BEST Computer Centre

BEST Computer Centre မှ ကြိုဆိုပါသည်။

အမှတ် (၁၇၉)၊ မင်္ဂလာလမ်း၊ ကြောင်ငယ်ရပ်၊ မြိတ်မြို့။ ဖုန်း - ၀၅၉ ၄၂ ၉၇၀၊ ၀၅၉ ၄၂ ၅၀၆

BEST Computer Centre

BEST Computer Centre မှ ကြိုဆိုပါသည်။

အမှတ် (၁၇၉)၊ မင်္ဂလာလမ်း၊ ကြောင်ငယ်ရပ်၊ မြိတ်မြို့။ ဖုန်း - ၀၅၉ ၄၂ ၉၇၀၊ ၀၅၉ ၄၂ ၅၀၆

BEST Computer Centre

BEST Computer Centre မှ ကြိုဆိုပါသည်။

အမှတ် (၁၇၉)၊ မင်္ဂလာလမ်း၊ ကြောင်ငယ်ရပ်၊ မြိတ်မြို့။ ဖုန်း - ၀၅၉ ၄၂ ၉၇၀၊ ၀၅၉ ၄၂ ၅၀၆

BEST Computer Centre

BEST Computer Centre မှ ကြိုဆိုပါသည်။

အမှတ် (၁၇၉)၊ မင်္ဂလာလမ်း၊ ကြောင်ငယ်ရပ်၊ မြိတ်မြို့။ ဖုန်း - ၀၅၉ ၄၂ ၉၇၀၊ ၀၅၉ ၄၂ ၅၀၆

Showing posts with label Facebook. Show all posts
Showing posts with label Facebook. Show all posts

Wednesday, May 1, 2013

Facebook သုံးသူများ ဖတ်ထားသင့်တဲ့စာအုပ်



facebook အသုံးပြုခြင်းနှင့်ပတ်သက်ပြီး လေ့လာသင့်သည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။


Download - www.mediafire.com/လုံခြုံစွာဖေ့ဘွတ်အသုံးပြုနည်း

Facebook Translation တွင် ဗမာစာ (မြန်မာစာ)ဟု စတင်ပါဝင်လာ



Facebook Translation တွင် ဗမာစာ (မြန်မာစာ)ဟု စတင်ပါဝင်လာပြီး ယခုကဲ့သို့ မြန်မာစာကို ထည့်သွင်းထားမှုမှာ ၆ ရာခိုင်နှုန်းသာရှိသေးကြောင်း Facebook translation ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ Translation ကို ဖြည့်စွက်လိုသူများ၊ ထည့်သွင်းလိုသူများအနေဖြင့် Facebook Translation တွင်ဝင်ရောက်ပြီး ဗမာစာဟူသော စနစ်ကိုနှိပ်၍ ထည့်သွင်းနိုင်ပြီး ထည့်သွင်းထားသည်များကိုလည်း မည်သည်က ပိုမှန်သည်ကို Vote ပေးနိုင်ရန် စနစ်ကိုလည်း စီစဉ်ပေးထားသည်။

အကယ်၍ ထည့်သွင်းထားသည်များကို Vote ပေးခြင်း ( သို့မဟုတ် ) ကိုယ်တိုင် ထည့်သွင်းလိုပါက https://www.facebook.com/?app=1&sk=translations တွင်ဝင်ရောက် လေ့လာနိုင်သည်။

Facebook တွင် မိမိ Profile ကို မည်သူက အများဆုံး ၀င်ရောက်ကြည့်ရှုသလဲသိရှိနိုင်ရန်


အဆင့်-1
မူလမျက်နှာမှာ အောက်ကအတိုင်း လွတ်တဲ့နေရာမှာ ညာဘက်ကလစ်ကိုနှိပ်လိုက်ပါ (အောက်ပါပုံကိုကြည့်ပါ)




အဆင့်-2
ထို့နောက် ပေါ်လာသည့် box မှ view page source ဆိုတာကိုနှိပ်လိုက်ပါ.. ထိုအခါ အောက်ပါပုံအတိုင်း တွေ့မြင်ရမှာဖြစ်ပါတယ်..
ထပ်မံ၍ Ctrl+F ကိုတွဲနှိပ်လိုက်ပါက အောက်ပါအတိုင်း box တစ်ခု ပေါ်လာပါမည်.
(ယခု ဖေါ်ပြထားသောပုံသည် Google chrome ကို အသုံးပြုထားသော ပုံဖြစ်ပါသည်။ 
Google chrome တွင် Ctrl=+F ကိုတွဲနှိပ်ပါက အပေါ်တွင်ပေါ်မှာဖြစ်ပြီး mozilla firefox မှာတော့ အောက်ခြေတွင် ပေါ်လာမည် ဖြစ်ပါသည်။)



အောက်ပါပုံမှာ mozilla firefox မှာ Ctrl=+F တွဲနှိပ်ပါက ပေါ်လာသည့်ပုံဖြစ်ပါသည်။





ထို့နောက် ပေါ်လာသည့် Box မှာ orderedfriends ဆိုတာကိုရိုက်ထည့်လိုက်ပါ..
ထို့နောက် အောက်ပါပုံအတိုင်း highlight  ဖြင့်ပြထားသော စာ၏အနောက်မှ list ထဲမှာ ပထမဆုံး ဂဏန်းအတွဲကို ကော်ပီကူးယူထားလိုက်ပါ..





အဆင့်-3
ထို့နောက် Facebook ၏ မူလ Home စာမျက်နှာသို့ သွားပြီးနောက် https://www.facebook.com/ တွင် စောစောကော်ပီကူးယူလာသည့် ဂဏန်းကို နောက်မှာထည့်ပြီး Enter ခေါက်လိုက်ပါ....
ထိုအခါ မိမိ၏ Profile ကို အများဆုံး ၀င်ကြည့်သူကို တွေ့မြင်ရမှာ ဖြစ်ပါတယ်...













Ref: ဖေ့ဘုတ်ဆိုင်ရာ နည်းပညာများ

facebook မှာ online မှာဖြစ်ပေမယ့်လဲ တခြားသူတွေ offline လို့မြင်ရအောင်

 ဥပမာ အကြောင်းအမျိုးမျိုးကြောင့် ဖေ့ဘုတ်မှာ ကိုယ့်ကို သူများမမြင်အောင် ပြုလုပ်မည်ဆိုပါက....





ပထမအဆင့်
အထက်ပါ ပုံအတိုင်း စက်သွားပုံ Options ဆိုတာကို နှိပ်လိုက်ပါ


ဒုတိယအဆင့်
အောက်ပါပုံအတိုင်း Turn Off Chat ဆိုတာကို နှိပ်လိုက်ပါ..





ဒါဆို မိမိသူငယ်ချင်းတွေက မိမိအကောင့်တတ်နေတာကို မမြင်တော့ဘူး...
တကယ်လို မိမိအနေနဲ့ လူရွေးပြောမယ်ဆို အောက်ပုံအတိုင်း ချက်ဘောက်ကိုမြင်တွေ့မှာဖြစ်ပါတယ်..
အဲဒီအထဲက မိမိပြောလိုသူကိုယ် ရွေးချယ်ပြီး ပြောလို့ရပါပြီ..

 



by ဖေ့ဘုတ်ဆိုင်ရာ နည်းပညာများ

မိမိ ဖေ့ဘုတ်အကောင့်ကို ဘယ်နိုင်ငံ-ဘယ်မြို့နယ်က-ဝင်ကြည့်သလဲ

 
အခုပြောပြမှာကတော့ အရေးမကြီးပေမယ့် သိထာသင့်တယ်လို့ ထင်လို့ပါ...အီမေလ်တွေမှာဆို ကိုယ့်အကောင့်ကို ဘယ်နိုင်ငံတွေက ဘယ်အချိန်မှာ ဘယ်လို browserနဲ့ ဝင်သုံးသွာတယ်ဆိုတာကို ဖေ့ဘုတ်မှာလည်ကြည့်လို့ရမယ့် နည်းလမ်းလေးတစ်ခုပါ...

ပထမဆုံး
facebook account settings ကိုသွာမယ်...






ဒုတိယအဆင့်
Security Settings ဆိုတာကိုနှိပ်လိုက်ပါ ပြီးပါက Active Sessions ကိုနှိပ်လိုက်ပါ အောက်ကပုံအတိုင်း ဘယ်နေရာက သုံးတယ်ဆိုတာ မြင်တွေ့ရမှာဖြစ်ပါတယ်




by ဖေ့ဘုတ်ဆိုင်ရာ နည်းပညာများ

Facebook မြန်မာ-အင်္ဂလိပ် Dictionary





ယနေ့မှာ မြန်မာလူငယ်တော်တော်များများဟာ Facebook ကို သုံးစွဲလာကြပါပြီ... အဲဒီတော့ အခု ကျနော် မိတ်ဆက်ပေးမယ့် Dictionary လေးဟာ သူငယ်ချင်းတွေအတွက် တဖက်တလမ်းကနေ အထောက်အကူနိုင်မယ်လို့ မျှော်လင့်ပါတယ်။

အောက်ကပေးထားတဲ့ link ကနေသွားပြီး  Facebook မြန်မာ-အင်္ဂလိပ် Dictionary အသုံးပြုနိုင်ပါတယ်..

https://www.facebook.com/login.php?api_key=137610732927609&skip_api_login=1&display=page&cancel_url=https%3A%2F%2Fapps.facebook.com%2Fpaungku-dictionary%2Fdictionary%3Ferror_reason%3Duser_denied%26error%3Daccess_denied%26error_description%3DThe%2Buser%2Bdenied%2Byour%2Brequest.&next=https%3A%2F%2Fwww.facebook.com%2Fdialog%2Foauth%3F_path%3Dpermissions.request%26app_id%3D137610732927609%26redirect_uri%3Dhttps%253A%252F%252Fapps.facebook.com%252Fpaungku-dictionary%252Fdictionary%26display%3Dpage%26response_type%3Dcode%26canvas%3D1%26from_login%3D1%26client_id%3D137610732927609%26scope%3Demail%252Cpublish_stream&rcount=1




by ဖေ့ဘုတ်ဆိုင်ရာ နည်းပညာများ

Facebook Shortcut လေးတွေ




• ALT + 0 – Help Center
• ALT + 1 – Your Homepage Facebook
• ALT + 2 – Your Profile
• ALT + 3 – Recent Friendship Requests
• ALT + 4 – Recent Messages
• ALT + 5 – Latest Notifications
• ALT + 6 – Your Account Settings
• ALT + 7 – Privacy
• ALT + 8 – Official Fan Page
• ALT + 9 – Facebook Terms/ Agreements
• ALT + m_ Compose a new Message
• ALT +? _ Search Box

အသုံးပြုသော Browser နှင့် OS ပေါ်မူတည်ပြီး နှိပ်ရမည့် Key များ ကွဲလွဲနိုင်ပါသည်။
Firefox မှာဆိုရင် Shift+Alt+0 လို့ Shift လေးခံပြီး ရိုက်ပေးရမှာ ဖြစ်ပါတယ်။
Google Chrome မှာဆိုရင် Alt+0 လို့ရိုက်ပေး လိုက်ရုံပါပဲ။
Internet Explorer မှာဆိုရင်တော့ Alt+0 လို့နှိပ်ပြီး Enter နှိပ်ပေးလိုက်ရုံပါပဲ။


Ref: http://www.knowledgewar07.com/search/label/Faceboo

Facebook အတွက် လုံ ခြုံရေး နည်းလမ်းတခု


ဖေ့ဘုတ် အတွက် လုံ ခြုံရေး နည်းလမ်းတခုပါ ..


ယခုနည်းကို အသုံးမပြုရသေးသူများအနေဖြင့် မိမိ browser မှာကြည့်ပါက http: လို့.ပေါ်နေပါလိမ့်မယ်

ဖေ့ဘုတ် ညာဘက်ဒေါင့်က Home ဘေးက မျှားကိုနှိပ်လိုက်ပါ..




Account settings ကိုနှိပ်လိုက်ပါ..



Security Settings ကိုသွားလိုက်ပါ...




Secure Browsing ကို သွားပြီးတော့ အမှန်ခြစ်လေးပေးလိုက်ပါ.. ပြီးလျှင် save ကိုနှိပ်လိုက်ပေါ့...



- လုံခြုံရေးနည်းလမ်းတစ်ခုဖြစ်တဲ့အတွက် browser  မှာ https// တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်...
  






Ref: ဖေ့ဘုတ်ဆိုင်ရာ နည်းပညာများ

Facebook မှာ Subscribe လုပ်တယ်ဆိုတာ




facebook မှာရှိတဲ့ ကိုယ့်ရဲ့ သူငယ်ချင်းတွေကို Subscribe လုပ်ထားခြင်းအားဖြင့် ကိုယ့်သူငယ်ချင်းတွေ ဘယ်လိုပိုစ့်တွေတင်နေတယ်..  ဓာတ်ပုံတွေတင်နေတယ်ဆိုတာ Profile မှာ သွားမကြည့်ဘဲနဲ့ ကိုယ့်အကောင့်နေသိနေမှာပါ..
နောက်ပြီး ကိုယ်နဲ့ သူငယ်ချင်း မဖြစ်သေးတဲ့ လူတွေကိုလည် subscribe လုပ်ထားနိုင်ပါတယ်...

ပြုလုပ်ပုံကတော့ အခု အထက်မှာပါတဲ့ ဓာတ်ပုံအတိုင်း ကိုယ် subscribe လုပ်လိုသူရဲ့ profile က subscribe ကိုကလစ်နှိပ်လိုက်ရုံပါပဲ...

ဒါပေမယ့် အသက် (၁၈)အထက်မှာသာလျှင် Subscriber ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်.....




by ဖေ့ဘုတ်ဆိုင်ရာ နည်းပညာများ

Facebook အကောင့်ယာယီပိတ်နည်း




Facebook အကောင့်ယာယီပိတ်ထားချင်ရင်.
  1. Click the account menu at the top right of any Facebook page
  2. Choose Account Settings
  3. Select Security from the left-hand menu
  4. Click on "Deactivate your account"
 အဲ့နည်းကတော့ အကောင့်ကို ခဏပိတ်လိုက်တဲ့အတွက် ဖေ့ဘွတ်စာမျက်နှာမှာပျောက်နေမှာပါ ။ လိုချင်တဲ့အချိန် ၊ ပြန်သုံးချင်တဲ့ အချိန်မှာ ပြန်ပြီး Active လုပ်လို့ 
 ရပါတယ် message,invite,request တွေတော့ ၀င်နေမှာပါ ကိုယ်ပြန်သုံးတဲ့အချိန်မှာ ပေါ်လာမှာပါ.။





by ဖေ့ဘုတ်ဆိုင်ရာ နည်းပညာများ

Facebook မေးလ်တွေနဲ့ ရှုပ်နေတဲ့ သူငယ်ချင်းတွေအတွက်




တစ်နေ့တစ်နေ့ Fb ထဲက Notification မေးလ်တွေနဲ့ ရှုပ်နေလို့ အဲဒီ့ မေးလ်တွေ မလိုချင်ဘူးဆိုရင် မပို့အောင် လုပ်နိုင်ပါတယ်.. ပထမဆုံး Fb ထဲကိုဝင်လိုက်ပါ..
ပြီးရင် Account settings ထဲကိုသွားပြီး Notifications ကိုသွားပါ.. ဒါဆိုရင် Send a notification when someone: ဆိုတဲ့ အောက်မှာ fb ရဲ့ ဘာလုပ် ရင် မေးလ်ပို့မယ်ဆိုတဲ့ အချက်တွေရှိပါတယ်..

မေးလ်မှာ Email ရဲ့အောက်မှာ ကိုမလိုချင်တဲ့ အကြောင်းကြားစာကို uncheck လုပ်ရုံပါပဲ..
ဥပမာ.. တစ်စုံတစ်ယောက်က ကိုယ့်ကို သူငယ်ချင်းတစ်ယောက် အနေနဲ့ လာပြီး addလုပ်ထားရုံနဲ့
မေးလ်မပို့စေချင်ရင် Adds you as a friend ရဲ့ Email မှာ uncheck လုပ်ရုံပေါ့.. ပြီးရင် ထုံးစံအတိုင်း Save changes ပေါ့.. ဒါဆို အိုကေပါပြီ.




by ဖေ့ဘုတ်ဆိုင်ရာ နည်းပညာများ

Facebook အတွက် သိထားသင့်သည့် အချက်များ



ဒါကတော့ သိပြီးတဲ့ သူတွေလည် သိလောက်ကြမှာပါ ဒါပေမယ့် မသိသေတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ အတွက်ကို ရည်ရွယ်ပြီးပြန်တင်ပေးလိုက်ပါတယ်...

(၁) တစ်စုံတစ်ယောက်ကို Block လုပ်ရန် Setting ထဲက Privacy Setting မှာ Block List ကို တွေ့ ရမှာပါ။ အဲဒီမှာ သင် Block လုပ်ချင်သူရဲ့ Emial ရိုက်ထည့်ပြီး Remove လုပ်ရုံပေါ့။ Friend Request ထပ်ပို့ မှပဲ သင်တို့  သူငယ်ချင်း ဖြစ်နိုင်ပါတော့မယ်။

(၂) Comment တွေဖျက်ဖို့ Remove Button နဲ့  ခပ်လွယ်လွယ် ဖယ်ရှားလိုက်ရုံပေါ့။

(၃) သင့်ပုံ သူများ မမြင်စေချင်ရင်ကိုယ့် Profile Photo မှာ သူများ Tag ချိတ်ပေးတဲ့ ပုံတွေ များနေ မယ်ဆိုရင် Remove Tag လုပ်ဖို့  လိုပါတယ်။ ကိုယ့်ရဲ့ Tag လုပ် ထားတဲ့ Photo ကို ဖွင့်လိုက်ပါ။ အဲဒီ Photo (ပုံ) အောက်မှာ Tag ချိတ်ထားတဲ့ ကိုယ့်နာမည်ဘေးမှာ Photo နဲ့  Remove Tag ဆိုတာ တွေ့  ရပါမယ်။ Remove Tag လုပ်ရုံပါပဲ။ ဒါဆိုရင်သင့်ကို Tag လုပ်ထားတဲ့ ပုံတွေ မရှိတော့ပါဘူး။


(၄) ကိုယ့်ရဲ့ ပုံတွေ ဗွီဒီယိုတွေရဲ့ Privacy ကို ပိုပြီး စိတ်ချရအောင်Account ထဲက Privacy Settings က Profile Information ကို သွားပါ။ အဲဒီမှာ Bio, Birthday, Religions, Photo, Post, Allow Friends To Post My Wall, Comments စသဖြင့် ကိုယ့် Friends တွေပဲ တွေ့ စေချင်တာလား။ တခြားလူတွေပါ မြင်စေ ချင်သလားဆိုတာ ရွေးပါ။ Privacy Level မှာ Only Me, Block Specific People စသဖြင့် ကြိုက်ရာ တစ်ခုခု လုပ်ပါ။ Preview My Profile ကို ရွေးပြီး Check ကြည့်ပါ။


(၅) သင့်နာမည်ကို Facebook ရဲ့ Search မှာ မတွေ့ စေချင်ရင်  Settings ထဲက Privacy Setting ထဲက Search ကိုရှာပါ။ အဲဒီမှာ Only Friends ကို ရွေးချယ်ပါ။ ခုဆိုရင် သင့် Friends တွေကပဲ သင့်ကို ရှာတွေ့  မှာပါ။


(၆) Facebook Layout ပြောင်းရန်Page Rage Super Profile က Facebook ရဲ့ Application ဖြစ်ပြီး သင့် Facebook Profile ရဲ့ Skin ကို ပြောင်းလဲ ပေးပါလိမ့်မယ်။ Yontoo Lages အမည်ရှိ Add on software တစ်ခုကို Install လုပ်ရမှာ ဖြစ်ပြီး ဒါက Facebook ရဲ့ Layout ကို ပြောင်းပေးမှာပါ။

(၇) Friends List ကို ဖျောက်ချင်ရင် Privacy Settings ထဲက Friends ဆိုတဲ့ Options မှာ “Every One” လား၊ “Friends of Friends” လား၊ “Only Friends” လား၊  “Customize” လား တစ်ခုခု စိတ်ကြိုက် ရွေး လိုက်ပေါ့။

(၈) Game မကစားတော့ဘူးဆိုရင်Facebook ရဲ့ Farmville ကို သင်က အရင်က ဆော့ခဲ့ပေမဲ့ အခုတော့ ဆော့ဖြစ်တော့ဘူး ဆိုပါတော့။ ဒါပေမဲ့ လက်ဆောင် များစွာ က နေ့ စဉ် ရောက်ဆဲပါ။ ဒီပြသနာအတွက် Application Setting ကို ၀င်ပါ။ အဲဒီထဲက Game ကို (x) နဲ့  Remove လုပ်လိုက်ပါ။


by ဖေ့ဘုတ်ဆိုင်ရာ နည်းပညာများ

Friday, April 19, 2013

Facebook မှာ Status အတု ဘယ်လိုရေးမလဲ ???

အတုအယောင်တွေ များတဲ့ ခေတ်ထဲမှာ Status အတုရှိတာ မဆန်းပါဘူးနော်.......
ကဲ.....အတုတွေ လုပ်ကြစို့  ........
  1. ဒီကိုသွားပါခင်ဗျာ>>>http://thewallmachine.com/
  2. အဲ့ဒီ့မှာ Connect ဆိုတဲ့ အပြာရောင် Button လေးရှိတယ်...Click တစ်ချက်လောက်ကျွေးလိုက် .....
  3. အဲ့ဒီ့မှာ သူ Status တစ်ခု နမူနာရေးပြထားပါတယ်......... စာတွေကို..Click နှစ်ချက်မြန်မြန်နှိပ်ပြီး Select မှတ်.....ကိုယ်ကြိုက်တဲ့ နာမည်တွေ စာတွေ ၀င်ပြင်လိုက်ပါ.......
  4. နာမည်တင်မဟုတ်ပါဘူး.........ဓါတ်ပုံတွေလည်း ကိုယ်စိတ်ကြိုက်ထည့်နိုင်ပါတယ်...ထည့်ပြီးရင် Crop ပေါ့..
  5. တင်ခဲ့တဲ့ နာရီတွေကိုလည်း ၀င်ပြင်နိုင်ပါသေးတယ်.....  5 minutes ago ...စတာတွေပေါ့.......
  6. ကိုယ်စိတ်ကြိုက်လူတွေကိုလည်း Comment ၀င်ပေးနိုင်ပါသေးတယ်....ဦးသိန်းစိန် ဓါတ်ပုံနဲ့ Comment ၀င်ပေးတာတို့..၀တ်မှုန်ရွှေရည်...ဓါတ်ပုံနဲ့....Comment ၀င်ရေးတာတို့ ပြုလုပ်နိုင်ပါတယ်.
  7. စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ Print Screen ဖမ်းပြီးတော့ Facebook ပေါ်ကို ဓါတ်ပုံအနေနဲ့ တင်လိုက်ပေါ့.......
အားလုံး စမ်းသပ်ရင်း..အိပ်မက်လှလှမက်ပါစေ........ :) 
 
Source: http://www.kelvineinstein.blogspot.com/2013/04/facebook-status.html

Thursday, April 11, 2013

Hack ခံလိုက်ရသည့် သင့်၏ Facebook Account အား ဘယ်လိုပြန်ယူမလဲ


အားလုံး သိကြတဲ့အတိုင်း Facebook ဆိုတဲ့ လူမှုရေးကွန်ယက်ကြီးကို ၁ ဘီလီယံကျော်သော လူအများက စွဲလန်းခုံမင်စွာ သုံးစွဲနေကြပါတယ်။ အသုံးလိုလို့ သုံးစွဲတာထက် စွဲလန်းမှုဖြင့် သုံးစွဲတာက ပိုများလာနေပါတယ်။ ဖုန်း ၊ တက်ဘလက် ၊ ကွန်ပြူတာ ၊ လက်တော့ပ် စတဲ့ အီလက်ထရောနစ် ပစ္စည်းတွေအားလုံးနဲ့ နေရာတကာမှာ မျက်စိနောက်လောက်အောင် Facebook မှ Facebook ပါပဲ။

ကဲဒီလောက်တောင် စွဲလန်းနေရတဲ့ သင့်ရဲ့ Facebook ဟာ ဘယ်လောက်တောင်မှ လုံခြုံပါသလဲ။ သင့်အနေနဲ့ ကံအကြောင်းမလှလို့ hack ခံလိုက်ရပြီဆိုရင် ဘယ်လိုများ လုပ်ကြမလဲ။ ရုပ်ပိုင်းဆိုင်ရာ မထိခိုက်ပေမယ့် စိတ်ပိုင်းဆိုင်ရာတော့ အတော်လေး ထိခိုက်ရမှာ သေချာပါတယ်။ အထူးသဖြင့် Facebook ဆိုတဲ့ “ဆေး” စွဲနေသူများက ပိုခံရပါလိမ့်မယ်။

Facebook ကို hack အလုပ်ခံရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အဓိက အကြောင်းရင်းကတော့ ပေါ့ဆမှုကြောင့်ပဲ ဖြစ်ပါတယ်။

ဘယ်နည်းနဲ့ဖြစ်ဖြစ် အကယ်၍သာ သင့်ရဲ့ Facebook ကို hack လုပ်ခံလိုက်ရပြီ ဆိုရင်တော့ အောက်ပါနည်းလမ်းများကို အသုံးပြုပြီး ပြန်လည်ရယူဖို့ ကြိုးစားဆောင်ရွက် ကြည့်နိုင်ပါတယ်။

နည်းလမ်း ၁ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မှတ်မိလျှင်)

အဆင့် ၁ -
www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ - “My Account is Compromised” အား နှိပ်ပါ။
အဆင့် ၃ - မိမိ account နှင့် သက်ဆိုင်သည့် အီးမေးလ် (သို့) ဖုန်းနံပါတ် (သို့) Facebook သုံး မိမိအမည် (သို့) မိမိ၏ အမည်အပြည့်အစုံအား ထည့်သွင်းပြီး Search လုပ်ပါ။
အဆင့် ၄ - ရှာတွေ့သည်ဆိုလျှင် မိမိ၏ ရှိရင်းစွဲ password အား ထည့်သွင်းပါ။
အဆင့် ၅ - မှန်ကန်သည်ဆိုလျှင် Facebook မှ သင်၏ account အား လုံခြုံရေးဆောင်ရွက်ရန် ပြောကြားပါလိမ့်မယ်။ Continue နှိပ်ပါ။
အဆင့် ၆ - Password အသစ်အား ၂ ခါပြန် ရိုက်ထည့်ပါ။
သင်၏ hack လုပ်ခံထားရသည့် account ထဲ ပြန်ဝင်လို့ ရပါပြီ။
မှတ်ချက် - ဖုန်းတွင် SMS ရယူခြင်းဖြင့် လုံခြုံရေး ၂ ထပ် ပြုလုပ်ထားပါက မိမိ၏ account ပါ ဖုန်းအား လက်ဝယ်ရှိနေရန် လိုအပ်ပါမည်။


နည်းလမ်း ၂ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မမှတ်မိလျှင်)

အဆင့် ၁ -
www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ - “My Account is Compromised” အား နှိပ်ပါ။
အဆင့် ၃ - စာမျက်နှာ ဘယ်ဖက်အောက်ထောင့်ရှိ “I can’t identify my account” အား နှိပ်ပါ။
အဆင့် ၄ - Facebook မှ မေးမြန်းသည့် သင်နှင့် သက်ဆိုင်သည့် မေးခွန်းများအား ဖြေပါ။
အဆင့် ၅ - Submit လုပ်ပါ။

မကြာမီတွင် Facebook မှ သင့်အား ဆက်သွယ်လာမည်ဖြစ်ပြီး သင်၏ account အား ပြန်လည်ရယူနိုင်ရန် ကူညီပါလိမ့်မည်။

ဤကဲ့သို့ ရှုပ်ထွေးပြီး စိတ်ညစ်ဖွယ်ရာ ဖြစ်ရပ်များအား မကြုံတွေ့လိုလျှင် မိမိ၏ account လုံခြုံရေးအတွက် မပေါ့ဆပဲ သတိထားပြီး နေထိုင်သင့်ပါသည်။

မိမိ account လုံခြုံရေးအတွက် ဆောင်ရွက်နိုင်သည့် အချက်များ -

- အလွယ်တကူ မသိရှိနိုင်မည့် password များထားပါ။
- အလျဉ်းသင့်သလို ပြောင်းလဲပါ။
- လုံခြုံရေး မေးခွန်းများ ထားရှိပါ။
- ဖုန်း SMS သုံး လုံခြုံရေး ၂ ထပ် ထားရှိပါ။
- မလုံခြုံသည့် ကြုံကြိုက်ရာ WiFi သုံးခြင်း ရှောင်ကြဉ်ပါ။
- မိမိ Facebook နှင့် Email အား အချိန်ပြည့် ဖွင့်ထားခြင်း ရှောင်ကြဉ်ပါ။
- Facebook တွင် မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်များ ဖော်ပြထားခြင်း ရှောင်ကြဉ်ပါ။

MCG