BEST Computer Centre

BEST Computer Centre မှ ကြိုဆိုပါသည်။

အမှတ် (၁၇၉)၊ မင်္ဂလာလမ်း၊ ကြောင်ငယ်ရပ်၊ မြိတ်မြို့။ ဖုန်း - ၀၅၉ ၄၂ ၉၇၀၊ ၀၅၉ ၄၂ ၅၀၆

BEST Computer Centre

BEST Computer Centre မှ ကြိုဆိုပါသည်။

အမှတ် (၁၇၉)၊ မင်္ဂလာလမ်း၊ ကြောင်ငယ်ရပ်၊ မြိတ်မြို့။ ဖုန်း - ၀၅၉ ၄၂ ၉၇၀၊ ၀၅၉ ၄၂ ၅၀၆

BEST Computer Centre

BEST Computer Centre မှ ကြိုဆိုပါသည်။

အမှတ် (၁၇၉)၊ မင်္ဂလာလမ်း၊ ကြောင်ငယ်ရပ်၊ မြိတ်မြို့။ ဖုန်း - ၀၅၉ ၄၂ ၉၇၀၊ ၀၅၉ ၄၂ ၅၀၆

BEST Computer Centre

BEST Computer Centre မှ ကြိုဆိုပါသည်။

အမှတ် (၁၇၉)၊ မင်္ဂလာလမ်း၊ ကြောင်ငယ်ရပ်၊ မြိတ်မြို့။ ဖုန်း - ၀၅၉ ၄၂ ၉၇၀၊ ၀၅၉ ၄၂ ၅၀၆

Friday, April 26, 2013

Learning Auto CAD 2010 Part (II) -- အောင်ဇော်လတ်


စာအုပ်အမည်                    -      Learning Auto CAD 2010 Part(II)
စာရေးသူအမည်                  -      အောင်ဇော်လတ်
စာအမျိုးအစား                    -      နည်းပညာ၊ အင်ဂျင်နီယာ(ဒီဇိုင်း)၊


 
 
 
Ref: http://myanmarebooksfree.blogspot.com/2013/03/learning-auto-cad-2010-partii.html

Learning Auto CAD 2010 Part (I) (မြန်မာဘာသာဖြင့်) - အောင်ဇော်လတ်


စာအုပ်အမည်                    -      Learning Auto CAD 2010 Part(I)
စာရေးသူအမည်                  -     အောင်ဇော်လတ်
စာအမျိုးအစား                    -     နည်းပညာ၊ အင်ဂျင်နီယာ(ဒီဇိုင်း)၊

 
Ref: http://myanmarebooksfree.blogspot.com/2013/03/learning-auto-cad-2010-parti.html 

Thursday, April 25, 2013

မိုဘိုင်းမျိုးစုံ Root လုပ်နည်းနှင့် အခြေခံလိုအပ်ချက်များ - အာကာဖြိုး (နည်းပညာ)


စာအုပ်အမည်                  -           မိုဘိုင်းမျိုးစုံ Root လုပ်နည်းနှင့် အခြေခံလိုအပ်ချက်များ 
စာရေးသူအမည်               -           အာကာဖြိုး(နည်းပညာ)
စာအမျိုးအစား                 -           Mobile Phone ၊ နည်းပညာ ၊ ဗဟုသုတ




အဆင့်မြင့်ဒစ်ဂျစ်တယ် ဓာတ်ပုံပညာ - တက္ကသိုလ် စိုးဝင်း


စာအုပ်အမည်              -         အဆင့်မြင့် ဒစ်ဂျစ်တယ် ဓာတ်ပုံပညာ
စာရေးသူအမည်           -         တက္ကသိုလ်စိုးဝင်း
စာအမျိုးအစား             -         နည်းပညာ၊ ဗဟုသုတ


 
Ref: http://myanmarebooksfree.blogspot.com/2013/03/blog-post_30.html

i devices များအတွက် လက်တွေ့သုံး နည်းပညာ - သန်းထိုက် (ရွှေရိပ်)


စာအုပ်အမည်                  -         Idevices များအတွက် လက်တွေ့သုံးနည်းပညာ
စာရေးသူအမည်               -         သန်းထိုက်(ရွှေရိပ်)
စာအမျိုးအစား                 -         Mobile Tech,IDevice, နည်းပညာ


 
Ref: http://myanmarebooksfree.blogspot.com/2013/04/i-devices.html

ကလေးသူငယ် ပြုစုပျိုးထောင်နည်း - ဒေါက်တာတင်မောင်ထွေး (ဒေါက်ထွေးဆေးမန်း)



စာအုပ်အမည်            -      ကလေးသူငယ်ပြုစုပျိုးထောင်နည်း
စာရေးသူအမည်         -      ဒေါက်တာ တင်မောင်ထွေး (ဒေါက်ထွေး ဆေးမန်း)
စာအမျိုးအစား           -      ဘာသာပြန်၊ကျန်းမာရေး၊ကလေးကျန်းမာရေး၊ဗဟုသုတ


ဖုန်းထဲကနေ မလေးရှာထီ စင်္ကပူထီ မြန်မာအောင်ဘာလေထီ တိုက်ဖို့ ဆော့ဝဲ



တစ်ခုက မြန်မာထီတိုက်ဖို့ ပါ ။ ထီပေါက်စဉ်ရှာစရာမလိုတော့ဘူး ဖုန်းထဲကနေပြီး

ကိုယ်ထိုးတဲ့ ဂဏန်းထည့်ပီး စစ်ဆေးနိုင်ပါပြီ အဲ့တာက မြန်မာက လူတွေ အတွက်

နောက်တစ်ခုကတော့ မလေးရှားနဲ့  စင်္ကပူက လူတွေအတွက် တိုတို တိုက်ချင်ရင်

အလွယ်တိုက်လို့ ရပါတယ် ။ ဖုန်းမှာ အလွယ်တိုက်ဖို့ ဒီဆော့ဝဲ ထည့်ထားလိုက်ပါ



ဒီလင့်မှာ Download ယူပါ - မြန်မာအောင်ဘာလေ ထီပေါက်စဉ်

ဒီလင့်မှာ Download ယူပါ - မြန်မာအောင်ဘာလေ ထီပေါက်စဉ်

ဒီလင့်မှာ Download ယူပါ - Malaysia and Singapore 4D and TOTO 

Ref: http://www.zwmnna.com/2012/12/blog-post_3.html

ကလေးငယ်များနှင့် အတူကစားပါ - ဒေါက်တာမြင့်လွင်(စိတ်ပညာ)


စာအုပ်အမည်              -         ကလေးငယ်များနှင့် အတူကစားပါ
စာရေးသူအမည်           -         ဒေါက်တာမြင့်လွင်(စိတ်ပညာ)
စာအမျိုးအစား             -         ကျန်းမာရေး၊ဆောင်းပါး၊စိတ်ပညာ(ကလေး)


ဘဝအတွက် အကျိုးရှိအောင် စာဖတ်နည်း ၁၂ ချက်

အဆွေ စာဖတ်တတ်တယ်ဆိုတာကို ကျွန်တော်သိပါတယ်။ ဘာလို့ဆို ရှေ့က စာကြောင်းကိုဖတ်ခဲ့ပြီး အခုဒီစာ ကြောင်းကိုပါ အဆုံးအထိ လိုက်ဖတ်နေ လို့လေ။ ဒါက ကျွန်တော်အဓိက သိချင်တာ မဟုတ်ပါဘူး။ အဓိကအနေနဲ့ အရေးတကြီး သိချင်တာက အဆွေဟာ ဘဝအတွက် အကျိုးရှိအောင် စာဖတ်တတ်တဲ့သူ ဟုတ်သလားဆိုတာပါ။ ဒါနဲ့ တစ်ဆက်တည်း မေးစရာလေးတွေ ဆက်တိုက်ရှိပါ သေးတယ်။ အဆွေက ဖတ်ပြီးတဲ့စာကို ဘဝမှာအသုံးဝင်အောင် သေသေချာချာ အသုံးချတတ်တဲ့ သူလား။ သေသေချာချာ မှတ်မှတ်သားသား မဖတ်ဘဲ "ခုဖတ်၊ တော်ကြာမေ့" ဖြစ်တတ်တဲ့ သူမျိုးလား။ အဆွေဖြင့် ဒါကို ဖတ်ပြီးပါပြီဆိုပြီး တခြား သူတွေကို အရသာခံ ဂုဏ်ယူပြောဆိုဖို့ အတွက် ဖတ်တဲ့သူမျိုးလား။ အပေါ်ယံလေး တွေ လျှပ်ဖတ်မှတ်သားပြီး လေလုံးထွား သုံးသပ်ပြတတ်တဲ့ စာဖတ်သူမျိုးလား။ အဆွေ့ဦးနှောက်ရဲ့ ပျော်ရွှင်မှု ဧရိယာလေး အတွက် စကားလုံးတွေနဲ့ အယူအဆတွေကို ပျော်ရွှင်စရာ အသုံးအဆောင်ပစ္စည်းတွေ အဖြစ် အသုံးပြုရုံ စာဖတ်တဲ့သူမျိုးလား။

အခုမေးလိုက်တဲ့ မေးခွန်းတွေထဲက ဘယ်မေးခွန်းမဆို "ဟုတ်ကဲ့ ကျွန်တော်/ ကျွန်မက အဲဒီလိုသူမျိုးပါ" လို့ ပြန်ဖြေဖြစ် ခဲ့မယ်ဆိုရင်တောင် အရေးမကြီးလှပါဘူး။ လူအများစုကိုက ပျော်ရွှင်မှုရဖို့အတွက် စာဖတ်နေကြတာလေ။ ဒါမဆန်းပါဘူး။ စာအုပ်တွေအများကြီးရှိတဲ့အထဲကနေ
လူအများစုက ဆွဲထုတ် ယူဖတ်နေကြတာ တွေဟာ ဝတ္ထုတွေ ဖြစ်နေတာကို အဆွေ ကိုယ်တိုင် တွေ့ကြုံဖူးပါလိမ့်မယ်။ ဒါဆန်း သလားဆိုတော့ ဒါလည်း မဆန်းပါဘူး။ ဆန်းတာက နှစ်ရှည်လများ စာတွေဖတ်ခဲ့ပြီး ဖတ်ခဲ့တဲ့စာတွေကို ဘဝအတွက် အကျိုးရှိ အောင် အသုံးမချတတ်ခဲ့ရင် ဒါမှမဟုတ် ဘဝအတွက် အကျိုးရှိအောင် စာအုပ်စာပေ တွေကို ရွေးချယ်မဖတ်တတ်ခဲ့ရင်ပေါ့လေ။

တစ်ခါတလေတော့လည်း အရေး ကြီးတဲ့ စာအုပ်တွေကို မထင်မှတ်ဘဲ ဖတ်ခဲ့ မိတာမျိုးတွေ ဘဝမှာ ရှိကောင်းရှိနိုင်ပါ တယ်။ ဘဝနေထိုင်နည်းလက်စွဲစာအုပ်၊ စီးပွားရေးလက်စွဲစာအုပ်၊ တစ်ကိုယ်ရေ တစ်ကာယ တိုးတက်မှုလမ်းညွှန်စာအုပ်၊ သိပ္ပံရေးရာစာအုပ်၊ လက်ရှိနိုင်ငံတကာ အရေးအရာတွေကို ဝေဖန်သုံးသပ်ပြထား တဲ့ သုတေသနကျမ်း စတာတွေပေါ့လေ။ စာအုပ်ကောင်းတွေရဲ့ အဓိက အဆုံးသတ် အကြောင်းအရာ သညာတွေကတော့ တခြား သူတွေ ဘာလုပ်ခဲ့တယ်ဆိုတာနဲ့ ကျွန်တော် တို့ ဘာဆက်လုပ်သင့်ကြတယ် ဆိုတာကို ပြညွှန်းထားတာပါ။ နယ်ပယ် ကျယ်ကျယ် ဝယ်ဝယ်အထိ ထင်ရှားအောင်မြင်နေသူ တွေဟာလည်း ဒီလိုစာအုပ်မျိုးတွေကိုသာ ရွေးချယ်ဖတ်ရှုလေ့ရှိကြတာပါ။

ဒီနေရာမှာ အလျဉ်းသင့်လို့ စီးပွားရေး လမ်းညွှန်စာအုပ်တွေကို အစဉ်တစိုက် ရေးသား နေတဲ့ စာရေးဆရာ ဆသ်ဂေါ်ဒင်ရဲ့ "စီးပွားရေး စာအုပ်တွေကို ဘယ်လိုဖတ်မလဲ" စာအုပ်ထဲက အချက်သုံးချက်ကို အကျဉ်းချုံး ဆွဲထုတ် ပြသပါရစေ။ စီးပွားရေး လမ်းညွှန်စာအုပ် တွေကို ဖတ်ပြီးရင် -

(၁) အဆွေ့ ဘဝမှာ အနည်းဆုံး အတွေ့အကြုံ အပြောင်းအလဲ သုံးခုရှိကိုရှိရမယ်။
(၂) စာအုပ်ကိုဖတ်ပြီး မှတ်စုတွေထုတ်မယ့်အစား "ဆက်လက် လုပ်ဆောင်ရန် စာရင်းတွေ" ကို ချရေးထား ရမယ်။
(၃) အဆွေ ဖတ်ပြီးသွားပြီဆိုရင် တခြားတစ်ယောက်ကို လက်ဆင့်ကမ်းနိုင် တဲ့ စာအုပ်မျိုးဖြစ်ရမယ်။

ဒီသုံးချက်နဲ့ ညီမှသာ အဆွေဖတ်တဲ့ စီးပွားရေးလမ်းညွှန် စာအုပ်ဟာ စာအုပ်ကောင်းတစ်အုပ်ဖြစ် မယ်လို့ ဂေါ်ဒင်ကဆိုပါတယ်။ ဂေါ်ဒင်ရဲ့ အချက် သုံးချက်ကို ထုတ်နုတ်ပြရတဲ့ ရည်ရွယ်ချက်က ဘယ်လိုနယ်ပယ် အမျိုး အစားကို ရည်ရွယ်ရေးသားထားတဲ့ စာအုပ် မျိုးမှာမဆို အခကြေးငွေ ရလိုမှု အတွက် ဖြစ်ကတတ်ဆန်း စာရေးသားသူတွေ ဒုနဲ့ ဒေးရှိနေတတ်တာမို့ အနည်းဆုံး ဒီသုံးချက် လောက်နဲ့ တိုက်ဆိုင်မှသာ ဖတ်သူကို အကျိုးရှိစေတဲ့ စာအုပ်မျိုး ဖြစ်နိုင်ခြေ ရှိတယ်ဆိုတာကို ပြောပြချင်လို့ပါ။

စာအုပ်စာပေကို နည်းမှန်လမ်းမှန်နဲ့ အကျိုးရှိရှိ ဖတ်မှတ်တတ်အောင် ဒတ်စတင် ဝက်စ်က နည်းလမ်း ၁၂ ချက်တိတိ ရေးသား ခဲ့ဖူးတာလေးရှိပါတယ်။ သူက ဝါရင့်စာဖတ် သမားတစ်ဦးသာမက အမေရိကန်စာရေး ဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ယဉ်ကျေးမှုဆိုင်ရာ မနုဿဗေဒပညာရှင်၊ UNLV Barrick ပြတိုက်ရဲ့ ပစ္စည်း စုဆောင်းရေးမန်နေဂျာနဲ့ လက်ထောက် ပြတိုက်ရေးမှူးလည်း ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်ကနေ ယခုလက်ရှိအထိ နီဗားဒါး တက္ကသိုလ်မှာ အချိန်ပိုင်း နည်းပြဆရာ တာဝန်ကို ထမ်းဆောင်နေသူလည်း ဖြစ်ပါ တယ်။ သူရေးသားထားတဲ့ ၁၂ ချက်ကို အဆွေ့အတွက် အကျိုးရှိမယ်ထင်လို့ ဖော်ပြ ပေးလိုက်ပါတယ်။

(၁) စာညှပ်ကြိုး၊ စာညှပ်ကတ်ပြားလိုမျိုး စာညွှန်းကတ်တွေကို အသုံးပြုပါ။

အဆွေစာဖတ်နေစဉ်မှာ တစ်ခုခု ရေးမှတ်ချင်လာရင် ဒီနည်းလမ်းက အသုံး ဝင်အကျိုးရှိပါတယ်။ ကူးစရာရှိတဲ့ စာမျက်နှာ ဒါမှမဟုတ် မှန်၊ မမှန်ကို ပြန်လည်ဆန်းစစ် လိုတဲ့ အချက်အလက်တွေပါတဲ့ စာမျက်နှာ မျိုးတွေကို အတိုကောက်လေးစာတို့ရေးပြီး စာညွှန်းကတ်လေးနဲ့ မှတ်ထားလိုက်ရင် စာဖတ်ရှိန်မပျက်ဘဲ ဆက်ဖတ်လို့ ရတယ်လေ။ စာတစ်အုပ်လုံးဆုံးအောင် ဖတ်ပြီး သွားရင်တော့ အဆွေမှတ်သားထားခဲ့တဲ့ စာညွှန်းကတ်လေးတွေအတိုင်း အဆွေ လုပ်ချင်တာကို စိတ်အေးလက်အေး လုပ်လို့ ရပြီပေါ့။

(၂) အဆွေ့စိတ်ထဲက တစ်ခုခုကို မျှော်လင့်ထားမိတဲ့ စာအုပ်မျိုးကို ရွေးချယ်ပါ။

ရောင်းကောင်းတယ်ဆိုတဲ့ စာအုပ်မျိုးတိုင်းကို ပြောတာမဟုတ်ပါဘူး။ အထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ပြောတာပါ။ စာအုပ်တစ်အုပ်ကို မဖတ်ခင်မှာ အဆွေ့ကိုယ်အဆွေ ပြန်မေးကြည့်ပါ။ “ဒီစာအုပ်ထဲကနေ ဘယ်လိုအကြောင်း အရာမျိုး၊ ဘယ်လို အတွေးအခေါ်မျိုး ငါရရှိ နိုင်မှာလဲ”။ ကောင်းမွန်အကျိုးရှိမယ့် တစ်ခုခု ကို မျှော်လင့်မိတယ်ဆိုရင်တော့ အဲဒီလို စာအုပ်မျိုးကို ကောက်သာဖတ်လိုက်ပါတော့။

(၃) မှတ်စုထုတ်ခြင်း၊ တို့ထားခြင်း၊ တေးထားခြင်းများ ကျင့်သုံးပေးပါ။

စာအုပ်တစ်အုပ်ကို အဆွေဖတ်ပြီး တာနဲ့ အဲဒီစာအုပ်ရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကို ချရေးတတ်တဲ့ အကျင့်ကို မွေးမြူပါ။ ဒါမှမဟုတ် ကိုးကားဖို့အတွက် မျဉ်းသားထား တာမျိုး၊ ရောင်စုံမင်တံနဲ့ ခြယ်သထားတာမျိုး လုပ်ကြည့်ပါ။ ဒါမှမဟုတ်သေးရင်လည်း အခန်းစဉ်အလိုက် မှတ်စုထုတ်တာမျိုး လုပ်ကြည့်ပါ။ အဆွေ့ရဲ့ ကိုယ်ပိုင်မှတ်စု စာအုပ်မှာချရေး ဒါမှမဟုတ် ဘလော့ဂ် တစ်ခုခုမှာ တင်လိုက်ပေါ့။ သူငယ်ချင်း မိတ်ဆွေတွေရဲ့ မှတ်ချက်တွေက အဆွေ့ရဲ့ လိုအပ်ချက်တွေကို ဖြည့်စွက်ပေးပါလိမ့်မယ်။

(၄) ဖတ်ထားတဲ့ စာအုပ်အကြောင်းကို ဆွေးနွေးပြောဆိုပါ။

အဆွေဖတ်မှတ် ထားမိတဲ့ လုပ်ငန်း လုပ်ကိုင်မှု မဟာဗျူဟာပုံစံသစ် အကြောင်း ကို အထက်အရာရှိနဲ့ ဆွေးနွေးပြောဆိုကြည့် ပါ။ အပေါင်းအသင်းတွေနဲ့ ဆုံတဲ့အခါ စိတ်ဝင်စားဖို့ သိပ်ကောင်းတဲ့ အတိတ်သမိုင်း စာအုပ်တစ်အုပ် အကြောင်းကို ပြောဆို ဆွေးနွေးကြည့်ပါ။ စာဖတ်သူမျိုးစုံဟာ သူတို့ရဲ့ ကြိုက်နှစ်သက်မှုတွေအပေါ် မူတည်ပြီး ဖတ်တဲ့စာအုပ်တွေ ကွဲပြားကြပါတယ်။ ဖတ်တဲ့စာအုပ်တွေအပေါ် မူတည်ပြီး ရရှိတဲ့ အတွေးအခေါ်တွေနဲ့ အယူအဆပိုင်းတွေပါ ကွဲပြားတတ်ကြ ပါတယ်။ ဒါကြောင့် ဆွေးနွေး ပြောဆိုခြင်းဟာ မတူညီတဲ့ အတွေးအခေါ် တွေရဲ့ ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ဖြစ်ပါတယ်။ အဲဒီကနေ ဖြစ်ပေါ်လာနိုင်တဲ့ ရလဒ်ကြီး နှစ်ခုကတော့ လှပတဲ့ အတွေးအခေါ် အချိတ် အဆက်နဲ့ ကြီးမားကွဲပြားတဲ့ အတွေးအခေါ် အကွာအဟတို့ပဲ ဖြစ်ပါတယ်။ အဓိက သိထားရမှာကတော့ အယူမှား၊ အစွဲမှား တွေကို စာဖတ်ပြီး ဆွေးနွေးခြင်းနဲ့သာ ချေ ဖျက်နိုင်တယ် ဆိုတာကိုပါ။ ဒါပေမဲ့ စာဖတ် ခြင်းကနေပဲ အယူမှား၊ အစွဲမှားတွေကို ရရှိ နိုင်တာကိုလည်း မေ့မထားပါနဲ့ဦးနော် - အဆွေ။

(၅) အကြောင်းအရာကောင်းတွေကို သင်ပြလမ်းညွှန်ပေးပါ။

အဆွေဖတ်မှတ်ထားတဲ့ စာအုပ်ထဲက ကောင်းမွန်တဲ့ အကြောင်းအရာတွေကို အဆွေ့လို စာမဖတ်နိုင်တဲ့ သူတွေဆီ ရောက်အောင် သင်ပြလမ်းညွှန်ပေးသင့် ပါတယ်။ ဒီအတွက် အဆွေက စာသင်ကြားပေးဖူးတဲ့ ဆရာတစ်ယောက်ယောက် ဖြစ်ဖို့ မလိုပါ ဘူး။ အဲဒီလို သင်ပြလမ်းညွှန် လုပ်ပေးနိုင်တဲ့ အခွင့်အရေးတစ်ခုခု ရရှိလာရင်သာ လက် မလွှတ်ပစ်ဘဲ အဆွေကိုယ်တိုင် ကောက် သင်းကောက်လိုက်စုခဲ့ရတဲ့ သညာအသိ တွေကို ဖြန့်ဝေပေးပါ။ အဲဒီလို အခွင့်အရေး ကို အဆွေကိုယ်တိုင် ဖန်တီးယူလို့လည်း ရပါတယ်။ အလုပ်ခွင်မှာ အဆွေက ဦးဆောင်ပြီး စာပေဆွေးနွေးပွဲလေး လုပ်ပါ။ ရပ်ကွက်စာကြည့်တိုက်မှာ စာပေဆွေးနွေးပွဲ လေးလုပ်ပါ။ ဒီကိစ္စက စာဖတ်သမားတိုင်းနဲ့ တော့ မလိုက်ဖက်နိုင်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အကြောင်းအရာတစ်ခု ကို ရွေးပြီး တခြားသူတွေကို သင်ပြပေးဖို့ အတွက် စာပေဆွေးနွေးပွဲတစ်ခု လုပ်တာဟာ အဆွေက အဲဒီအကြောင်းကို ဘယ်လောက် ကျေကျေညက်ညက် သိထားတယ် ဆိုတာကို ပြသရာရောက်တယ်ဆိုတာ မမေ့လိုက်ပါနဲ့။

(၆) ဝါကျဖွဲ့စည်းပုံတွေကို ဂရုတစိုက်ဖတ်ပါ။

စာရေးဆရာက သူပေးချင်တဲ့ အကြောင်းအရာ အချက်အလက်တွေကို သူကျွမ်းကျင်တဲ့ ဝါကျတည်ဆောက်ပုံ သဏ္ဌာန်အတိုင်း ရေးသားထားမှာပါ။ ဒါကြောင့် စာရေးဆရာတွေဆီကနေ အချက်အလက် ချိတ်ဆက်ပုံတွေကို ရယူနိုင် ပါတယ်။ အဆွေ့ရဲ့ မှတ်ဉာဏ်အတွက် အထောက်အကူဖြစ်မှာပါ။

(၇) Google မှာ ရှာဖွေလေ့လာဖို့ မမေ့ပါနဲ့။

ဒီနေ့ခေတ်မှာ စာရေးဆရာတွေ အကြောင်းကို Website တွေမှာ ရှာဖွေ လေ့လာဖို့ဆိုတာ လွယ်မှလွယ်ပါပဲ။ ပုံနှိပ် ထုတ်ဝေပြီးသမျှ စာအုပ်တွေကိုလည်း e-book အဖြစ် ရှာဖို့လွယ်ပါတယ်။ စာရေးဆရာရဲ့ ကိုယ်ပိုင် Website မှာလည်း သူနဲ့ စကားပြောဆိုနိုင်ခွင့်ကို အဆွေရရှိနိုင်ပါ သေးတယ်။ ဝါသနာတူ မိတ်ဆွေတွေနဲ့လည်း အဲဒီ Website တွေမှာ ဆုံစည်းဆွေးနွေး နိုင်တယ်နော်။ Google ကို အသုံးချဖို့ မမေ့ပါနဲ့။

(၈) စာဖတ်ဖို့အတွက် အချိန်ယူပါ။

စာမြန်မြန် ဖတ်ချင်တဲ့သူဟာ စာမြန်မြန်ဖတ်လို့ ရကိုရတယ်။ ဒါကြောင့်လည်း ဒီနေ့ခေတ်မှာ "စာဖတ်ရှိန်မြှင့်တင်ရေး သင်တန်းတွေ" ကို လူကြိုက်များလာကြ တာပေါ့။ ဒါပေမဲ့ စာဖတ်တာ မြန်လွန်းလို့ အသိသညာတွေကို သူများထက်ပိုပြီး မြန်မြန်ရရှိနေတဲ့ သူတွေကိုတော့ အဆွေ တွေ့ဖူးဖို့ မလွယ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ စာဖတ်တာတို့၊ စာပေလေ့လာတာ တို့ဟာ ထိုက်သင့်တဲ့အချိန် ယူကိုယူရပါ တယ်။ စာဖတ်တာ၊ စာပေလေ့လာတာနဲ့ တစ်ဆက်တည်း တွဲနေလေ့ရှိတာက “ပြန် လှန်တွေးခေါ် စဉ်းစားခြင်း” ပါ။ မိနစ် ၂၀ စာဖတ်မယ့်အစား ၁၅ မိနစ်သာ စာဖတ်ပြီး ငါးမိနစ်ကို “ပြန်လှန်တွေးခေါ် စဉ်းစားခြင်း” ပြုပါ။ ဒါမှမဟုတ်ရင်လည်း အခန်းတစ်ခန်း ပြီးတိုင်း ပြန်လှန်တွေးခေါ် စဉ်းစားကျင့်ကို ပြုပါ။ စာဖတ်တာဟာ အချိန်ယူရတယ် ဆိုတာကိုတော့ ဂရုပြုပါ။

(၉) ဖတ်ထားတဲ့ စာအုပ်တွေကို စစ်ကြောမှု ပြုပါ။

ရှေးတုန်းကတကယ်ဖြစ်ခဲ့လို့ စာရေး ဆရာက တကယ်ရေးသားခဲ့တာပေါ့ ဆိုတဲ့ ဆင်ခြေတွေကို နားမယောင်မိပါစေနဲ့။ စာအုပ်တွေထဲမှာ ရေးသားထားတိုင်း အမှန် တရားတွေလို့ ဆိုလို့မရပါဘူး။ “စာရေးဆရာ က ဒီအကြောင်းကို ဘယ်လိုလုပ်သိသလဲ” ၊ “သူအမှန်အတိုင်း ပြောနေတာရော ဟုတ်ရဲ့လား” စသဖြင့် စစ်ကြောသင့်ပါတယ်။ ဒီကိစ္စအတွက် စာရေးဆရာတွေရဲ့ အတ္ထုပ္ပတ္တိ တွေက အထောက်အကူပြု ပေးနိုင်ပါတယ်။

(၁ဝ) ဖတ်ရမယ့် စာအုပ်စာရင်း၊ ဖတ်လို့ မပြီးသေးတဲ့ စာအုပ်စာရင်းတွေကို ချရေး ထားပါ။

အဆွေက တစ်ဝက်တစ်ပျက်ပဲ ဖတ်ရသေးတဲ့ စာအုပ်စာရင်းနဲ့ ဖတ်ကိုဖတ် မယ်လို့ ဆုံးဖြတ်ထားတဲ့ စာအုပ်စာရင်းတွေ ကို ချရေးပြီး ဆောင်ထားပါ။ ဒါမှမဟုတ် စာရေးဆရာစာရင်းကို ပေါ့လေ။ ဘာ ကြောင့်လဲဆိုတော့ အဲဒီစာအုပ်တွေကို ဖတ်နိုင်ဖို့ အချိန်အခါ၊ အခွင့်အရေးဟာ ဘယ်အချိန် ဘယ်အခါမှ ပေါ်ပေါက်လာနိုင် တယ်ဆိုတာကို အဆွေ ကြိုသိနိုင်ဖို့ ခက်ခဲ လို့ပါပဲ။ သူငယ်ချင်း တစ်ယောက်ယောက်ကို ထိုင်စောင့်နေရတဲ့ အခါမျိုး၊ ခရီးရှည်တစ်ခု ကို ကား၊ ရထားစီးပြီး သွားရတဲ့ အခါမျိုး၊ ရုံးမှာ လုပ်စရာတွေပါးနေတဲ့ အချိန်မျိုး စသဖြင့်ပေါ့လေ။ သြော် - အရေးကြီးတာ တစ်ခုကျန်သေးတယ်။ စာရေးဆရာတွေက ဖတ်ဖို့ ထောက်ခံချက်ပေးထားတဲ့ စာအုပ် နာမည်တွေကိုလည်း စာရင်းထဲ ထည့်ရေးဖို့ မမေ့နဲ့နော် - အဆွေ။

(၁၁) ယခင်က မဖတ်ဖူးခဲ့တဲ့ စာပေ အမျိုး အစားတွေကို ရွေးချယ်ဖတ်ရှုကြည့်ပါ။

ပုံမှန်အားဖြင့် ဖတ်လေ့ဖတ်ထမရှိခဲ့ တဲ့ စာပေအမျိုးအစားတွေကို အပြောင်း အလဲ လုပ်ပြီး ဖတ်ရှုကြည့်ပါ။ စာအုပ်အငှား ဆိုင်တွေ၊ စာအုပ်အရောင်းဆိုင်တွေနဲ့ စာကြည့်တိုက်တွေမှာ အရင်က အဆွေ ခြေမချခဲ့ဖူးတဲ့ စာအုပ်တန်းတွေဘက်ကို ခြေချကြည့်လိုက်ပါ။ လုံးဝဖတ်လို့ မကောင်း ပါဘူးဆိုတဲ့ စာအုပ်သတင်းတွေကို ဂရုမမူဘဲနဲ့ တကယ်ဖတ်ရှုထားတဲ့ အဆွေ့ သူငယ်ချင်းတွေဆီက မှတ်ချက်တွေကို တောင်းကြည့်ပါ။ အဆွေ့ရဲ့ ခံစားစိတ်က တကယ်လိုအပ် တောင့်တနေတဲ့ စာအုပ် တစ်အုပ်ကိုသာ ကောက်ဖတ်မိလိုက်လို့ ကတော့ ကြီးကျယ်တဲ့ အံ့သြပျော်ရွှင်မှုကို ပိုင်ဆိုင်ရရှိပြီပေါ့။ ဒါတင်မကသေးဘဲ ထူးမြတ် တဲ့ ဉာဏ်ပညာတွေကိုပါ ထပ်ဆောင်းရရှိ နိုင်သေးတယ် ဆိုတာကိုလည်း မမေ့လိုက်နဲ့ နော် - အဆွေ။

(၁၂) အဆွေ့ဉာဏ်က လိုက်မမီနိုင်မှုကို လက်ခံပါ။

အဆွေမြည်းစမ်းကြည့်တဲ့ စာအုပ်က အဆွေ့အတွက် အကျိုးမရှိ၊ အသုံးမဝင်ရင် ဆက်မဖတ်ဘဲ ချသာထားလိုက်ပါ။ စိတ် ဉာဏ်ကွန့်မြူးစရာထက် ပိုလွန်နေတဲ့ တချို့သော စာအုပ်ကောင်းတွေလည်း ရှိနိုင်ပါ သေးတယ်။ အဲဒီစာအုပ်တွေကျတော့လည်း ဖတ်ရှုဖို့အတွက် ဉာဏ်ပညာအတိုင်းအဆ တစ်ခုအထိ ရောက်ထားဖို့ လိုပါတယ်။ ဒါကြောင့်မို့ အဆွေ့ကို စိတ်ပင်ပန်းလေးလံစွာ နဲ့ စာရွက်တစ်ရွက်ပြီး နောက်တစ်ရွက်ကို ဆက်လှန်ဖို့ သောကရောက်စေတဲ့ စာအုပ် မျိုးကိုလည်း အချိန်အတိုင်းအတာတစ်ခု အထိမဖတ်ဘဲ ချထားလိုက်ပါ။ နောင်တစ်ချိန်မှ ကြိုးစားပြီး ထပ်ဖတ်ကြည့်ပါ။ ဒါမှ မဟုတ်ရင်လည်း စာဖတ်သက်ဝါရင့်တဲ့ စာဖတ်သမားတစ်ဦး ဆီက ဘယ်လို
ဖတ်သင့်ပါတယ် ဆိုတဲ့ အကြံဉာဏ်တွေကို တောင်းခံအသုံးချကြည့်ပါ။

ဘယ်လိုလဲ - အဆွေ။ ကျွန်တော်က ဒီနည်းလမ်း ၁၂ ချက်ကို ကိုယ်တိုင် အသုံး ချဖူးပြီး အကျိုးရှိတာကြောင့် ဝေမျှလိုက်တာ။ အဆွေ့အတွက် ဘယ်လိုနေမလဲ မသိဘူး။ ကျွန်တော့်စိတ် အထင်တော့ တချို့ အချက်တွေကို အဆွေ အသုံးချဖူးကောင်း ချဖူးပါလိမ့်မယ်။

ကျွန်တော်တို့တွေရဲ့ ဘဝမှာ အချိန်ဟာ အင်မတန် တန်ဖိုးရှိလှပါတယ်။ ဒီနေ့ ခေတ်ရဲ့ များမြောင်လှတဲ့ စာအုပ်တွေထဲမှာ ကျွန်တော်တို့ ဖတ်ရှုစရာမလိုတဲ့ စာအုပ်တွေ ကလည်း အများအပြားကို ရှိနေပါတယ်။ ဒီတော့ တန်ဖိုးရှိတဲ့ အချိန်တွေကို အကျိုး ရှိမယ့် စာအုပ်တွေနဲ့သာ အသုံးချသင့်ပါ တယ်။ ရသပိုင်းကိုရော သုတပိုင်းကိုပါ ပြောတာနော်။ ဒါက ပထမအဆင့်ပေါ့။ ဒုတိယအဆင့်ကတော့ စာအုပ်ကောင်းတွေ လက်ထဲရောက်နေရက်နဲ့ နည်းမှန်လမ်းမှန် မဖတ်တတ်ခဲ့ရင် အကျိုးမရှိနိုင်ပြန်ပါဘူး။ ဒီအတွက်တော့ အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်း ၁၂ ချက်ကို အသုံးပြုကြည့်ဖို့ အကြံပြုပါရစေ။ ကဲ ... ကျွန်တော့်ဆောင်းပါး လည်း အတန်အသင့် ရှည်လွန်းနေပြီမို့ အမေရိကန်ကဗျာဆရာ Wystan Hugh Auden (1907-1973) ရဲ့ စကားလေး တစ်ခွန်းနဲ့ အဆုံးသတ်လိုက်ပါရစေ။

Some books are undeservedly forgotten; none are underservedly remembered.

တချို့သော စာအုပ်တွေကို မေ့ဖျောက်ဖို့ရာ မထိုက်တန်။ စာအုပ်မှန်သမျှ ကိုလည်း မှတ်သားဖို့ရာ မထိုက်တန်။

The Voice Weekly

Tuesday, April 23, 2013

shortcut ထဲက မျှားတွေ ကို ဖျက်ထုတ်ရအောင်

 89 89 89 ကျွန်တော် တို.တစ်ချို. ကွန်ပျုတာတွေ မှာ desktop ပေါ်က shortcut တွေမှာ မျှားတွေပါနေတတ်ပါတယ်နော်။တချို.စက်တွေမှာ သေးပေမယ်.တချို.စက်တွေမှာ ကြီးနေလို.တော်တော်လေးကြည်.ရဆိုးပါတယ်။ ဒါတွေ ကို ဖျက်ထုတ်လိုက်ချင်ရင် လွယ်ပါတယ်။ Registry ကို သွားနော်။ မလုပ်တတ်ရင် window logo + R .auto run box တက်လာရင် ဒါကို ရေးလိုက်နော်(regedit) ။ပြီးရင် Enter ခေါက်လိုက်နော်။ဒါဆို Registry ကိုရောက်သွားလိမ်မယ်နော်။ Registry ကိုရောက်ရင် HKEY-CLASSES-ROOT ကိုသွားလိုက်နော်။ HKEY-CLASSES-ROOT ထဲက inkfile ကိုရှာရမယ်နော်။လွယ်လွယ်ရှာရအောင် ကဲ HKEY-CLASSES-ROOT ကိုနှိပ်ပြီးရင် L  ဆိုတာ ကို နှိပ်ရှာလိုက်နော် ဒဲဒီ L ထဲမှာ ပဲ inkfile ရှိပါတယ်။ inkfile ကို တွေရင် click လိုက်နော်။ညာဘက်ထဲ ကဘောက်ထဲ မှာ Is-shortcut ဆို တာကို တွေရင် Right click ပြီး delete ကို နှိပ်လိုက် ၊ပြီးရင် Restart ပြန် ချလိုက်နော် ။ပြန်တက်လာရင် မျက်စိရှုပ် စရာ မျှားတွေ ယူပြစ်သလို ပျောက်သွားလိမ့်မယ်နော်။ (အဆင်ပြေပါစေနော်) (လင်းဇာနည်) :50 :50 :50 89

WiFi အကြောင်း သိကောင်းစရာများ

WiFi ဘာလဲ၊ ဘယ်လဲ ယခုအချိန်တွင် WiFi မှာ အတော်ပင် အသံကျယ် လောင်ကာ ပြည်တွင်း၌ပင် တွင်ကျယ်လာပြီဖြစ်သည် ကို မြင်တွေ့ရသည်။ ထို့ကြောင့် WiFi နှင့် ပတ်သက်သော အချက်အလက်များကို လေ့လာသိရှိစေရန် ရည်သန်၍ WiFi နှင့် ပတ်သက်သည့် အချက်အလက်များ ပါရှိသော ယခုစာစုကို ရေးသားလိုက်ခြင်း ဖြစ်သည်။ WiFi ၏ အရှည်မှာ “Wireless Fitelity” ဖြစ်သည်။ ၄င်း၏ မူလ ပိုင်ရှင်မှာWiFi Allance ဖြစ်ကာTEEE 802.11 ၏ Specification များတွင် အခြေခံထားသော WLAN တစ်ခုပင်ဖြစ်သည်။ WiFi ကို Mobile Computing များတွင် အဓိကထား အသုံးပြုကာ Laptop များတွင် Wireless LAN ချိတ်ခြင်း၌ ပို၍ အားသန်ပေသည်။ ယခုအခါတွင် Internet အပါအ၀င် VOIP Phone Access များ Gamming Application များ TV | DVD များတွင်ပါ WiFi သုံး၍ ကြိုးအသုံးပြုခြင်းကို လျော့ချလာနိုင်ပြီ ဖြစ်သည်။ နောက် ဆုံးတွေ့ရှိလာရသော အချက်အလက်များအရ WiFi ကို ကားများတွင်ပါ အသုံးပြုကာ Highway ၌ Mobile Commerce ရရှိနိုင်ရန်အတွက်ဟုပင် ဆိုနေကြပြီ ဖြစ်သည်။

WiFi သမိုင်းကို လှည့်ကြည့်ခြင်း


WiFi ၏ မူလပိုင်ရှင်မှာWiFi Allance ဖြစ်ကာWiFi Trade Mark ကို ပိုင်ဆိုင်သော စီးပွားရေးအဖွဲ့အစည်း တစ်ခုဖြစ်သည်။ WiFi ဆိုသည်မှာ LAN ၏ နည်းပညာနှင့် Method များကို IEEE 802.11 ကို ရည်ညွှန်းခြင်းဖြစ် သည်။ WiFi Allance ကို ၁၉၉၉ တုန်းက(WECA) Wireless Ethernet Compatibility Alliance နာမည်ဖြင့် စခဲ့ သည်။ WECA ကို နောက်ပိုင်းတွင် WiFi Alliance ဟု နာမည် ပြောင်းလိုက်ခြင်းဖြစ်သည်။ WECA တွင် ပါဝင်သူ များမှာ -

(၁) 3 Com
(၂) Aironet (Cisco)
(၃) Harris Semiconductor (Intersil)
(၄) Lucent (Agene)
(၅) Nokia နှင့်
(၆) Symbol Technologies တို့ ဖြစ်ကြသည်။
WiFi Alliance မှာ Austin နှင့် Teras တွင်ရှိသည်။


ကွန်ပျူတာ၊ တယ်လီဖုန်း၊ PDA စသော WiFi ပစ္စည်း များကို ကိုင်ဆောင်အသုံးပြုထားသူများသည် Access Point ရှိပါက Internet ကို ချိတ်ဆက်အသုံးပြုနိုင်မည် ဖြစ်သည်။ Access Point သည် တစ်ခုဖြစ်စေ၊ တစ်ခုထက် ပို၍ ဖြစ်စေ၊ ဖြစ်ပေါ်နေသော Region ကို Hot Spot ဟု ခေါ်သည်။ ၄င်း Hot Spot များလာခြင်းဖြင့် မိုင်ပေါင်း များစွာ ပမာဏထိ WiFi သုံးနိုင်သည်။

WiFi အလုပ်လုပ်ပုံ Wireless Network ရှိသော လေဆိပ်၊ စာကြည့် တိုက်၊ ကော်ဖီဆိုင်နှင့် ဟော်တယ်တို့တွင် WiFi ဖြင့် အင်တာနက် အသုံးပြု၍ရရှိမည် ဖြစ်သည်။ Wireless Network သည် ကုန်ကျစရိတ်သက်သာပြီး အလွယ်တကူ Setup လုပ်နိုင်သည်။ Wireless Network များတွင် Radio Wave ကိုသုံးထားကာ Cellphone| Television နှင့် ရေဒီယိုများကဲ့သို့ပင် ဖြစ်သည်။ Wireless Network များ ကို ဆက်သွယ်မှုပြုလုပ်သောအခါ Two Way Radio Communication နှင့် အတော်ပုံသဏ္ဌာန်တူပေသည်။ ကွန်ပျူတာ၏ Wireless Adapter သည် Data များကို Radio Signal အဖြစ်ပြောင်းလဲကာ အင်တာနက်ကို သုံးပြီး Transmit လုပ်နိုင်သည်။ ၄င်းကို Wireless Router က လက်ခံရယူကာ Signal ကို Decode ပြန်လုပ်နိုင်သည်။ WiFi ဆက်သွယ်မှုတွင် အသုံးပြုသော Radio Wave သည် Walkie Talkie| Cellphone များတွင် သုံးသော Radio Wave နှင့် အလားသဏ္ဍာန်တူသည်။ ၄င်း Radio Wave များကို Transmit လုပ်နိုင်သလို Receive လည်း လုပ်နိုင်ပေသည်။ ထို့အပြင် Radio Wave များကို ဒီဂျစ်တယ် 1 နှင့် 0 အဖြစ် ပြောင်းလဲနိုင်သလို၊ ဒီဂျစ်တယ် 1 နှင့် 0 များကို Radio Wave အဖြစ်လည်း ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။ သို့သော် WiFi Radio သည် Cellphone မှ Radioနှင့် သဏ္ဍာန် တူသော်လည်း ကွဲပြားမှုများရှိနေသေးသည်။ ၄င်းတို့မှာ-

(၁) WiFi သည် Frequencies 2.4 GHZ (သို့) GHZ ဖြင့် Transmit လုပ်သည်။ ၄င်းသည် Cellphone | Walkie Talkie နှင့် Television တို့တွင်သုံးသော Frequency ထက် ပိုမြင့်ကာ Data ပမာဏများများကို သယ်ယူနိုင်သည်။

(၂) WiFi သည် 802.11 Networking စံကို အသုံး ပြုသည်။

(၃) WiFi သည် 802.11b, 802.11g, 80211a တို့ ဖြင့် Transmit လုပ်နိုင်ကာ၊ Interference ကို လျောချပေး နိုင်ပြီး၊ Wireless connection ကို တစ်ပြိုင်တည်း အသုံးပြု နေသော မတူညီသည့်ပစ္စည်းများအတွက် အဆင်ပြေစေ နိုင်ပါသည်။

WiFi ပစ္စည်းကိရိယာများ

WiFi ပစ္စည်းများကို အောက်ပါအတိုင်း လေ့လာသိရှိနိုင် ပါသည်။

WAP (Wireless Access Point)

Wireless Access Point သည် Wireless Station အုပ်စုများကို ချိတ်ဆက်ထားကာ နီးရာ Wire ဖြင့် ချိတ်ဆက်ထားသော LAN များကို ဆက်သွယ်နိုင်ပါသည်။ မိမိတွင်ရှိပြီးသား ကွန်ပျူတာအချို့နှင့် ကွန်ယက်တစ်ခု ရှိခဲ့ရင် WAP လုပ်နိုင်မှာ ဖြစ်သည်။ Access Point ဆိုသည်မှာ Ethernet Hub နှင့် ဆင်တူပေသည်။

Wireless Router

Wireless Router Cable Modem (သို့) DSL တို့ဖြင့် ချိတ်ဆက်ကာ WiFi ပစ္စည်းများဖြစ်သည့် PDA နှင့် Laptop တို့ဖြင့် ချိတ်ဆက်နိုင်သည်။ Wireless Router သည် Wireless Access Point ဖြစ်ပြီး Ethernet Hub နှင့် ဆက်သွယ်နိုင်သည်။ ထို့အပြင် Wireless Router သည် IP Packets များကို Wireless Subnet နှင့် အခြားသော Subnet များကြားသို့ ပေးပို့နိုင်ပါသည်။

Wireless Ethernet Bridge

Wireless Ethernet Bridge သည် မတူညီသော Network (၂ ) ကို အလွယ်တကူ ချိတ်ဆက်ပေးနိုင်မှာ ဖြစ်ပါသည်။

WiFi နှင့် Operation System

Microsoft Window XP သည် WiFi ကို ကောင်းစွာ Support လုပ်ပေးနိုင်စွမ်းရှိသော်လည်း WAP2 ကိုတော့ Support ကို လုပ်ပေးနိုင်မှု မရှိချေ။

Microsoft Window Vista မှာ XP ထက် WiFi ကိုပို Support လုပ်ပေးကာ Network အလိုအလျောက် ချိတ်ဆက်နိုင်သည်။

Mac OSX သည်လည်း WiFi နှင့် WPA 2 ကိုလည်း Support လုပ်ပေးနိုင်သည်။

Linux သည် WiFi Card အတော်များများကို ထောက်ပံ့မှု ပြုလုပ်ပေးနိုင်ပါသည်။

WiFi ၏ အားသာချက်များ


WiFi ၏ ကောင်းကျိုးကြောင့် LAN များကို ကြိုး မပါပဲ တပ်ဆင်ပေးနိုင်ပါသည်။ ယခုဆိုလျှင် WiFi Product များကို ဈေးသက်သာ စွာဖြင့် ဈေးကွက်တွင် ကျယ်ပြန့်စွာရရှိနေပြီဖြစ်သည်။ WiFi ၏ အားသာချက်ကြောင့် ကျောင်းများ၊ ရုံးများ တွင် အချိန်မရွေး အင်တာနက်သုံးနိုင်ပြီး၊ လူများ အလွယ် တကူ ဆက်သွယ်နိုင်ပြီ ဖြစ်သည်။ WiFi မှာ အပြန့်ကျယ်လာသည်နှင့်အမျှ Public Hot Spots ပေါင်း ၂၅၀၀၀၀ ကျော်ရှိပြီး သန်းနှင့်ချီသော အိမ် သုံး၊ ရုံးသုံး User များ ကမ္ဘာအနှံ့ရှိနေပြီ ဖြစ်သည်။

WiFi ၏ အားနည်းချက်များ

5 GHz နှင့် အလုပ်လုပ်သော 802.11 a မှလွဲ၍ 2.4 GHz အသုံးပြုထားသော WiFi များသည် တိကျသော Frequency မဟုတ်၍ နေရာအလိုက်အနည်းငယ်ကွဲပြား နေတတ်ကာ၊ တည်ငြိမ်မှုနည်းသည်။ WiFi သည် တခြားသောပစ္စည်းများနှင့်စာလျှင် Power အသုံးပြုမှုများသောကြောင့် Battery မြန်မြန် ကုန်နိုင်သည်။ Wireless Network Range မှာ အတိုင်းအတာ ကန့် သတ်ချက်ရှိကာ အိမ်အတွင်း ပေ ၁၅၀ (၄၅)မီတာနှင့် အမြင့်ပေ ၃၀၀ (မီတာ ၉၀) ထိသာ သုံးနိုင်မှာ ဖြစ်သည်။


ref  >>>>  (MCP)

Wireless Access Point တွေရွေးချယ်ဝယ်ယူတဲ့အခါ


Wireless Access Point တွေရွေးချယ်ဝယ်ယူတဲ့အခါမှာ အထောက်အကူဖြစ်စေဖို့

ဘယ်လိုရွေးချယ်ဝယ်ယူအသုံးပြုရမလဲဆို တဲ့အကြောင်းကို ရှင်းပြသွားမှာဖြစ်ပါတယ်။ Wireless Local Area Network

(WLAN) တစ်ခုတည်ထောင်တော့မယ်ဆိုရင် Wireless Access Point တွေ လိုအပ်လာပြီလေ။ လိုအပ်လာတဲ့အတွက်

ဝယ်ယူရတော့မယ်လေ။ အဲဒီလိုရွေးချယ်တဲ့အခါမှာ ဘယ်လို Standard တွေရွေးချယ်ဝယ်ယူရမလဲဆိုတာ စဉ်းစားရပြီပေါ့။

အဲဒါကြောင့်မို့လို့ အခုအဲဒီ Standard တွေအကြောင်းကို ရှင်းပြမှာဖြစ်တယ်။ Wi-Fi Technology အတွက် IEEE 802.11

Standard တွေကို အသုံးပြုပါတယ်။ အခြား Bluetooth Technology နဲ့ Wi-Fi မဟုတ်တဲ့  အခြား Technology

တွေလည်းရှိပါတယ်။ Technology အသီးသီးကို သူတို့ရဲ့ Specific Networking Application တွေအတွက် Design

ပြုလုပ်ထားပါတယ်။ ကျွန်တော်တိှု့ဆီမှာတော့ Wi-Fi Technology ကို အများဆုံးအသုံး ပြုကြပါတယ်။ ဒါကြောင့်မို့လို့ Wi-Fi

မှာ အသုံးပြုတဲ့ 802.11 Standard တွေအကြောင်းရှင်းပြပါတော့မယ်။ 802.11 Standard တွေမှာဆိုရင် 802.11,

802.11b, 802.11a, 802.11 g နဲ့ 802.11 n ဆိုပြီး ရှိပါတယ်။

802.11 only Standard ဟာ WLAN အတွက် ပထမဦးဆုံး ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ 802.11 only ဟာ

Maximum Bandwidth 2 Mbps အထိပဲ ရပါတယ်။ ဒါကြောင့် 802.11 only တွေဟာ Application

တွေဆောင်ရွက်တဲ့အခါမှာ အရမ်းနှေးပါတယ်။

802.11b Standard ဟာ 802.11 Only Standard ရဲ့နောက်မှာ ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ 802.11b ဟာ 11

Mbps Bandwidth အထိ Support လုပ်နိုင်ပါတယ်။ 802.11 b Standard ဟာ Unregulated Radio Frequency 2.4

GHz ကိုအသုံးပြုပါတယ်။ ဆိုလိုတာကဗျာ 802.11b ဟာ Signal တွေကို 2.4 GHz Frequency Range ထဲမှာ Transmit

လုပ်တယ်။ 802.11b Standard Wireless Access Point ကို အသုံးပြုမယ်ဆိုရင် အကုန်အကျသက်သာမယ်။ Signal

အားကောင်းတဲ့အတွက်ကြောင့် လွယ်ကူစွာ ပိတ်ပင်တားဆီးလို့မရဘူး။ Obstruct လုပ်လို့မရဘူး။ 802.11b ရဲ့

အားနည်းချက်တွေက Maximum Speed နည်းတဲ့အတွက်ကြောင့် Performance မကောင်းဘူး။ Home Appliances

တွေဟာ Unregulated Frequency Band ပေါ်မှာ တားဆီးနှောင့်ယှက်မှုတွေရှိနိုင်တယ်။



802.11a Standard ကျတော့ Maximum Bandwidth က 54 Mbps အထိ Support လုပ်နိုင်လာပြီ။ ဒါပေမယ့်သူက

Regulated Frequency 5 GHz ကို အသုံးပြုတဲ့အတွက်ကြောင့် 802.11b ထက် Frequency ပိုမြင့်တယ်။ 802.11b နဲ့

802.11a ဟာ အသုံးပြုတဲ့ Frequency ချင်းမတူညီတဲ့အ တွက်တစ်ခုနဲ့တစ်ခုက Compatible မဖြစ်ဘူ့း။ 802.11a

Standard Wireless Access Point ကိုသုံးမယ်ဆိုရင် Speed မြန်တဲ့အတွက် Performance ကောင်းမယ်၊ Regulated

Frequency ကို အသုံးပြုထားတဲ့အတွက် အခြား Device တွေမှ Signal Interface တွေကို ကာကွယ်နိုင်တယ်။ ဒါပေမယ့်

ကုန်ကျစရိတ် များမယ် ၊ Signal အားပျော့တဲ့အတွက် လွယ်ကူစွာ Obstruct လုပ်နိုင်တယ်။

802.11g Standard ဟာဆိုရင် 802.11a နဲ့ 802.11b တွေဆီက ကောင်းတဲ့အချက်တွေကိုစုပြီး ဖွဲ့စည်းထားတဲ့

Standard ဖြစ်ပါတယ်။ ဒါကြောင့် 802.11g ဟာ 64 Mbps Bandwidth Support လုပ်နိုင်တယ်။ 2.4 GHz Frequency

ကိုပဲ အသုံးပြုတယ်။ 802.11g ဟာ 802.11b နဲ့ Compatible ဖြစ်တယ်။ ဆိုလိုတာက 802.11g Access Point တွေဟာ

802.11b Wireless Network Adapter တွေနဲ့ အလုပ်လုပ်နိုင်တယ်။ 802.11g ဟာ Speed မြန်တယ်၊ Signal

အားကောင်းတဲ့အတွက် လွယ်ကူစွာ Obstruct မလုပ်နိုင်ဘူး။ မကောင်းတဲ့အချက်က 802.11b ထက် ကုန်ကျစရိတ်ပိုများ

တယ်။ Unregulated Signal Frequency ကိုအသုံးပြုထားတဲ့အတွက် အနှောင့်အယှက်တွေရှိနိုင်တယ်။

802.11n Standard ဟာ IEEE ရဲ့ Newest Standard ဖြစ်ပါတယ်။ 802.11n ကို  802.11g ရဲ့ Bandwidth

ပမာဏကို Improve လုပ်ဖို့အတွက် Design လုပ်ထားတာပါ။ 802.11n Standard ဟာဆိုရင် Over 100 Mbps

Bandwidth အထိ Support လုပ်ပေးပါတယ်။ 802.11n ဟာ သူရဲ့ Increased Signal Intensity တွေကြောင့်

အစောပိုင်း Standard (802.11a, 802.11b,802.11g)တွေထက် Signal Range ပိုကောင်းပါတယ်။ 802.11n

Equipment တွေဟာ 802.11g Gear တွေနဲ့ Compatible ဖြစ်ပါတယ်။ 802.11n Standard ဟာ Speed အမြန်ဆုံးနဲ့

Signal Range အကောင်းဆုံး ဖြစ်ပါတယ်။ Signal Range ပိုပြီးကောင်းတဲ့အတွက် Outside Sources တွေမှ

Interference တွေကို ပိုပြီးတော့ ခုခံနိုင်ပါတယ်။ ဒါပေမယ့် 802.11n ဟာ  Finalized မလုပ်ရသေးပါဘူး။ Stable

မဖြစ်သေးပါဘူး။ ကုန်ကျစရိတ်ကလည်း 802.11g ထက်ကုန်ကျစရိတ်ပိုများပါတယ်။ 802.11n မှာလည်းပဲ Interference

တွေရှိပါတယ်။

ဒါ့အပြင် Wireless Access Point (WAP) တွေဝယ်ယူတဲ့အခါမှာ Access Point Only နဲ့ Access Point Routing

Function ပါဝင်တဲ့ WAP ဆိုပြီး နှစ်မျိုးရှိပါတယ်။ Routing Function ပါဝင်တဲ့ WAP တွေဟာ Internet Connection ကို

Share ပေးအသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် Access Point Only တွေကတော့ Internet Connection ကို Share လုပ်ပြီး

အသုံးမပြုနိုင်ပါဘူး။

Wireless Access Point တွေဝယ်ယူတဲ့အခါမှာ အမျိုးအစားတွေလည်း အများအပြားရှိပါသည်။ D-Link,3 Com,

Linksys, Netgear, Trendnet စသဖြင့် အမျိုးအစားတွေကတော့ အစုံပါပဲ။

မိမိကြိုက်နှစ်သက်ရာအမျိုးအစားကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်။ အမျိုးအစားတိုင်းမှာတော့ Cost and Benefit

တွေရှိကြတာပါပဲ။ D-Link မှာဆိုရင် 802.11 g Standard တွေထဲက DWL-2100 AP SNMP AES, DWL-G700AP

HIGH SPEED 2.4GHz စသဖြင့် Model တွေအများကြီးရှိပါတယ်။ 802.11 n Standarard ထဲမှာဆိုရင် D-Link DAP

1522 Xtreme 4-port Gigabit Selectable Dual Band Draft 802.11n N Duo Wireless Bridge / Access Point

အမျိုးအစားဟာလည်း High Speed ကို Support လုပ်ပေးတယ်။ Signal Range လည်း အရမ်းကောင်းတယ်။ Linksys

မှာလည်းပဲ D-Link ကဲ့သို့အမျိုးအစားစုံလင်စွာရှိပါတယ်။ Linksys ရဲ့ WAP 54 G Model Wireless Access Point

ဟာဆိုရင် 802.11b Standard ရော 802.11g Standard Equipment တွေရောကို Support လုပ်ပါတယ်။  WAP 54

G Model မှာတော့ Router Function မပါရှိပါဘူး။ Router ပါတဲ့ Function ကို ၀ယ်ချင်တယ်ဆိုရင်တော့ Linksys

WRT-54G Wireless-G Router Model ကို ၀ယ်လိုက်ပါ။ ၄င်း Model မှာဆိုရင် Device ၃ မျိုးအဖြစ်အသုံးပြုလို့ရပါတယ်။

Wireless-g (or) Wireless-b တွေအတွက် Wireless Access Point အဖြစ်အသုံးပြုလို့ရသလို Wired-Ethernet Device

တွေနဲ့ ချိတ်ဆက်ဖို့အတွက် 10/100 Mbps Port ၄ခုရှိပါတယ်။ ၄င်းနောက် High-Speed Cable နဲ့ DSL Internet

Connection တွေကို Share ပေးအသုံးပြုဖို့ရန် Router Function တွေပါရှိပါတယ်။ 802.11n Standard တွေထဲမှာဆိုရင်

WAP 400 N Wireless-N Access Point with Power Over Ethernet Model Wireless-N Ethernet Bridge with

Dual Band WET610N WAP စသဖြင့် ရှိပါတယ်။ ဒါက Linksys နဲ့ ပတ်သက်လို့ပြေပြတာနော်။

အခြားအမျိုးအစားတွေမှာလည်းပဲ သူ့ Model တွေနဲ့သူရှိကြပါတယ်။ ကိုယ်ရဲ့ Burget အခြေအနေ ၊ လိုအပ်တဲ့  Speed ၊

အခြား လိုချက်တွေပေါ်မူတည်ပြီး ရွေးချယ်ဝယ်ယူလို့ရပါတယ်။ ကဲ……………ဒီလောက်ဆိုရင်တော့ Wireless Access

Point တွေကို ရွေးချယ်ဝယ်ယူနိုင်လောက်ပြီလို့ထင်ပါတယ်။



Ref: www.zawlinyouth.net

သင့် laptop computer battery မကြာခဏ အားကုန်တတ်ပါသလား..?

Laptop computer battery တွေဟာ များသောအားဖြင့် ၃ နှစ်မှ ၅ နှစ် အထိ သို့မဟုတ် အားသွင်းမှု အကြိမ် ၁၀၀၀ လောက် ခံနိုင်ပါတယ်..အထူးပြုလုပ်ထားတဲ့ ဘက္ထရီတွေကတော့ နဲနဲ ပိုပြီးတော့ ကြာရှည်ခံနိုင်ပါတယ်။ အားသွင်းတဲ့ အကြိမ်ရေများလာတာနဲ့အမျှ ဘက္ထရီရဲ့ ဓါတ်အားသိုလှောင်နိုင်စွမ်း(capacity)ဟာ လျှော့ကျလာတတ်ပါတယ်။အားအပြည့် သွင်းထားတဲ့အသစ်စက်စက် laptop computer တစ်လုံးရဲ့ ဘက္ထရီဟာ သုံးနာရီခွဲလောက် အသုံးခံနိုင်တယ်ဆိုရင်တောင် တစ်နှစ်လောက်အကြာ သုံးပြီးတဲ့အခါ သုံးနာရီလောက်တောင် အသုံးမခံနိုင်တော့ပါဘူး..အဲဒီလိုဖြစ်လာပြီဆိုရင် သင့်ရဲ့ ဘက္ထရီအား ဘယ်လောက်ကုန်သွားပြီ ဘယ်လောက်ကျန်သေးဆိုတာကို သိဘို့လိုအပ်ပါပြီ..တိုင်းတာဖို့ battery meter ကို ဘယ်လိုရနိုင်မလဲ..။ လွယ်ပါတယ်…အလကားပေးထားတဲ့ web site တွေ ရှိပါတယ်..
PC အတွက်.. http://osirisdevelopment.com/BatteryBar/
MAC အတွက်.. http://download.cnet.com/coconutBattery/3000-2094_4-75049.html
အဲဒီ software များက သင့်ဘက္ထရီ ဘယ်လောက်သုံးပြီပြီ..ဘယ်လောက်ဆက်သုံးလို့ရသေးတယ်ဆိုတာကို တိုင်းတာပေးပါလိမ့်မယ်..
ဘက္ထရီထဲမှာရှိတဲ့ ဓာတုဗေဒပစ္စည်းများ အမြဲတမ်း အပြန်အလှန်ဓါတ်ပြုနေခြင်းကြောင့် သင့်ရဲ့ laptop ဘက္ထရီကို အသစ်စက်စက်လို ပြန်ဖြစ်အောင် ဘယ်လိုမှ ပြန်လုပ်လို့မရတော့ပါဘူး..
ဒါပေမဲ့ ဘက္ထရီကို နဲနဲ ပိုကောင်းလာအောင် သင်ကိုယ်တိုင်လုပ်နိုင်တဲ့ နည်းအချို့တော့ ရှိပါတယ်..စမ်းကြည့်ပါ.သင့်အတွက် အသုံးတဲ့ကောင်းတဲ့ပါလိမ့်မယ်..။
ပထမအနေနဲ့..သင့်ရဲ့ ဘက္ထရီကို အားအပြည့်သွင်းပါ..ပြီးရင် နောက်ထက် နှစ်နာရီလောက် ထပ်ပြီးအားသွင်းထားပေးလိုက်ပါ..ပြီးရင် Power cord ဖြုတ်လိုက်ပါ..power management ကို သွားပြီး never turn off လုပ်ထားပေးပါ ဒါမှမဟုတ် မော်နီတာရဲ့ brightness ကို အနိမ့်ဆုံးမှာထားပေထားလိုက်ပါ..
ဒုတိယနည်း…ဘက္ထရီကို လုံးဝ ကုန်ခမ်းသွားအောင် သုံးပစ်လိုက်ပါ..ပြီးရင် အဲဒီကုန်သွားတဲ့ အတိုင်းနောက်ထပ် လေးငါးခြောက်နာရီလောက် ပစ်ထားလိုက်ပါ..ပြီးမှ အားအပြည့်ပြန်သွင်းပေးပါ..ဘက္ထရီရဲ့ကြာရှည်ခံနိုင်အား ပြန်တက်လာတာတွေ့ရပါလိမ့်မယ်..
Laptop computer ကို မသုံးဘဲထားရင် အမြဲတမ်းအားသွင်းထားပေးရမယ် ဆိုတဲ့ အယူအဆဟာလည်း မှားယွင်းကြောင်း …ပြောလိုက်ပါရစေ ...

Ref: http://mmict.net/index.php?topic=3654.0