BEST Computer Centre

BEST Computer Centre မှ ကြိုဆိုပါသည်။

အမှတ် (၁၇၉)၊ မင်္ဂလာလမ်း၊ ကြောင်ငယ်ရပ်၊ မြိတ်မြို့။ ဖုန်း - ၀၅၉ ၄၂ ၉၇၀၊ ၀၅၉ ၄၂ ၅၀၆

BEST Computer Centre

BEST Computer Centre မှ ကြိုဆိုပါသည်။

အမှတ် (၁၇၉)၊ မင်္ဂလာလမ်း၊ ကြောင်ငယ်ရပ်၊ မြိတ်မြို့။ ဖုန်း - ၀၅၉ ၄၂ ၉၇၀၊ ၀၅၉ ၄၂ ၅၀၆

BEST Computer Centre

BEST Computer Centre မှ ကြိုဆိုပါသည်။

အမှတ် (၁၇၉)၊ မင်္ဂလာလမ်း၊ ကြောင်ငယ်ရပ်၊ မြိတ်မြို့။ ဖုန်း - ၀၅၉ ၄၂ ၉၇၀၊ ၀၅၉ ၄၂ ၅၀၆

BEST Computer Centre

BEST Computer Centre မှ ကြိုဆိုပါသည်။

အမှတ် (၁၇၉)၊ မင်္ဂလာလမ်း၊ ကြောင်ငယ်ရပ်၊ မြိတ်မြို့။ ဖုန်း - ၀၅၉ ၄၂ ၉၇၀၊ ၀၅၉ ၄၂ ၅၀၆

Tuesday, April 23, 2013

Laptop Battery ကို ကြာရှည်စွာအသုံးပြုနိုင်ရန်

အကြောင်းအမျိုးမျိုးကြောင့် Laptop များကို မီးမရရှိပဲ Laptop ၏ Battery ကိုသာ အသုံးပြု၍ ကွန်ပျူတာကို သုံးစွဲမည်ဆိုပါက Laptop Battery ကြာရှည်စွာအသုံးပြုနိုင်ရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည်။

၁။ Screen Brightness ကိုလျော့ချအသုံးပြုခြင်း။
Screen ၏ Brightness ကိုပိုမိုအသုံးပြုပါက Laptop ၏ Battery ကို ပိုမိုမြန်ဆန်စွာကုန်ဆုံးစေပါသည်။ ထို့ကြောင့် Laptop ၏ Scan Brightness ကို လျော့ချ၍သုံးစွဲရန် လိုအပ်ပါသည်။ Brightness ကို လျော့ချရန်အတွက် Laptop Battery icon ကို Right Click နှိပ်၍ More Power Option ကိုဝင် ရောက်ရပါမည်။ Power options window ပွင့်လာသောအခါ screen brightness ကိုအနည်းဆုံးသို့လျော့ချရန်အတွက် ဘယ်ဘက် အဆုံးထိပြောင်းပေးရပါမည်။ ထိုသို့ screen brightness ကို အနည်းဆုံးသို့ လျော့ချအသုံးပြုခြင်းသည် မျက်လုံးများအတွက်လည်းကောင်းမွန်စေပါသည်။

၂။ Screensavers အသုံးပြုခြင်းကိုပိတ်ထားခြင်း။
Screensavers များအသုံးပြုခြင်းသည်လည်း Laptop ၏ Battery များကို လျင်မြန်စွာကုန်ဆုံးရခြင်း၏ အကြောင်းရင်းတစ်ရပ်ပင် ဖြစ်သည်။ Screensavers များကို ပိတ်ထားပါက Laptop ၏ Battery ကို ပိုမိုကြာရှည်စွာအသုံးပြုနိုင်ပါသည်။ Screensavers များကို ပိတ်ထားရန်အတွက် Desktop ပေါ်တွင် Right click နှိပ်၍ Properties ကို ၀င်ရောက်ရပါမည်။ ထို့နောက် Screensavers tab သို့ဝင်ရောက်၍ None ကိုရွေးချယ်၍ Ok ပေးရပါမည်။

၃။ Defragmentation ပြုလုပ်ပေးခြင်း။
Computer ၏ hard disk drive များကို Defragmentation ပြုလုပ်ပေးခြင်းသည် ကွန်ပျူတာ၏ စွမ်းဆောင်မှုကို မြင့်တက်စေသလို Laptop ၏ Battery သုံးစွဲခြင်းကိုလျော့နည်းစေသည့်အတွက် ပြုလုပ်ပေးရန်လိုအပ်ပါသည်။ Defragmentation ပြုလုပ်ပေးရန်အတွက် Window တွင်ပါဝင်သော Defragmenteကို အသုံးပြုနိုင်သကဲ့သို့၊ အခြား Defragmentation ပြုလုပ်ပေးသည့် Software များကိုလည်းအသုံးပြုနိုင်ပါသည်။ Defragmentation ပြုလုပ်ရန် အတွက် hard disk drive တစ်ခုကို Right click နှိပ်၍ properties သို့ ၀င်ရောက်ရပါမည်။ ထို့နောက် Tools tab ကို ၀င်ရောက်၍ Defrayments now ကိုနှိပ်၍ hard disk drive တစ်ခုခြင်းစီကို Defragmentation ပြုလုပ်ပေးရပါမည်။

၎။ အသုံးမလိုသည့် Applications များကို Disable ပြုလုပ်ထားခြင်း။
အချို့ သော Applications များသည် ကွန်ပျူတာစတင်အလုပ်လုပ်သည်နှင့်တစ်ပြိုင် နက်တည်း အလုပ်လုပ်ရန် မလိုအပ်ပါ။ ဥပမာအားဖြင့် Adobe reader, Zune, iTunes and Google desktop အစရှိသည့် Applications များဖြစ်ပါသည်။ အဆိုပါ Applications များကို Startup menu တွင် Disable ပြုလုပ်ထားခြင်းဖြင့် Laptop ၏ Battery ကိုကြာရှည်စွာအသုံးပြုနိုင်ပါသည်။ Startup menu တွင် မလိုအပ်သည့် Applications များကို Disable ပြုလုပ်ရန်အတွက် Start မှ Run ကိုဝင်ရောက်ရပါမည်။ Run box တွင် Msconfig ဟုရိုက်ကာ Startup tab သို့ဆက်လက်ဝင်ရောက်ရပါမည်။ ထို့နောက်မလိုအပ်သည့် Applications များကို Uncheck ပြုလုပ်ပေး၍ ok ပေးပြီးနောက် Restart ချပေးရပါမည်။

၅။ External USB devices များကိုအသုံးမပြုခြင်း။
External USB devices များကို အသုံးပြုခြင်းသည် Laptop ၏ Battery များကို လျင်မြန်စွာကုန်ဆုံးစေပါသည်။ ထို့ကြောင့် External USB Devices များဖြစ်သော external hard drive, pen drive, mouse, memory card, iPod or iPhone အစရှိသည်တို့ကိုအသုံးပြုခြင်း၊ ချိတ်ဆက်ထားခြင်းတို့ကို ရှောင်ကြဉ်ရပါမည်။

၆။ RAM ကိုတိုးမြှင့်ခြင်း။
အကယ်၍ ကွန်ပျူတာတွင် အသုံးပြုသည့် RAM သည် Window ၏ လိုအပ်ချက်နှင့် မကိုတ်ညီပဲစွမ်းဆောင်မှုနိမ့်နေပါက အဆိုပါ RAM ၏ လိုအပ်ချက်သည်လည်း Laptop ၏ Battery ၏ ခံနိုင်ရည်အားကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် System ၏ လိုအပ်ချက်နှင့်အညီ RAM ကိုတိုးမြှင့်ပေးရန်လိုအပ်ပါသည်။

၇။ CD/DVD အသုံးမပြုခြင်း။
Laptop တစ်လုံးကို Battery ဖြင့် အသုံးပြုနေပါက CD/DVD အသုံးပြုခြင်းကို ရှောင်ကြဉ်ရပါမည်။ CD/DVD အသုံးပြုခြင်းသည် Laptop ၏ Battery ကို လျင်မြန်စွာ ကုန်ဆုံးစေနိုင်ပါသည်။

၈။ အသုံးမပြုသည့်အချိန်တွင် Sleep or standby ပြုလုပ်ခြင်း။
ကွန်ပျူတာကိုသုံးခြင်းမှ ခေတ္တခဏရပ်နားသည့်အခါမျိုးတွင် Standby သို့မဟုတ် sleep ပြုလုပ်ထားခြင်းသည် power သုံးစွဲမှုကို လျော့နည်းစေပြီး Battery ကို ကြာရှည်စွာ သုံးစွဲနိုင်စေပါသည်။ Standby သို့မဟုတ် sleep ပြုလုပ်ထားခြင်းသည် ကွန်ပျူတာကို ပြန်လည်အသုံးပြုလိုသည့်အခါတွင် လွယ်ကူလျင်မြန်စွာအသုံးပြုနိုင်ပါသည်။

၉။ Laptop ကိုအေးသောနေရာတွင်ထားရှိအသုံးပြုခြင်း။
Laptop ကို အပူချိန်မြင့်သောအခန်းများတွင် အသုံးပြုပါက Laptop တွင်ပါဝင်သော Fan သည် အပူကို ချေဖျက်ရန်အတွက် အလုပ်ပိုမိုလုပ်ဆောင်ရပြီး Laptop Battery ကို လျင်မြန်စွာကုန်ဆုံးစေပါသည်။ ထို့ကြောင့် Laptop ကို အပူချိန်နည်း၍ အေးမြသောအခန်းများတွင် အသုံးပြုရန်လိုအပ်ပါသည်။

၁၀။ Screen resolution ကိုလျော့ချအသုံးပြုခြင်း။
Screen resolution ကို အနည်းဆုံးသို့လျော့ချအသုံးပြုပါက Laptop ၏ Battery ကို အချိန်ကြာကြာအသုံးပြုစေရန် အထောက်အကူပြုပါသည်။ Screen resolution ကိုလျော့ချရန်အတွက် Desktop ပေါ်တွင် Right click ဖြင့် Properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် Display Properties Panel တွင်းမှ Settings tab သို့ဝင်ရောက်၍ Screen resolution ကိုဘယ်ဘယ်သို့ရွှေ့ ပြောင်း၍ အနည်းဆုံးသို့လျော့ချပေးနိုင်ပါသည်။

၁၁။ Switch off Wireless။
Laptop အများစုတွင် Internet နှင့်ချိတ်ဆက်အသုံးပြုရန်အတွက် Wireless connection ပါရှိပါသည်။ Internet အသုံးမပြုပါက Wireless connection ကို ပိတ်ထားသင့်ပါသည်။ Wireless connection ကိုပိတ်ထားခြင်းဖြင့် Laptop ၏ Battery ကို ကြာရှည်စွာအသုံးပြုနိုင်ပါသည်။

၁၂။ Visual Effects များကိုပြင်ဆင်ပေးခြင်း။
ကွန်ပျူတာတွင် Visual Effects များကိုပြင်ဆင်ပေးခြင်းဖြင့် Laptop ၏ Battery ကို ကြာရှည်စွာအသုံးပြုစေနိုင်ပါသည်။ Visual Effects ကို ပြင်ဆင်ရန်အတွက် my computer ကို Right click နှိပ်၍ properties သို့ ၀င်ရောက်ရပါမည်။ ထို့နောက် advance tab မှ performance ရှိ Settings ကိုနှိပ်၍ ၀င်ရောက်ရပါမည်။ Adjust the appearance and performance of window ကိုနှိပ်၍ Performance Options အတွင်းမှ Visual Effects သို့ဝင်ရောက်ရပါမည်။ “Visual Effects” tab အတွင်း၌ “Adjust for best performance” ကို check ပေးလိုက် သည့်အခါ Visual Effects များကိုပြင်ဆင်ပြီးဖြစ်ပါသည်။

(ထိုသို့ပြုလုပ်ရာတွင် Visual Effects များအားလုံးအလုပ်မလုပ်တော့ဘဲ သာမန်ရိုးရှင်းသည့် Window ပုံစံ ဖြစ်သွားမည့်အတွက် ကွန်ပျူတာကိုလှလှပပဖြစ်စေရန် Effects များကိုအသုံးပြုသူများအတွက် သတိထားရန်လိုအပ်ပါသည်။)

၁၃။ Laptop Battery ကို အားကုန်အသုံးပြုခြင်း။
Laptop Battery ကို နှစ်လလျှင်တစ်ကြိမ်ခန့်  အားကုန်အောင်သုံးစွဲပြီးနောက် ပြန်လည်အားဖြည့်သင့်ပါသည်။ ထိုအချက်သည်လည်း Laptop Battery ကို ကြာရှည်အသုံးပြုနိုင်ရန်အတွက် အထောက်အကူပြုပါသည်။ ကွန်ပျူတာဝယ်သည့်အခါ ပါရှိသည့် Battery နှင့် ပတ်သက်သည့် အညွှန်းကိုလည်း သေချာဖတ်ကြည့်ရန်လိုအပ်ပါသည်။

၁၄။ Background color ရွေးချယ်အသုံးပြုခြင်း။
Background color အသုံးပြုရာတွင် အနက်ကိုအသုံးပြုပြီး Wallpapers များကို ဖြုတ် ထားခြင်းသည်လည်း Laptop Battery ကို ကြာရှည်စွာအသုံးပြုနိုင်ပါသည်။ အဖြူရောင်များကို Background color အဖြစ်အသုံးများလေ Laptop Battery အားကို လျင်မြန်စွာကုန်ဆုံးလေ ဖြစ်ပါသည်။

၁၅။ Battery ကို အားသွင်းနေစဉ် Laptop ကို အသုံးမပြုခြင်း။
Battery ကို အားသွင်းနေစဉ် Laptop ကိုအသုံးပြုခြင်းသည် Battery ၏ အသုံးပြုနိုင်ရန် သတ်မှတ်ထားသည့်ကြာချိန်ကိုလျော့ကျစေနိုင်ပါသည်။ ထို့ကြောင့် Laptop Battery များကို ပထမဦးစွာ အားဖြည့်ပြီးမှသာအသုံးပြုသင့်ပါသည်။


သူငယ်ချင်းတစ်ယောက်ဆီမှ နည်းပညာများကို ပြန်လည်ဝေမျှပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။

Ref: http://mmict.net/index.php?topic=8301.0

Hardisk ထဲက Data တွေကို အပြီးအပိုင်ဖျက်ပစ်ချင်လျှင်...

ဗဟုသုတလေးတစ်ခုပါ.. သိပြီးသားသူတွေကတော့ကျော်ဖတ်သွားလိုက်ပါနော်.. မိမိ Hardisk ထဲက Data တွေကို အပြီးအပိုင်ဖျက်ပစ်ချင်ရင် ဘယ်လိုလုပ်ကြမလဲ.. များသောအားဖြင့်တော့ Shift + Delete လို့ပြောကြမှာပါ..  Shift + Delete လုပ်တာက တစ်ကယ်တမ်း ပျက်မသွားပါဘူး.. Recovery Tool တွေနဲ့ပြန်ရှာရင်ရနိုင်ပါတယ်.. ကဲဒါဆိုနောက်တစ်နည်း Format ချကြည့်လိုက်မယ်.. ဒါဆိုရင်တော့ Recovery Software နဲ့ရှာရင်တော့ နည်းနည်းပြန်ရဖို့ခက်သွားပြီ...သူက Address Table ကိုဖျက်လိုက်တာကိုး.ဒါပေမယ့်လုံးဝမရတာတော့မဟုတ်ဘူးနော် ဆရာ့ဆရာကြီးများနဲ့တွေ့ရင်ပြန်ရနိုင်ပါတယ်..ကိုယ့် Hardisk က သူများလက်ထဲပေးလိုက်ရလို့ ကိုယ် Data တွေကိုဘယ်လိုမှပြန်ဖော်လို့မရအောင်ဖျက်ချင်တယ်ဆိုရင်တော့ Disk Wiping လုပ်ရမှာပါ.. Disk Wiping လုပ်တဲ့ Software တွေရှိပါတယ်.. အောက်မှာနမူနာလေးတစ်ခုပြထားပါတယ်...

:28ဒီနေရာလေးမှာနော်..

အသေးစိတ်လေ့လာချင်တယ်ဆိုရင်တော့ အောက်က Link နှစ်ခုမှာသွားရောက်လေ့လာနိုင်ပါတယ်..

https://www.anti-forensics.com/disk-wiping-one-pass-is-enough/

http://www.webopedia.com/DidYouKnow/Computer_Science/2007/completely_erase_harddrive.asp

အဆင်ပြေကြပါစေ..  :51 :51 :51

Ref: http://mmict.net/index.php?action=forum

Linux command ၁၀ ခု


လူတိုင်းနီးပါ၊ Linux သုံးတဲ့သူမှမဟုတ်ပါဘူး၊ ဘယ် OS ကို သုံးတဲ့သူဖြစ်ဖြစ် command မရိုက်ချင်ကြပါဘူး။ ဒါပေမဲ့ Linux မှာ Command ကို သုံးတာ အလုပ်ကိုတွင်ကျယ်စေပါတယ်။ ရွေးချယ်စရာတွေများတယ်။ စိတ်ချရတယ်။

/usr/bin ထဲမှာ command ပေါင်း ၂၁၉၉ နီးပါး ရှိပါတယ်။ /usr/sbin ထဲမှာတော့ ၃၈၈ လောက် ရှိပါတယ် လို့ (Mandriva Spring 2008) တုန်းက မှတ်ချက်ပြုထားပါတယ်။ အဲဒီ Command တွေ အကုန်လုံးကို မသိတောင် အနည်းဆုံး ၁၀ ခုလောက်တော့ Linux ကို နေ့စဉ် အသုံးပြုနေတဲ့ သူတွေ သိသင့်ပါတယ်။

ကျွန်တော်တို့ အမြဲတမ်းအသုံးပြုနေတဲ့ command တွေရှိပါတယ်။ (cd,ls,rm,etc… (etc က တော့ command မဟုတ်ဘူးနော်)) အဲလောက်တင်လားဆိုတော့ မဟုတ်သေးပါဘူး။ အရမ်း အသုံးဝင်တဲ့ command တွေ ရှိပါသေးတယ်။ ဘယ် linux မှာ ဖြစ်ဖြစ် အသုံးပြုလို့ရပါတယ်။ ကြည့်ကြည့်ပါအုံး။

၁၊ top


“top” ကတော့ အခုလက်ရှိဘာတွေ လုပ်နေလည်း၊ ဘယ် ပရိုဂရမ်တွေ ဖွင့်ထားလည်း၊ ဘယ်ဟာက RAM ဘယ်လောက်သုံးနေလည်း၊ စက်ရဲ့ RAM က ဘယ်လောက်ရှိလည်းဆိုတာတွေအကုန် ပြနေပါလိမ့်မယ်။ တစ်ခုခု အသစ် ဖွင့်လိုက်တိုင်းလည်း အဲဒီ list ထဲမှာ ပြနေမှာပဲ ဖြစ်ပါတယ်။

“top” က သင့်ကို အချိန်နဲ့ တစ်ပြေးညီ သင့်စက် ဘာတွေ လုပ်နေလည်း ဆိုတာကို ပြပေးမှာဖြစ်ပါတယ်။ (#top) ကိုရိုက်လိုက်ရင် အခု လက်ရှိ ကွန်ပြူတာက လုပ်နေတဲ့ အလုပ်တွေ အကုန်လုံးပြပါလိမ့်မယ်။ root က ဘာတွေ လုပ်နေလည်း၊ User က ဘာတွေလုပ်နေလည်း စသည်ဖြင့်။ ဘယ် user က ဘယ် ပရိုဂရမ်ကို အသုံးပြုနေလည်း ဆိုတာကိုလည်း (#top -u username) အားဖြင့် User တစ်ယောက်ချင်းစီ လုပ်ဆောင်ချက်တွေကိုလည်း ကြည့်နိုင်ပါတယ်။

GUI မှာတော့ System Monitor လို့ခေါ်ပါတယ်။ Windows မှာတော့ Task Manager ပါ။ GUI မှာတော့ အမြဲတမ်း အရှေ့ဆုံးမှာ focus ဖြစ်နေပါတယ်။ command မှာတော့ minimize လုပ်ထားနိုင်ပါတယ်။

၂၊ ln

bookmark လုပ်တာပါ။ Network ထဲက Folder ကို ဖြစ်ဖြစ်၊ Server က folder တစ်ခုတည်းကို User အများကြီးက သုံးချင်တယ်ဆိုရင်ပဲ ဖြစ်ဖြစ် ချိတ်ပေးထားနိုင်ပါတယ်။ Network ထဲမှာဆိုရင် လုံခြုံရေးပိုင်း အနေနဲ့လည်း ကာကွယ်ပြီးသားဖြစ်နေပါလိမ့်မယ်။ (ဥပမာ Group တစ်ခုလုပ်ထားပြီး အဲဒီ Group ထဲက user တွေကိုပဲ အဲဒီ Folder ကို read/write ပေးလုပ်မယ်ဆိုသလိုမျိုးပေါ့) GUI (nautilus) မှာ တော့ Bookmark ဆိုတာပါပါတယ်။ Windows မှာဆိုရင် Desktop shortcut လုပ်သလိုမျိုးပါ။

၃၊ tar/zip/gzip/unrar/unzip


ဖိုင်တွေကို ခြုံ့လို့ရမယ်။ ခြုံ့ထားတဲ့ ဖိုင်တွေကို ဖြည်မယ်။ Argument တွေ ပြောင်းလိုက်ယုံနဲ့ အလွယ်တကူ ကိုယ်လုပ်စေချင်တာ လုပ်သွားတဲ့ အတွက် အလုပ်ကို လွယ်ကူမြန်ဆန်စေပါတယ်။ GUI နဲ့ဆိုရင်တော့ Right click > Extract here ပေါ့။

၎၊ nano,vi,emacs
command line text editor ပါ။ nano လား၊ vi လား၊ emacs လား၊ အဲဒီစစ်ထဲတော့ ကျွန်တော်မပါချင်ပါဘူး။ ကြိုက်တာသုံးပါ။ ကျွန်တော်ကတော့ nano သုံးပါတယ်။ တော်တော်များများကတော့ ပြောပါတယ်။ nano က အသုံးသိပ်မတည့်ဘူးပေါ့။ လုပ်လို့ရတယ့် function နည်းတယ်လို့ ပြောကြပါတယ်။ အဲဒါကပဲ ကျွန်တော့်အတွက်တော့ အလွန်ရိုးရှင်းနေတာပါ။ Linux စက်တစ်လုံးကို Administration လုပ်မယ်ဆိုရင်တော့ command line text editor တစ်ခုခုကို မဖြစ်မနေ ကိုင်တွယ် အသုံးပြုတတ်နေရပါမယ်။ GUI မှာတော့ Gvim ဒါမှမဟုတ် gedit ရှိပါတယ်။

၅၊ grep

ဒီ command ကတော့ လူကြိုက်တော်တော်များပါတယ်။ ဖိုင်တစ်ဖိုင်ကို လိုချင်သလို ပိုင်းပိုင်း ဖတ်လို့ရတာပါပဲ။ ဥပမာ httpd.conf ဖိုင်ကို ဖတ်မယ် ဆိုပါဆို့။ အဲဒီဖိုင်က စာကြောင်းရေ ၁၀၀၀ ကျော်ရှိတယ်။ အဲဒီဖိုင်ထဲမှာ ဘယ်နေရမှာ “AccessFileName .htaccess” ဆိုတာရှိသလည်းသိချင်တယ်။

စာကြောင်း ၁၅၃ မှာ ရှိပါတယ်ဆိုပါဆို။ ရိုးရိုး ဖတ်မယ်ဆိုရင် ၁၅၃ ကိုရောက်အောင် down arrow ကို ဖိထားရပါတယ်။ ဖိထားယုံနဲ့တော့မရပါဘူး၊ လိုက်ဖတ်နေရအုံးပါမယ်။ grep သုံးကြည့်ရအောင်။ grep -n “AccessFileName .htaccess” /etc/apache2/apache2.conf ဒါဆို terminal မှာ “153:AccessFileName .htaccess” ဆိုပြီး တန်းပြပါလိ့မ်မယ်။ လွယ်ဘူးလားဗျာ။

GUI မှာ gedit နဲ့ဖွင့်ပြီး Search လုပ်လို့ရပါတယ်။

“grep” က တစ်ခြား command တွေနဲ့လည်း piping (|) နဲ့ခံပြီး တွဲသုံးလို့ရပါသေးတယ်။ ဥပမာ တစ်ခုအနေနဲ့ “ps”(လက်ရှိဘာတွေ run နေလည်းဆိုတာကြည့်တာပါ) နဲ့တွဲသုံးကြည့်ရအောင်။ firefox က အလုပ်ကောင်းကောင်းမလုပ်ပဲ hang နေတယ် ဆိုပါတော့။ firefox ရဲ့ PID ကို ကြည့်ပြီးတော့ firefox ကို ပိတ်ပစ်ချင်တယ်။ “ps aux” ရိုက်လိုက်ရင် Run ထားတာတွေ အကုန်ထွက်လာပါလိမ့်မယ်။ အများကြီးထဲကမှ firefox ကိုလိုက်ရှာနေမလား ကြာပါတယ်။ “ps aux|grep firefox” လို့ပြောင်းရိုက်လိုက်ပါ။ firefox’s process တစ်ခုတည်း မြင်ရပါလိမ့်မယ်။

GUI မှာ System monitor ကနေ ကြည့်လို့ရပါတယ်။

၆၊ chmod

File/folder တွေကို permissions ပြောင်းတာပါ။ Web tool တော်တော်များများမှာ တိကျတဲ့ permissions လိုပါတယ်။ chmod ကို မသုံးခင် w=write,r=read,နဲ့ x=execute ကို အမှတ်ရနေပါ။ ဘယ်ဖိုင်က ဘယ် permissions တွေလိုလည်း သေသေချာချာကြည့်ပါ။ rw- rw- rw- ဆိုရင်တော့ User, Group and Other User အကုန်လုံး read/write permissions ရနေပါလိမ့်မယ်။ အဆင်မပြေပါ။ Other user အတွက် အကန့်အသတ်နဲ့သာဖြစ်သင့်ပါတယ်။ read only ဒါမှမဟုတ် execute only. GUI (nautilus) မှာ တော့ right click > properties > Permissions

၇၊ dmesg

old-school လို့ ကျွန်တော့်ကို ခေါ်ချင်ခေါ်ပါ။ ဒါပေမယ့် device တစ်ခု Linux စက်မှာ တပ်လိုက်တာနဲ့ dmesg ကို အရင်ဆုံးရိုက်ပါတယ်။ သူက kernel buffer တွေအားလုံးကို ပြပါတယ်။ အရေးကြီးပါတယ်။ သိသင့်သိထိုက် တဲ့ information တွေ ဖြစ်တဲ့ system architecture, gpu, network device, kernel boot options used, RAM totals စသည်ဖြင့်ပါ။

နည်းနည်း trick လေးလုပ်ကြည့်ချင်လား။ tail ခံပြီး ရိုက်ကြည့်ရအောင်။ (dmesg | tail -f) ဒါဆိုရင် နောက် ဆုံး လေးငါးကြောင်း ပြပါလိမ့်မယ်။ ဒါပေမယ့် တစ်ခုခု ထူးခြားတိုင်း (စက်ကို အလုပ်တွေများကြီး ခိုင်းထားတဲ့အချိန် ဒါမှမဟုတ် debugging လုပ်နေတုန်းအချိန်) အဲဒီ လေးငါးကြောင်းမှာပဲ အသစ် အသစ်တွေကို မြင်နေရပါလိမ့်မယ်။

၈၊ kill/killall

အခုဆိုရင် Linux kernel က တော်တော့်ကို stability ဖြစ်နေပါပြီ။ kernel နဲ့ မသက်ဆိုင်တဲ့ တစ်ချို့ ဆော့ဝဲ တွေက တစ်ခါတစ်လေ ကြောင်တတ်ပါတယ်။ အဲဒီအတွက် သူ့ကို ဖျက်ထုတ်ပစ်ဖို့(အဲဒီ ဆော့ဝဲကို restart ပြန်လုပ်ပစ်ဖို့ ရပ်ပစ်ပြီး ပြန်စဖို့) လိုပါတယ်။ အဲဒီအတွက် အမြန်ဆုံးနည်းလမ်းကတော့ “kill” ဒါမှမဟုတ် “killall” နဲ့ လုပ်ပစ်တာပါပဲ။ “kill” နဲ့ “killall” ကွာတာကတော့ kill က PID(process ID number) လိုပြီး၊ killer ကတော့ ဆော့ဝဲ နာမည်လိုပါတယ်။

တစ်ခုလုပ်ကြည့်ရအောင်။ ဥပမာ၊ firefox က hang ဖြစ်နေတယ် ဆိုပါတော့။ firefox ကို ရပ်ပစ်ဖို့အတွက် kill ကို အသုံးပြုပါမယ်။ kill ကို အသုံးပြုမယ်ဆိုရင် PID လိုမယ်။ ဘယ်လိုရမလည်း ဆိုတော့ ps aux|grep firefox နဲ့ ကြည့်ရပါမယ်။ PID ကို ps နဲ့မကြည့်ချင်ဘူးဆိုရင်လည်း killall firefox ဆိုပြီး တန်းရိုက်လို့ရပါတယ်။ ဒါပေမယ့် killall က daemons process (Apache,Samba,etc) တွေကို အလုပ်လုပ်ချင်မှလုပ်ပါမယ်။ GUI မှာတော့ System monitor ကနေ kill process လုပ်လို့ရပါတယ်။

၉၊ man

RTFM “Read the Fine Manual” အဲဒီစကားလုံးကို ဘယ်လောက်များများ သင်တွေ့ဘူးပါသလဲ။ ကျွန်တော့်အတွက်တော့ Linux မှာ Manual ဖတ်နေတာထက် manpages ကို ဖတ်လိုက်တာ ပိုအလုပ်ဖြစ်မယ်လို့ ထင်ပါတယ်။ “Read the fine Manpages” ပေါ့။ Manpage တွေက ပုံစံတစ်ခုတည်းနဲ့ ရေးထားတာပါ။ တစ်ခုကို နားလည်အောင် ဖတ်ကြည့်ပြီးသွားပြီဆိုရင် နောက် ဘယ်ဟာကို ဖတ်ဖတ် နားလည်လွယ်လာပါလိမ့်မယ်။ command တိုင်းရဲ argument တွေကလည်း ဆက်စပ်မှုတွေ ရှိနေပါတယ်။

အပေါ်ဆုံး နှစ်ကြောင်းသုံးကြောင်းဖတ်လို့နားမလည်းလည်း ကိစ္စမရှိပါဘူး။ ဆက်ကြည့်သွားပါ၊ detail ကို ရှင်းပြထားတာတွေ လည်း ပါပါတယ်။ Linux command တွေကို အလုပ်လုပ်ဖို့အတွက် အကုန်လုံး အလွတ်ကျက်နေစရာ မလိုပါဘူး။ ဘယ်နားရှိမယ်ဆိုတာပဲ သိယုံနဲ့ အလုပ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ manpages တွေကို ဖတ်တတ်အောင် ကြိုးစားပါ။

၁၀၊ mount/umount


removable media တွေ တပ်မယ်၊ ဖြုတ်မယ်ဆိုရင် သုံးပါတယ်။ boot တက်တာနဲ့ တပ်ဆင်ထားတာတွေကိုတော့ /etc/fstab ဖိုင်မှာ ရေးထားပါတယ်။ mount/unmount ကတော့ root privileges(super user) လိုပါတယ်။ mount command ကို ဘာ arugument မှမထည့်ပဲလည်း ရိုက်ကြည့်နိုင်ပါတယ်။ စက်မှာ ဘယ် devices တွေတပ်ထားလည်း ပြလာမှာဖြစ်ပါတယ်။

အထက်ပါ ၁၀ ခုကတော့ Linux administration အတွက် မရှိမဖြစ်လိုတာတွေပါ။ အဲဒါလေးလောက်ပဲ သိထားတာကိုပဲ တော်တော် အကူအညီရနေပါပြီ။ အလုပ်လုပ်ရာမှာ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ဖြစ်စေပါတယ်။ ဒီ ၁၀ ခုတင်လားဆိုတော့လည်း မဟုတ်သေးပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် လိုအပ်ချက်ချင်းမတူသလိုပေါ့။ liux server ကိုင်နေတာလား၊ ဒါမှမဟုတ် Linux နဲ့ web developement လုပ်နေတာလား၊ တစ်ကိုယ်ရည် သုံးပဲလားဆိုတာမှာလည်း ကွဲပြားမှုတွေ ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော် နေ့တိုင်း အဲဒီ ၁၀ ခုထဲက တစ်ဝက် ကျော်ကျော် ကို အမြဲတမ်း အသုံးပြုရပါတယ်။



ref>>>> www.pcworld.com
နည်းပညာတို့ရဲ့ ဆုံမှတ်များဖိုရမ်

Ubuntu Linux နှင့် ကျွှန်တော်ကြုံတွေခဲ့ရသောအခက်အခဲများ



Ubuntu  Linux 11.10


Ubuntu  Linux ကိုစပြီးသုံးတဲ့သူတိုင်း အခက်အခဲလေးတွေတော့ရှိကြမှာပါ
ကျွန်တော်လည်းတော်တော်လေးတိုင်ပတ်ခဲ့ပါတယ်..ဟီးး.. ဒါပေမဲ့စူးစမ်းလေ့လာချင်တဲ့စိတ်က လည်းထိန်းမရဘူးဆိုတော့
မရရအောင်လုပ်မယ် ဆိုပြီးတော့ လက်မလျော့ပဲ လေ့လာလိုက်ပါတယ် တွေ့ ရပါပြီဘာမှမသိပဲ ရမ်းလုပ်တော့အမှားတွေနဲ့ အရင်ဆုံး
ရင်ဆိုင်လိုက်ရပါတယ် ဘယ်လိုအမှားမျိုးလဲ အများကြီးပါ ကျွန်တော်အရင်ဆုံး သုံးခဲ့တဲ့ နည်းလေးကိုအရင်ပြောပြပါမယ်
နောက်ဆုံးဗားရှင်းဖြစ်တဲ့ Ubuntu  Linux 11.10 ကိုအရင်ဒေါင်းလိုက်တယ် ၁၅ နာရီ ၁၆ နာရီလောက်ကြာအောင်ကို အပင်ပန်းခံပြီးတော့
ဒေါင်းယူလိုက်ရပါတယ်(မှတ်ချက်။  ။မြန်မာပြည်ကဆိုရင်တော့ ဒေါင်းမနေပါနဲ့  အခွေသာဆိုင်ကနေ၀ယ်လိုက်ပါ) ဒေါင်းပြီးသွားတော့
cd ခွေထဲကိုဘမ်းပြီးတော့ထည့်လိုက်ပါတယ် အဲ့မှာပဲစက်ထဲကိုဘယ်လိုငါဘယ်လို တင်ရပါမလဲ ဆိုပြီးတွေးနေ၇တယ် သူ့ ကိုအခွေနဲ့လည်းဘမ်းပြီး
သွားပြီဆိုတော့ စက်ထဲကိုဘယ်လိုအင်စတော့လုပ်ရမလဲဆိုတာမသိတော့ youtube ထဲမှာရှာလိုက်ပါတယ်ကံကောင်းစွာပဲတွေ့ လိုက်ရတယ်
သူဘယ်လိုသွင်းလဲဆိုတာကို ထပ်တလဲလဲနားလည်အောင်ကြည့်လိုက်တယ် အခုကျွန်တော် youtube ထဲကလမ်းညွှန်မူ့ အတိုင်း လိုက်လုပ်ကြည့်ပါတယ်
အဆင်ပြေသွားပါတယ်  Ubuntu  Linux window ကြီးကိုပျော်ရွှင်စွာပဲတွေ့ လိုက်ရတယ် ကျွန်တော်ထင်ထားတာက ရိုးရိုးဝင်းဒိုးတွေလို မြန်မာဖောင့်တွေ
နဲ့ တခြား softwares တွေကို window 7 တွေမှာလိုပဲ Install သွင်းရင်ရမယ်ထင်နေတာ... ဟီးးး 306
တော်တော်စိတ်ညစ်သွားတယ် မြန်မာဖောင့်တောင်မသွင်းတက်တော့ဘူး တခြား vlc player တို့  ဘာတို့တွေကတော့ သူအထဲမှာပါတဲ့ Ubuntu Softwares Center
ထဲမှာအဆင်သင့်ထည့်ထားပြီးသားဆိုတော့ အလွယ်တကူ ပဲ Install ဆိုတာလေးကိုကလစ်ပြီးသွင်းလိုက်ရုံပါပဲ မြန်မာဖောင့် ဇော်ဂျီ ပေါ့ သူကတော့အဲ့ထဲမှာမပါဘူး
စာရိုက်ပြီးသိတဲ့သူတွေကိုမေးဖို့ ကြတော့လည်း မေးထဲကပဲချက်လို့ ရတာရယ် English လိုပဲရိုက်လို့ ရတာရယ်ကြောင့် တိုင်ပတ်နေပါရော ဖုန်းကြတော့လဲမေးထဲကနေ
ခေါ်လို့ ကမရ ပြီးတော့ Ubuntu Linux နဲ့သက်ဆိုင်တာတွေရေးထားတဲ့ဆိုဒ်တွေဝင်ဖက်တော့လည်း မြန်မာလိုကမရဆိုတော့ တော်တော်စိတ်ပျတ်သွားတယ်...
အဲ့ဒါနဲ့ ပဲ ဒီလောက်ခတ်တာမသုံးတော့ဘူးဆိုပြီးတော့ စက်ကို ရီစတက်ချပြီးတော့ သုံးနေကြ window 7 လေးပဲပြန်ဖွင့်ပြီးတော့ သုံးလိုက်တော့တယ်
Ubuntu  Linux window ကိုကျွန်တော်က partation  ခွဲပြီးတော့ တင်ထားတာဆိုတော့ အဲ့ခွဲထားတဲ့partation ထဲကနေ ပြီးတော့ Uninstall နဲ့ ပြန်ဗွမ်းထုတ်လိုက်ရော
စိတ်ကတော့မကုန်နှိုင်သေးဘူးလေ အဲ့ဒါနဲ့ပဲ Ubuntu  Linux window ကို virtual box နဲ့ window 7 ပေါ်မှာပဲသုံးလို့ ရတဲ့နည်းလေးတွေ့ပါပြီ
ဒီကောင်လေးကမဆိုးဘူးပြောရမယ် ပေါ့ဘာလို့ လဲဆိုတော့ window 7 ပေါ်မှာပဲ window နဲ့အတူတွဲပြီးတော့အသုံးပြုလို့ ရနေလို့ ပါ မသိတာကို window 7 က Gtalk ကနေပြီးတော့မေးတယ် ပြီးရင် virtual box ထဲမှာတင်ထားတဲ့ Ubuntu  Linux ကိုကလိတယ် မြန်မာဖောင့်ထည့်တာတော့အဆင်ပြေသွားပြီ ခတ်တာက virtual box
ထဲမှာသုံးရတာက window 7 ပေါ်မှာပဲသုံးနေရတာဆိုတော့ window ကအရမ်းလေးနေတယ် အဲ့မှာပဲ ကိုသူ၇ိန်နဲ့တွေ့ တော့ သူက Usb နဲ့သုံးကြည့်အဆင်ပြေတယ်
ဆိုတာနဲ့ ထပ်ပြောင်းသုံးကြည့်အုံးမယ်ဆိုပြီးတော့ virtual box ထဲမှာတင်ထားတဲ့ Ubuntu  Linux ကိုတော့မဗွမ်းသေးဘဲအဲ့ဒီအတိုင်းလေးထားပြီးတော့ Usb wubi
နဲ့သုံးတဲ့နည်းကိုထပ်စမ်းလိုက်တယ် ဘယ်နေရာမှားသွားလဲမပြောတက်ပါဘူး ၀င်းဒိုးတင်းပြီးတော့ ရီစတက် ချလိုက်တာပြန်တက်လာတဲ့ window က Ubuntu  Linux
ကနေစပြီးတက်ပါရော  window 7 နဲ့သုံးချင်ရင် window 7 နေရာလေးကို arrow နဲ့ ရွှေ့ ပြီးတော့ပြောင်းပေးနေရပါတယ်...:)
ကဲကဲအတိုချုံးပြီးတော့ပဲပြောလိုက်တော့မယ် အဲ့ကောင်ကို မသုံးချင်ဘူး partation ထဲကနေပဲသုံးတော့မယ် ဆိုပြီးစိတ်ကတမျိုးဖြစ်သွားပြီး
ဒီကောင်ကိုလည်းဗွမ်းချင်လာပြန်ပါရော :P ကဲထပ်ဗွမ်းလိုက်ရော ကျွန်တော်ကသူများတွေလို ရိုးရိုးလေးမဗွမ်းပဲ စတန့် ထွင်ပြီးတော့ ဗွမ်းလိုက်တာ
window Restart ကြသွားပြီးပြန်တက်အလာကိုစောင့်နေတာ တက်လာတော့ window 7 ပါမတွေ့ ရတော့ဘူး :)
ကျွန်တော်ထိုင်ငိုချင်သွားတယ် စက်တော့ဆရာမနှိုင်တော့လို့ ဆိုင်ပို့ ရပြီထင်နေတာ ကြည့်အုံလေတက်လာတဲ့ ၀င်းဒိုးမှာကလည်း
စာကတကြောင်းထဲ စက်ခရင်အမဲကြီးအပေါ်မှာ partation 0, dv 0 ဘာညာပေါ့ မထူးပါဘူး ဒီလောက်တောင်အဆင်မပြေချင်တဲ့ Ubuntu  Linux
ထပ်ပြီးတင်မယ်ကွာဆိုပြီး Ubuntu  Linux 11.10 Usb wubi  ကိုစက်ထဲထည့်လိုက်ပြီး ၀င်းဒိုးပြန်တင်ပစ်လိုက်တယ်
အဲ့မှာပဲတော်သေးတယ် စောစောကပျောက်သွားတဲ့ window 7 ကိုတွေ့ လိုက်ရတယ် အဲ့နေရာမှာမေးတယ်ပေါ့ Ubuntu  Linux ကို window 7 နေရာမှာတင်မှာလား
partation ခွဲပြီးတော့တင်မှာလားဆိုတော့ partation ခွဲပြီးပဲတင်လိုက်တယ် ၀င်းဒိုးတင်ပြီးတော့ Restart ချလိုက်တယ်ပြန်တက်လာတဲ့အခါမှာတော့ အရင်ကလိုပဲ
window 7 ပါ မပျောက်သွားပဲ အရင်အတိုင်းလေးကိုပါပြန်တွေ့ လိုက်ရတယ် ပျော်သွားတယ် Ubuntu  Linux ကိုလည်းကောင်းကောင်လေး အသုံးပြုတက်လာခဲ့တယ်
ဆရာအဆင့်တော့မရောက်သေးပေမဲ့ သိထားတာလေးတွေနဲ့ ကြုံတွေခဲ့ရတာလေးတွေကို ကျွန်တော် တင်ပြဆွေးနွေးပေးသွားမှာပါ။

Ubuntu  Linux ကိုစတင်အသုံးပြုမဲ့သူတွေအတွက် အတက်နှိုင်ဆုံးနားလည်အောင် ရှင်းပြပေးသွားပါမယ်။

နည်းပညာတို့ရဲ့ ဆုံမှတ်များဖိုရမ်

Linux ကိုစတင်လေ့လာမည့် သူများအတွက် သိထားသင့်သည့်အချက် (၁၀)ချက်


ကွန်ပျူတာတစ်လုံးကို စတင်အသုံးပြုနိုင်ဖို့အတွက် အလိုအပ်ဆုံးအရာတစ်ခုဖြစ်တဲ့ Computer Operating System တွေ များစွာရှိတဲ့အထဲကမှ ယခုနောက်ပိုင်းမှာ လူသုံးများလာပြီး Open Source System တစ်ခုလည်း ဖြစ်တဲ့ Linux Operatin System အကြောင်းကို စတင်လေ့လာမယ့်သူတွေအတွက် မသိမဖြစ်သိထားသင့်တဲ့ အခြေခံအချက် (၁၀)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ အမှန်တစ်ကယ်တော့ Linux ဆိုတာဟာ---


(၁) Operating System တစ်ခုသာ ဖြစ်ပါတယ်။


Windows & Mac တို့လိုပဲ Linux ဆိုတာဟာလည်း Operating System တစ်မျိုးသာဖြစ်ပါတယ်။ Operating System ဟာ user application တွေနဲ့ hardware တို့အကြား ကြားခံအလွှာတစ်ခုအဖြစ်နဲ့ တည်ရှိနေတာဖြစ်ပြီး နောက်ပိုင်းမှာတော့ web browser အသုံးပြုနိုင်တဲ့ operating system တွေဟာ ပိုမိုနေရာရရှိလာကြပါတယ်။


(၂) Windows မဟုတ်ပါ။

ကွန်ပျူတာနဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိသေးသူတွေအတွက် Windows, Mac နဲ့ Linux တို့ရဲ့ ကွဲပြားခြားနားချက်တွေကို သေချာသတိထားမိမှာ မဟုတ်ပါဘူး။ Operating System တစ်မျိုးချင်းစီရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ အပြုအမူတွေက တူညီလေ့မရှိဘူးဆိုတာကို အသုံးပြုသူတွေအနေနဲ့ သတိပြုထားသင့်ပါတယ်။


(၃) C ဆိုတာ မရှိပါ။

Linux အသုံးပြုသူတွေဟာ ဖိုင်လမ်းကြောင်းနဲ့ ပတ်သက်ပြီး /home/USERNAME (အသုံးပြုသူမှ username အဖြစ်သုံးတဲ့နာမည်) ကိုသာ သိထားဖို့လိုပါတယ်။ Home Directory မှာ Documents, Pictures, Music, Video စတဲ့ Directory တွေပါဝင်ပြီး ဖိုင်တွေကို သိမ်းဆည်းတဲ့အခါမှာလည်း home directory ကိုသိရုံနဲ့ ပြုလုပ်နိုင်ပါတယ်။


(၄) ဆော့ဖ်ဝဲထည့်သွင်းပုံခြင်းမတူညီပါ။

Windows OS မှာဆိုရင် ဆော့ဖ်ဝဲထည့်သွင်းလိုတဲ့အခါမှာ ထည့်သွင်းလိုတဲ့ ဆော့ဖ်ဝဲရဲ့ .exe ဖိုင်ကို double-click ပြုလုပ်ပြီး Install ပြုလုပ်ရပေမယ့် Linux OS မှာ ဆော့ဖ်ဝဲထည့်သွင်းရင်တော့ Ubuntu Software Centre, PackageKit, Synaptic တို့လိုမျိုး Add/Remove Software tool ကိုဖွင့်ပြီး ထည့်သွင်းလိုတဲ့ ဆော့ဖ်ဝဲကို ရှာဖွေကာ Install ပြုလုပ်ရမှာ ဖြစ်ပါတယ်။


(၅) Command Line တွေမလိုအပ်ပါ။

Linux ကို စတင်လေ့လာပြီး အသုံးပြုမယ့် သူတွေမေးလေ့ရှိကြတာကတော့ Command line တွေအသုံးပြုရမှာလားဆိုတာပါပဲ။ Linux user တွေအတွက် command line တွေ အသုံးပြုစရာမလိုပါဘူး။ လုပ်ငန်းအတော်များများကို GUI မှ တစ်ဆင့် ညွှန်ကြားခိုင်းစေခြင်းတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။


(၆) ဗိုင်းရပ်စ်တွေရဲ့ ရန်ကိုလည်း စိုးရိမ်းစရာမလိုပါဘူး။


ကွန်ပျူတာ operating system တွေအတွက် malware နဲ့ ဗိုင်းရပ်စ်တွေရဲ့ အန္တရာယ်ကို စိုးရိမ်ရလေ့ရှိပေးမယ့် Linux operating system ကို အသုံးပြုသူတွေအတွက်တော့ အဆိုပါ အန္တရာယ်ကို လုံးဝစိုးရိမ်စရာမလိုပါဘူး။


(၇) အခမဲ့လည်းအသုံးပြုနိုင်ပါတယ်။

Open Source ဆော့ဖ်ဝဲတစ်မျိုးဖြစ်တဲ့ Linux ကိုအခမဲ့လည်း ရယူအသုံးပြုနိုင်ပါတယ်။ Open Source ဆော့ဖ်ဝဲတွေဟာ လူ့ဘောင်အဖွဲ့အစည်းအတွက်သာမကပဲ တစ်ကိုယ်ရေသုံး ကွန်ပျူတာတွေအတွက်လည်း အသုံးပြုသင့်တဲ့ Operating System တစ်မျိုးဖြစ်ပါတယ်။


(၈) ကြိုက်နှစ်သက်မှုမရှိတော့ရင်လည်း အလွယ်တကူပြောင်းလဲ အသုံးပြုနိုင်ပါတယ်။

Linux အကြောင်းကို စတင်လေ့လာနေသူတွေအတွက် သိထားသင့်တဲ့အချက်တစ်ခုကတော့ Linux OS ဟာ Windows နဲ့ Mac တို့နဲ့ မတူညီဘဲ အကယ်၍များ လက်ရှိအသုံးပြုနေတဲ့ Linux desktop ကိုမနှစ်သက်ဘူးဆိုရင် အလွယ်တကူပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ အသုံးပြုသူစိတ်တိုင်းကျ ကျွမ်းကျင်သလို အလွယ်တကူ ပြောင်းလဲ အသုံးပြုနိုင်တဲ့ operating system တစ်မျိုးဖြစ်ပါတယ်။


(၉) Hardware တွေအားလုံးတော့ အသုံးပြုနိုင်ခြင်းမရှိပါဘူး။

Linux operating system မှာ hardware စနစ်အားလုံးကိုတော့ အဆင်ပြေစွာ အသုံးပြုနိုင်ခြင်း မရှိသေးပါဘူး။ Hardware တွေအားလုံးတော့ မဟုတ်ပေမယ့် multifunction printer တွေ၊ အချို့ wireless card တွေနဲ့ Laptop display တွေမှာဆိုရင် ၎င်းပြဿနာဟာရှိနေဆဲပဲ ဖြစ်ပါတယ်။


(၁၀) Google ကအကောင်းဆုံးအဖော်မွန်ပါ။

တစ်ကယ်လို့များ Linux ကို အသုံးပြုနေရင်းနဲ့ ပြဿနာတစ်စုံတစ်ရာ ပေါ်လာတာပဲဖြစ်ဖြစ်၊ အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီး ပိုမိုသိရှိလိုတာပဲဖြစ်ဖြစ် ဖြစ်ပေါ်လာခဲ့တယ်ဆိုရင် Google search က အကောင်းဆုံး အဖော်မွန်ပဲဖြစ်ပါတယ်။ Google ကနေပြီး Linux နဲ့ ပတ်သက်တဲ့ အဖိုးမဖြတ်နိုင်တဲ့ အကြောင်းအရာ၊ ဗဟုသုတတွေကို ရှာဖွေတွေ့ရှိနိုင်ပါလိမ့်မယ်။




ref  ...   Computer Technical Notes & Sharing Softwares

connection ဖြတ်မယ်

Router ရဲ. ip table ထဲကိုဝင်လိုက်ပြီးတော့ connection identify လုပ်လိုက်ပါ..
ဒါလေးသုံးလိုက် netstat ဒါမှမဟုတ် tcpdump ပေါ့..
ဒါဆိုရင် comment သုံးပြီး ရိုက်ကြည့်ပါ..
connection အကုန်လုံးဖြတ်မည်ဆိုပါက # cutter {ip-adress}{port}  ကိုရိုက်ရမည်..

Sunday, April 21, 2013

Trouser Trouble Summer Demo-APK-(ဘောင်းဘီချွတ်‌တဲ့ ဂိမ်း)(3Mb)



ကမ်း‌ခြေမှာ ‌တွေ့သမျှ ‌ယောက်ျား‌လေး မိန်းက‌လေးများကို ‌ဘောင်းဘီလိုက်‌ချွတ်‌ရမှာပါ ။
အကုန်‌လုံးနီးပါ လိုက်‌ချွတ်‌နိုင်‌မှ ‌နောက်‌ထပ်‌ Level အသစ်‌ကို ကစားနိုင်‌မှာဖြစ်‌ပါတယ်‌။
စိတ်‌ဝင်‌စားတဲ့ ‌ဘော်‌‌ဘော်‌များကစားနိုင်‌ပါပြီ..
Required: O/S: Android:1.6+
Trouser Trouble Summer Demo-APK-အားရယူရန်—-> DOWNLOAD




Thanks; Aung BoBoLwin , bobolwin36@facebook.com

Mini Dash v1.00 Apk Game 28MB

ဒီဂိမ်းလေးကတော့ အက်ရှင်ဂိမ်းကြိုက်တဲ့ သူငယ်ချင်းတွေအတွက် အဆင်ပြေမယ့် ဂိမ်းလေးပါ
သူက မြန်မြန်ဆန်ဆန်သွားလာရမှာဖြစ်ပြီး သွားမယ်လမ်းတိုင်းမှာ အန္တရယ်တွေ စောင့်ကြိုနေပါတယ်
LEVELတစ်ခုတက်လာတိုင်း ပိုပိုပြီးခက်ခဲပါတယ် ဂိမ်းအသစ်လေးပါ
မှာလေ့လာပြီး ကစားမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
download>>>>mirrorupload (or)zippyshare (or)sharebeast
 


Credit: http://www.myanmarmobileapp.com/2013/04/20/mini-dash-v1-00-apk-game-28mb/

photoshop အားလေ့လာချင်သူများအတွက်

http://mmphotoshop.net/

တော်တော်ကောင်းသော ဆိုဒ်တစ်ခုဖြစ်ပါတယ်...
Photoshop သင်ခန်းစာတွေ..tutorial တွေလဲ တော်တော်ကို စုံပါတယ်..
သွားရောက်လေ့လာနိုင်ပါတယ်....
အဆင်ပြေကြပါစေ..

Power DVD 13 ( FullVers. )



Cyber Link ရဲ့ Power DVD ဆိုရင် computer သုံးသူတိုင်း သိကြပါတယ်။

 အခု version 13 ပါ ၊

အထဲမှာပါတဲ့ Patch File ကိုဖွင့်ချင်ရင် Anivirus disable လုပ်မှရမှာပါ ၊။

FullVersion ဖြစ်ကြောင်း သေချာစမ်းပြီးပြီဖြစ်ပါသည် ၊




Size - 121 MB
Link -

:28 ဒီနေရာလေးမှာပါ


IT Group

GiliSoft USB Lock 3.1.0 Full Version

USB ကို လော့ချချင်သူတွေအတွက် အသုံးဝင်မှာပါ မိမိ ကွန်ပျူတာက
Data တွေကို အခြားသူတွေက ကူးယူတာကို မလိုလားသူတွေ
သုံးနိုင်ပါသည်  3.5 MB ပဲရှိပါတယ်...



DOWNLOAD

password=s&s

Ref: http://mmict.net/index.php

Basic & Dynamic Disk

Basic Disk နှင့် Dynamic Disk အကြောင်းရေးထားတာမတွေ့မိလို့ ရေးပေးလိုက်ပါတယ်.. အကြောင်းအရာတူရှိနေရင် ဖျက်ပေးပါ..

နောက်ပိုင်း Windows Versions တွေနဲ့ပဲယှဉ်ပြီးရေးသွားလိုက်မယ်နော်... အကျဉ်းလေးပေါ့

Basic နဲ့ Dynamic ရဲ့သဘောတရားလေးကို အရင်ပြောပါ့မယ်.. Basic ဆိုတာ တည်ငြိမ်တဲ့သဘောရှိပါတယ်.. Dynamic ဆိုတာကတော့ ရွေ့လျားတယ်ပေါ့

ဆိုလိုတာက ကျွန်တော်တို့ Computer တွေမှာပါတဲ့ Hardisk တွေကို Basic Hardisk လို့ခေါ်ပါတယ်.. Removable Disk တွေ USB, ExternalHardisk

တွေကတော့ Dynamic Disk တွေပေါ့..ဒါကတော့ယေဘုယျကိုပြောတာပါ.. ကိုယ်သတ်မှတ်ချင်သလိုပြောင်းလဲလို့ရပါတယ်.. တရားသေတော့မဟုတ်ပါဘူး..

Basic Disk ကတော့ Windows တင်တဲ့ Disk ပေါ့.. Microsoft က သူ့ရဲ့ Windows ကို Dynamic Disk ပေါ်မှာ တင်ရင်ခွင့်မပြုဘူးလို့ကန့်သတ်ထား

ပါတယ်.. ဆိုလိုတာကတော့ အခု Windows တွေက Dynamic Disk ကို Support မလုပ်ဘူးပေါ့.. ဟိုးအရင်တုန်းက Windows တွေမှာတော့ Support

လုပ်ပါတယ်.. နောက်တစ်ခုကတော့ Basic Disk ကနေ Dynamic Disk ကို Restrat ချစရာမလိုဘဲနဲ့ ပြောင်းနိုင်ပါတယ်.. ဒါပေမယ့် Dynamic ဖြစ်နေတဲ့

Volume ကို Basic ဖြစ်အောင်ပြန်ပြောင်းချင်တယ်ဆိုရင်တော့ ဒီတိုင်းမရပါဘူး. First Wiping, Recreate Volume စသည်ဖြင့်လိုအပ်မှာဖြစ်ပါတယ်..

Basic Disk မှာ Primary Partition တွေ Extended Partition တွေ Logical Drive တွေပါဝင်ပါတယ်.. Dynamic Disk မှာကျတော့

Features အသစ်တွေနည်းနည်းပါလာပါတယ်.. Volume တွေအများကြီးကိုစုပေါင်းအသုံးပြုရတဲ့အခါမှာ သိသာပါတယ်.. Array Volume လုပ်တာတွေ

Spanned Volume လုပ်တာ၊ Striped Volume လုပ်တာ၊ Mirror Volume လုပ်တာတွေ၊ Hardisk တွေအများကြီးကို တွဲသုံးရတဲ့အခါမျိုးမှာ တွဲလေ့ရှိတဲ့

RAID 5 တွဲတာမျိုးတွေ ပါလာပါတယ်.. ပုံမှန်ကွန်ပျူတာသုံးမယ်ဆိုရင်တော့ဒါတွေမရှိလည်းဖြစ်ပါတယ်. ဒါပေမယ့် Server တွေထိုင်တော့မယ်ဆိုရင်လို

လာပါပြီ.. အင်တာနက်ဆိုင်က Server ကိုပြောတာမဟုတ်ဘူးနော်.. ရုပ်သံလွှင့်ရုံလိုဟာမျိုးတွေကိုပြောချင်တာပါ.. Data တွေအများကြီးကိုသိုလှောင်ထား

ရမယ့် ဟာမျိုးတွေ Switch တွေအများကြီးနဲ့ အလုပ်လုပ်နေတဲ့ Data Center တွေက Server တွေမှာသုံးတဲ့ Server တွေပေါ့..

ဥပမာဗျာ.. 100TB ရှိတဲ့ Hardisk တစ်ခုလိုချင်တယ်ဆိုပါတော့ ဒါဆိုရင် Hardisk တစ်လုံးတည်းနဲ့မရနိုင်တော့ဘူးလေ.. ---TB ရှိတဲ့ Hardisk တွေ

အများကြီးကို RAID တွဲဖို့လိုအပ်လာပြီဖြစ်ပါတယ်. အဲဒီနေရာမျိုးမှာ ကိုယ်လုပ်ချင်တဲ့အပေါ်မှာမူတည်ပြီးတော့ RAID အမျိုးအစားတွေကိုရွေးချယ်မယ် တွဲသုံး

မယ်ပေါ့.. Windows XP မှာဆိုရင်တော့ Mirror Volume နဲ့ RAID 5 ကို Support မလုပ်ပါဘူး.. ဒါက Dynamic Disk တွေမှာလုပ်နိုင်တာလေးတွေပါ..

ဒီလောက်ဆိုရင် နည်းနည်းလေးတီးမိခေါက်မိဖြစ်လိမ့်မယ်လို့ထင်ပါတယ်.. အဆင်ပြေကြပါစေ..  :51 :51 :51 
ဆက်လက်လေ့လာ လိုသေးရင်တော့ အောက်မှာ Basic & Dynamic Disk အကြောင်းရေးထားတဲ့စာအုပ်လေး ဆက်တင်ပေးလိုက်ပါတယ်

DOWNLOAD

Ref: http://mmict.net/index.php

Printer တွေ service error အတွက်

Printer တွေ service error ဖြစ်တယ်ဆိုရင် ကိုယ်တိုင် ဆော့ဝဲလေးတွေနဲ. ဖြေရှင်းတတ်ဖို. ရည်ရွယ်ပါတယ်။
အောက်မှာဆော့ဝဲလေးတွေကို ပေးထားပါတယ် မိမိ ပရင်တာ နဲ.ကိုက်တဲ့ ဆော့ဝဲလေးတွေကို ယူသွားနိုင်ပါတယ်။ဒေါင်းဖို.အတွက်အောက်မှာ အပြာရောင် လင့်လေးတွေကို နှိပ်ကာဒေါင်းနိုင်ပါတယ်။

Epson T13 printer များ Service Required Error ပြသည့်အခါ Reset ပြုလုပ်ရန် Software
zipဖိုင်ဖြီ၍ AdjProg ကို runပါ..Modelရွေးပါ..Destination မှာ ESP...Port မှာ Epson T13 ရွေးပါ...Particular adjustment mode မှ...waste inpad counter ကိုဝင်ပါ main pad counter မှာ select လုပ်၍ initialization ပြုလုပ်ပါ...error ပြပါက computer & printer အားအပိတ်အဖွင့်ပြုလုပ်၍ အစအဆုံးပြန်လုပ်ပါ...
http://www.mediafire.com/?foq13vpnhm9fa44

Epson TX121 printer များ Service Required Error ပြသည့်အခါ Reset ပြုလုပ်ရန် Software
http://www.mediafire.com/?kfwqpoabp8dz6wt

Epson T11 printer များ Service Required Error ပြသည့်အခါ Reset ပြုလုပ်ရန် Software - win7 မှာသုံးလျှင် properties/ compatibility/ win xp-service pack2 ရွေးပြီးသုံးရန် (Loader ကို Run ပေးရပါမည်)
http://www.mediafire.com/?cf9kdgio9d45v55


Epson R230 Printer များ Service Required Error ပြသည့်အခါ Reset ပြုလုပ်ရန် Software (win7 မှာသုံးလျှင် properties/ compatibility/ win xp-service pack2 ရွေးပြီးသုံးရန်
http://www.mediafire.com/?dqcuxnvj8k30me2

Epson R390 Photo Printer - Service Required Error ပြသည့်အခါ Reset ပြုလုပ်ရန် Software
http://www.mediafire.com/?9g4ap9hlv9pyugc

Epson R1390 Photo Printer - Service Required Error ပြသည့်အခါ Reset ပြုလုပ်ရန် Software
http://www.mediafire.com/?yh5cdm1zimpvdm5

Canon ip1880,ip1980 inkjet printer reset software
1. Power ပိတ်ပါ power cable ရောဖြုတ်ထားပါ
2. Power switch အားဖိ၍ power cable အားပြန်ထိုးပါ
3. Power ပြန်ဖွင့် မီးစိမ်းငြိမ်အောင်စောင့်ပါ
4. General tool.exe ကိုဖွင့်ပါ USB port မှselect လုပ်၍ Device ID ကြည့်ပါ
5. CLEAR WASTE INK COUNTER ပြုလုပ်ပါ (power off - on ပြန်လုပ်ပါ)
http://www.mediafire.com/?nu1k85ebcdvcrdj

Credit to အိုင်တီ-နည်းပညာ-နှင့်-ဖုန်းဆိုင်ရာ