်။




• ခဏလေးစောင့်ပါ။ ထိုအခါ Google Service မှ ဖုန်းခေါ်ဆိုမှု ၀င်ရောက်လာပြီး Verification Code (၆) လုံးကို နှစ်ကြိမ် ပြောကြားပါလိမ့်မည်။ ထိုဂဏန်းများကိုမှတ်သားထားပြီး code တောင်းသည့်အကွက်တွင် ဖြည့်ပေးရမည်။ ထိုနောက် Continue ကိုနှိပ်ပါ။
(အသုံးပြုသည့် ဖုန်းနံပါတ်ကို Google မှ မှတ်သားထားပြီး Verification Code ကို အကြိမ်ရေ အကန့်အသတ်ဖြင့်သာ ပေးပါသည်။ သို့သော် ထိုအကြိမ်အရေအတွက်ကို Reset ပြန်ချနိုင်သည်။)
• Google မှ ထိုဂဏန်း (၆)လုံးဖြင့် Verify လုပ်ပြီးသောအခါ မိမိ၏ Google Profile Page ကို စတင် တွေ့မြင်ရမည်ဖြစ်သည်။





• မှတ်ချက်။ ဖုန်းခေါ်ဆိုမှုကို သေချာစွာမှတ်သားလိုပါက Record လုပ်ထားရင် ပိုအဆင်ပြေပါလိမ့်မယ်.. တစ်ချို့သောဖုန်းများတွင် Record လုပ်သည့် software များပါဝင်ပါသည်။ အကယ်၍ မရှိခဲ့ပါက ဖုန်းအ၀င်/အထွက်ကို မှတ်သည့် Recorder software မျိုးကို တင်၍မှတ်သားထားနိုင်သည်။
Android ဖုန်းများအတွက် Recoder (apk) ကို ဒီနေရာတွင် Download လုပ်နိုင်ပါသည်။


♥ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်.....







0 comments:

Post a Comment